Skip to main content

ကြက်မကစတဲ့ ဇာတ်လမ်း

ကြက်ဥနှင့် ကြက်မ ဘယ်သင်းက အရှေ့လာသလဲဟု မဲပြာပုဆိုး စကားထာဟောင်း တစ်ခုအား မေးမြန်းခဲ့လျှင် အရွယ်ရောက်ပြီး ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် တစ်ခုခုအား ရွေးချယ်ရပ်တည်ကာ အမိုက်ခံလိမ့်မည်မဟုတ်ဟု မနေ့ကထိ ကျွန်တော် ယုံကြည်ခဲ့ပါသည်။ သို့သော် ယနေ့တွင် ထိုယုံကြည်ချက်အား ဆက်လက်ဆုပ်ကိုင်ထားရန် မဖြစ်နိုင်တော့သည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။ ယခုအခါ ထိုအရာနှစ်ခုထဲမှ တစ်ခုအား ရွေးချယ်ရပ်တည်သူ လူစွမ်းကောင်းများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပဟေဠိအား အဖြေညှိနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ကြေငြာခဲ့ကြသည်။ သူတို့၏ ရပ်တည်ချက်မှာ ကြက်မ ဖြစ်ပါသည်။ ကြက်မသည်သာ အရင်ဦးစွာ ဖြစ်ထွန်းလာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ရှဖှီး (University of Sheffield) နှင့် ၀ါးဝစ်ခ် (University of Warwick) တက္ကသိုလ်တို့မှ အဖွဲ့တစ်ဖွဲ့က Ovocleidin ၊ အတိုကောက် (OC-17) ဟုခေါ်သည့် ပရိုတိန်းဓာတ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အဆိုပါ ပရိုတိန်းဓာတ်သည် ကြက်ဥအခွံ၏ ဖွဲ့စည်းပုံတွင် အရင်းအနှစ်ကျသည့် ဓာတ်တစ်မျိုးဖြစ်သည်။ သန္ဓေလွယ်ထားသည့် ကြက်မ၏ သားအိမ်အတွင်းမှ ၎င်းဓာတ်ကို ထုတ်လုပ်သဖြင့် ကျွန်တော်တို့၏ ကြက်ဥ/ကြက်မပုစ္ဆာအား ဖြေရှင်းပြီးသားဖြစ်ခဲ့ပြီဟု သိပ္ပံပညာရှင်တို့က ဆိုသည်။ အဖွဲ့သားများသည် HECToR ဟုခေါ်သည့် အဆင့်မြင့်ကွန်ပြူတာကို အသုံးပြု၍ ဥခွံတစ်ခု၏ မော်လီကျူးတည်ဆောက်ပုံအား လေ့လာခဲ့ကြသည်။ OC-17 သည် ကြက်မ၏ ကိုယ်ခန္ဓာအတွင်းမှ ကယ်စီယမ်ကာဗွန်နိတ် အသွင်ကူးပြောင်းမှုအား အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်စေသည့် ဓာတ်ပြုပစ္စည်းသဖွယ် ဆောင်ရွက်သည်။ ဤသည်မှာ ကြက်ကလေး ဖွံ့ဖြိုးနေချိန်တွင် ကြက်ဥအနှစ်နှင့်တကွ ၎င်း၏ နူးညံ့လှသည့် အရည်များအား ကာကွယ်ပေးသည့် ကြက်ဥအခွံအား ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။ ယခုအခါ သိပ္ပံရှင်များက ဤအောင်မြင်မှုသည် ပစ္စည်းအသစ်များ ဖန်တီးထုတ်လုပ်ရာတွင် အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

သို့ရာတွင် ကြက်ဥအခွံထုတ်လုပ်သော ပရိုတိန်းဓာတ်အား ပိုင်ဆိုင်သည့် ပထမဦးဆုံးကြက်မသည် မည်သို့မည်ပုံ ဖြစ်ပေါ်လာသနည်းဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်တွင် တစ်စွန်းတစ်စမျှ မပါရှိပေ။ တစ်ဖက်သတ် ပြောချင်ရာပြောပြီး ဖုန်းချသွားခြင်း ခံလိုက်ရသလို ငေါင်ငေါင်ကြီး ကျန်ရစ်ခဲ့ရသည်။ ဤသည်မှာ သိပ္ပံသတင်းတစ်ရပ်သာဖြစ်ပြီး ဒဿနရေးရာနှင့်ပတ်သက်၍ တန်ဖိုးတစ်စုံတစ်ရာ မရှိပါ။ မည်သို့ပင်ဖြစ်စေ ကြက်ဥကြက်မပုစ္ဆာသည် ကလေးငယ်တစ်ယောက်အဖို့ စဉ်းစားတွေးဆစရာ ပြဿနာတစ်ရပ်အဖြစ်သာ ဆက်လက် တည်ရှိနေပါလိမ့်ဦးမည်။ ကြက်ဥအခွံ ဖြစ်ပေါ်စေသည့်ဓာတ် မပြောနှင့် အနှစ်ရော အကာပါမကျန် ကြက်ဥတစ်လုံးလုံးအား (ထုံးစံအတိုင်း “အတု” ပေါ့လေ) ကိုရွှေတရုတ်များ ကောင်းကောင်း ထုတ်လုပ်နိုင်ခဲ့ကြသည်မှာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း အနောက်တိုင်း လောကဓာတ်ဆရာကြီးများ မသိကြလေရော့သလားဟုသာ တွေးနေမိတော့သည်။


◄ တေဇာ ►

Comments

  1. It well depends on which "point of view" you look things from. Pls look at an article 4 years ago. It came up with a totally different conclusion.
    http://www.timesonline.co.uk/tol/news/uk/article726081.ece

    ReplyDelete
  2. Thanks! I followed this link and was asked for subscription fee 1 pound. :P I wonder if you could kindly send me via e-mail this article. It's interesting what you mention 'different conclusion'. I guess, it would more concern with the science rather than philosophical riddle.

    I labeled it as "News" here though I know, I used incorrect way of writing, putting my opinions, viewpoints so that betrayed unique news form.

    ReplyDelete
  3. Here is the article.

    "How two philosophers and a farmer cracked an age-old conundrum"
    'It was the egg that came first, not the chicken, according to a study of the poultry pecking order.'

    By Alan Hamilton

    IT IS the ultimate conundrum of the poultry world, debated by generations of scientists, academics and philosophers.
    Which came first: the oval thing with the hard shell, or the dim-witted, toothless bird that clucks as it crosses the road for no obvious reason? Now two of the best brains in the land (and a chicken farmer) claim to have solved the catch 22. The answer, it has been decreed, is the egg.

    And here follows the science, expressed as far as possible in terms a reasonably educated hen would understand.

    Genetic material does not change during an animal’s life. Therefore, the first bird that evolved into what we would call a chicken, probably in prehistoric times, must first have existed as an embryo inside an egg.

    Professor John Brookfield, a specialist in evolutionary genetics at the University of Nottingham, who was put to work on the dilemma, said that the pecking order was perfectly clear: the living organism inside the eggshell would have the same DNA as the chicken that it would become.

    “Therefore, the first living thing which we could say unequivocally was a member of the species would be this first egg,” he said. “So I would conclude that the egg came first.”

    David Papineau, an academic specialising in the philosophy of science at King’s College London, concurred. In his view, the first chicken came from an egg, which, he claims, proves that there were chicken eggs before there were chickens. Here, the science moves out of reach of the hen-brained. Professor Papineau maintained that people were mistaken if they argued that the first chicken egg was a mutant produced by non-chicken parents.

    “I would argue that it is a chicken egg if it has a chicken in it,” he said. “If a kangaroo laid an egg from which an ostrich hatched, that would surely be an ostrich egg, not a kangaroo egg.”

    It is perhaps best at this difficultjuncture to gloss over the fact that a kangaroo is a marsupial and does not lay eggs in the way that chickens or ostriches do — or all. Rather, it gives birth to a joey.

    Also, a kangaroo bouncing around the Outback would be highly unlikely to come across an ostrich with which to attempt such an unlikely union. These overgrown birds inhabit an altogether different continent.

    Charles Bourns, a chicken farmer and chairman of the trade body Great British Chicken, also favours the egg argument. He said: “Eggs were around long before the first chicken arrived. Of course, they may not have been chicken eggs as we see them today, but they were eggs.”

    If they had been around so long, and were presumably missing their best-before date stamp, they would have been best avoided.

    The “chicken v egg” debate was prompted by the Disney film studio to mark the release of its movie Chicken Little on DVD.

    But the learned discussion poses more questions than it answers. Creationists, for example, will argue that if God created Adam and Eve, he probably had a spare five minutes to knock up a chicken as well.

    Science still has many unanswered questions, such as what existed before space? What do you come to when you pass the restaurant at the end of the universe?

    If a tree falls in the forest and there is no one there to hear it, does it still make a noise? And exactly which law of physics will allow Michael Ballack enough time away from the Chelsea playing field to soend £130,000 a week?

    But the biggest question of all remains unanswered: what laid that first egg, if it wasn’t a chicken?

    ReplyDelete
  4. It's very cool and reasonable article, especially, as it mentioned the same overall problem that remain unsolved, what laid the first (so-called) egg that produced chicken. The facts and speculations in this article make sense while the latest news from Hindustan Times is rather superficial and just a hyperbole in philosophical sense. (just a science news with trickery headline, let me say) Even if this conundrum can be solved scientifically by Darwinism, it's more beautiful, in my opinion, to think about as Catch-22 or a paradox.

    I can't help to say thank you for your helpful hands. :)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ