Skip to main content

Posts

Showing posts with the label Website

ဘာသာစကားအမျိုး (၃၀) ဘာသာပြန်နိုင်တဲ့ Website

ဘာသာစကား နှစ်မျိုးသုံးမျိုးလောက်တတ်တာဟာလည်း အသုံးဝင်တဲ့အရာပါပဲ။ ကမ္ဘာကြီးရဲ့ အရပ်ဒေသအမျိုးမျိုးက လူပေါင်းစုံနဲ့ ပြောဆိုဆက်ဆံနိုင်မယ်မှတ်လား။ ကံမကောင်းတာက အဲဒီအရည်အချင်းဟာလည်း လူတိုင်းမှာ ရှိနိုင်တဲ့ အရည်အချင်းမျိုးမဟုတ်ဘူး။ (အနော့်မှာလဲရှိဝူး) ။ အင်တာနက်ထဲက Websites တွေကို ၀င်ရောက်ကြည့်ရှုရာမှာ တစ်ခါတစ်ခါမှာ ကိုယ်လုံးဝနားမလည်တဲ့ ဘာသာစကားနဲ့ရေးထားတဲ့ Site တွေနဲ့ ထိပ်တိုက် တိုးရတတ်ပါတယ်။ ဒါမှမဟုတ်လဲ တခါတလေမှာ စကားလုံးတစ်လုံးကိုပဲ တခြားဘာသာစကားတစ်ခုခုနဲ့ ဘယ်လိုရေးလဲ၊ ဘယ်လိုအသံထွက်လဲ သိချင်ရုံသက်သက်အခါမျိုးတွေလဲ ရှိတတ်ပါတယ်။ ကျေးဇူးတင်ဖို့ကောင်းတာက Web Page တစ်ခုလုံးကိုပဲဖြစ်ဖြစ် စာလုံးတစ်လုံးထဲကိုပဲဖြစ်ဖြစ် လွယ်လွယ်ကူကူဘာသာပြန်ပေးနိုင်တဲ့ Site တစ်ချို့ ရှိနေတာပါပဲ။ ကဲ.... အခုဘာသာစကားအမျိုးပေါင်း (၃၀) လောက်ကို ဘာသာပြန်ပေးနိုင်တဲ့ Website တစ်ခု မျှဝေပေးလိုက်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ချက်အရ အဆင်ပြေတာကို တွေ့ရပါတယ်။ တခြား Translation ဆိုက်တွေလို အကြာကြီးစောင့်စရာမလိုတာလည်း အားသာချက်တစ်ခုပါပဲ..။ ဆိုက်ကို အသုံးပြုနည်းက အရမ်းရိုးရှင်းပါတယ်။ အပေါ်ဘက်နားမှာ ကိုယ်ဘာသာပြန်ချင်တဲ့စကားလုံးကို ရိုက်ထည့်ဖိ...

ဖုန်းနံပါတ်ကနေ လိပ်စာရှာနိုင်တဲ့ Website!

ဒီ Post က Blog တော်တော်များများမှာ ပါပြီးသားပါ။ ဒါပေမဲ့ အသုံးဝင်တဲ့ဟာလေးဖြစ်လို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ သူက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ထားတဲ့ Official Site ဖြစ်ပါတယ်။ ပြီးတော့ ဖုန်းပိုင်ရှင် နာမည်ကနေလဲ လိပ်စာကို ရှာလို့ရတယ်။ ဒါပေမဲ့ လိုင်းဖုန်းပဲရတာနော်၊ GSM တော့ ရှာလို့မရဘူး။ တစ်ချို့ Entry မ၀င်သေးတဲ့ ဖုန်းတစ်ချို့ရှိပေမယ့် ကျွန်တော်စမ်းကြည့်သလောက် တော်တော်များများတော့ အဆင်ပြေပါတယ်။ G-talk မှာ ကောင်မလေးတွေရဲ့ ဖုန်းနံပါတ် တောင်းပြီး လူလည်ကျလို့ရတာပေါ့။ :P ။ နောက်တာပါဗျာ...ဘာလုပ်မှာလဲ။ အသုံးဝင်တဲ့ Site လေးမို့လို့ပါ။ www.myanmarteldir.com ပါ။ လေ့လာကြည့်နိုင်ပါတယ်...။ တေဇာ

Fake Mail (သို့မဟုတ်) Anonymous Mail ပို့နည်း

Net ပေါ်မှာ Fake Mail ပို့လို့ရတဲ့ Site တွေရှိပါတယ်။ Fake Mail ဆိုတာ Email အတုပေါ့ဗျာ။ ပို့တဲ့လူ ဘယ်သူလဲဆိုတာ ရှာလို့မရအောင် ဖျောက်ထားနိုင်တယ်။ ကိုယ့်ရဲ့ Address မပေါ်ဘူးပေါ့။ ဒါ့အပြင် ကိုယ်ပေးချင်တဲ့ အခြား Address တစ်ခုခုကိုလည်း From နေရာမှာ ပေါ်နေအောင်လုပ်ထားနိုင်တယ်ဗျ။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့ Domain Name နဲ့မှ ရမှာပါ။ ဥပမာ bush@the.government ဒီလိုမျိုး တကယ်မရှိတဲ့ Domain Name ကို သုံးလို့မရပါဘူး။ bush@whitehouse.gov ဆိုရင် သုံးလို့ရပါတယ်။ ဗရုတ်ကျချင်သူများအတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ၊ သူ့ရဲ့ Fake Mail မှာ This is not a real Mail. ဆိုတဲ့ စာတန်းကြီးပေါ်နေတယ်။ အရမ်းသောင်းကျန်းပြီး ဗရုတ်ကျတတ်လူတွေကြောင့် ဒီလိုလုပ်လိုက်ရတာလို့ ပြောတာပဲဗျာ....။ လိပ်စာက www.deadfake.com ပါ။ စိတ်ဝင်စားရင် စမ်းကြည့်ကြပါဗျာ...။ တေဇာ