လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုအထွာ (၁)

ဘားနဒ်ရှော ပြဇာတ်

ထောင်မှူးရဲ့ ရုံးခန်းထဲကို ကြိုးဆွဲချ အသတ်ခံရမယ့် အကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ခေါ်ဆောင်လာပါတယ်။

ထောင်ဝန်ထမ်း - ဒီမှာ ဒီနေ့ ကြိုးပေးရမယ့် အကျဉ်းသားပါ။
ထောင်မှူး- ဒါဆိုလည်း သတ်လိုက်တော့လေကွာ။ ဒီကိုဘာလို့ ခေါ်လာတာလဲ။
ဝန်ထမ်း- ကြိုးစင်ကို ဆောက်လို့  မပြီးသေးလို့ပါ။
ထောင်မှူး - မင်းတို့တွေကို မနေ့ကတည်းက ပြီးအောင်ဆောက်ခိုင်းထားတာ ဘယ်လိုဖြစ်တာလဲ။
ဝန်ထမ်း - ဒီလိုပါ။ သစ်သား…။
ထောင်မှူး - ထားပါတော့ကွာ။ အခု မြန်မြန်ပြီးအောင်ဆောက်ကြ။ အကျဉ်းသားကို ဒီမှာခဏ ထိုင်ခိုင်းထား။


ခဏအကြာ ထောင်မှူးက

မှူး - ဟေ့ကောင်တွေ မြန်မြန်ဆောက်ကြကွာ။ ဒီမှာ သေရမယ့်လူက စောင့်နေရတာ အားနာစရာကြီး။
--------------------
မှူး - အေးဗျာ။ ခင်ဗျားလည်း စောင့်ရတာ အားနာစရာကြီးဗျာ။ အပျင်းပြေ သတင်းစာလေးဘာလေး ဖတ်ပါဦး။

အတွေးအမြင် စာစဉ် (၁၇၁) ပါ ဒေါက်တာခင်မောင်ဝင်း၏ `ပြဇာတ်ပညာ´ ဆောင်းပါးမှ။
မူရင်း - ဂျော့ဘားနဒ်ရှော

ကိုယ်တွေ့

ဆရာ။ နေဟာ ကမ္ဘာကြီးရဲ့ အထက်ကနေဖြတ်ပြီး အရှေ့မှအနောက်သို့ သွားလေ့ရှိတယ်။ ထူးခြားတာကတော့  နေ့အခါမှာသာ ဖြတ်သွားလေ့ရှိပြီး ညအခါ လုံးဝ ဖြတ်မသွားတာပဲ။

တပည့်။ အဲလိုမဟုတ်ဘူး ဆရာ။ ကမ္ဘာကြီးက မိမိရဲ့ ၀င်ရိုးပေါ်မှာ ၂၃ ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပတ်နှုန်းနဲ့ လည်ပတ်…

ဆရာ။ တိတ်စမ်း။ မင်းပြောတာက စာအုပ်ထဲကဟာတွေ၊ ဆရာအားလုံးသိတယ်။ ခု ဆရာပြောတာက စာတွေ့မဟုတ်ဘူး။ ကိုယ်တွေ့ကွ . . . ကိုယ်တွေ့။

ကိုထူး။ ဒီဇင်ဘာ ၂၀၀၃၊ စတိုင်သစ်မဂ္ဂဇင်းမှ။

0 comments:

Post a Comment