Net ပေါ်မှာ Fake Mail ပို့လို့ရတဲ့ Site တွေရှိပါတယ်။ Fake Mail ဆိုတာ Email အတုပေါ့ဗျာ။ ပို့တဲ့လူ ဘယ်သူလဲဆိုတာ ရှာလို့မရအောင် ဖျောက်ထားနိုင်တယ်။ ကိုယ့်ရဲ့ Address မပေါ်ဘူးပေါ့။ ဒါ့အပြင် ကိုယ်ပေးချင်တဲ့ အခြား Address တစ်ခုခုကိုလည်း From နေရာမှာ ပေါ်နေအောင်လုပ်ထားနိုင်တယ်ဗျ။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့ Domain Name နဲ့မှ ရမှာပါ။ ဥပမာ bush@the.government ဒီလိုမျိုး တကယ်မရှိတဲ့ Domain Name ကို သုံးလို့မရပါဘူး။ bush@whitehouse.gov ဆိုရင် သုံးလို့ရပါတယ်။ ဗရုတ်ကျချင်သူများအတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ၊ သူ့ရဲ့ Fake Mail မှာ This is not a real Mail. ဆိုတဲ့ စာတန်းကြီးပေါ်နေတယ်။ အရမ်းသောင်းကျန်းပြီး ဗရုတ်ကျတတ်လူတွေကြောင့် ဒီလိုလုပ်လိုက်ရတာလို့ ပြောတာပဲဗျာ....။ လိပ်စာက www.deadfake.com ပါ။
စိတ်ဝင်စားရင် စမ်းကြည့်ကြပါဗျာ...။
တေဇာ
စိတ်ဝင်စားရင် စမ်းကြည့်ကြပါဗျာ...။
တေဇာ
Comments
Post a Comment