I.T.Men ထဲက Blog မလုပ်ခင်စဉ်းစားပါဆိုတဲ့ Post လေးဖတ်ကြည့်မိလို့ပါ။ ကျွန်တော် Blog ကို အခုမှစရေးဖြစ်တာပါ။ Knowledge လဲ သိပ်မရှိပါဘူး။ သူက နံပါတ် (၁) အချက်အနေနဲ့ ရေးမည့်အကြောင်းအရာကို သေသေချာချာစဉ်းစားပါ၊ ကျွမ်းကျင်ပိုင်နိုင်ပါစေတဲ့။ ဒီနေရာမှာ ကျွန်တော် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘာသာ၊ အကြောင်းအရာကို စဉ်းစားကြည့်တော့ တစ်ခုမှမရှိဘူးခင်ဗျ။ ဒါအမှန်အတိုင်းပြောတာပါ။ ကျွန်တော်က တောမရောက်တောင်မရောက်ငနဲပါ။ ကျွန်တော် ရေးမှာတော့ ကျွန်တော့်အကြောင်းပါပဲဗျာ။ ကျွန်တော် ဘယ်ဟာကို ဘယ်လိုထင်တယ်၊ ဘယ်ဟာကို ဘယ်လိုမြင်တယ် ဆိုတာလောက်ပါ။ ဖြစ်ဖြစ်မြောက်မြောက် သိပ်ရှိလှမှာမဟုတ်လို့ သူငယ်ချင်းတို့သိပ်မျှော်လင့်မထားကြစေချင်ပါ။ ရေးတဲ့သူပြောချင်တာကတော့ Blog လုပ်တာ တာဝန်ကြီးတယ်ဆိုတာပါ။ ကိုယ်မပိုင်နိုင်တဲ့ အကြောင်းအရာကို ရမ်းပြီးရွှီးလို့မရဘူး၊ Blog ဖတ်တဲ့လူတွေကြားထဲမှာ ပညာရှင်တွေ၊ တတ်သိနားလည်တဲ့လူတွေ ပါတယ်ဆိုတာပါ။ ဒါဟုတ်ပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော့်မှာ ကျွမ်းကျင်နိုင်နင်းတဲ့ ဘာသာရပ်ဆိုတာ ရှိမှ မရှိတာ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ...။ ထိုင်နေရုံပဲရှိတော့တာပေါ့။
နဲနဲလေးသိတာ (မပြည့်စုံတဲ့ ဗဟုသုတ) ဟာ အန္တရာယ်ကြီးသတဲ့ .... ၊ ဒါဆို ပြောပါဦး ဘယ်သူလဲ လုံလောက်အောင် သိတဲ့ တတ်တဲ့လူ......။
(ကျွန်တော့်ကိုယ်ပိုင် အာဘော်တော့မဟုတ်ပါဘူး။ ပြောတဲ့ဆရာကြီးရဲ့နာမည်ကို မေ့နေတယ်ဗျာ၊ Sorry ပါ၊)
နောက်တစ်ခုသူတင်ပြထားတွေက ကောင်းပါတယ်။ Main Page ကို ဆွဲဆောင်မှုရှိအောင်လုပ်ဖို့တို့ ဘာတို့ပေါ့။ Color အတွဲအစပ်တို့ဘာတို့ပေါ့။ ပြီးတော့ Web Language တစ်ခုခုအနည်းငယ်တတ်ထားဖို့ဆိုတာမျိုး .... တကယ်အသုံးဝင်တဲ့ အချက်လေးတွေပါ။ ကောင်းပါတယ်။ သူငယ်ချင်းတို့လဲ မဖတ်ဖူးသေးရင် လေ့လာကြည့်ပါလို့အကြံပြုပါတယ်။ ရည်ရွယ်ချက်ကတော့ဗျာ... အောင်မြင်တဲ့ Blog တစ်ခုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာပေါ့။ ကိုယ့် Blog ကို Visitor များများရအောင်ဘယ်လိုလုပ်မလဲဆိုတာပေါ့။ စိတ်ဝင်စားသူများ http://itmen.myanmarbloggers.org မှာ လေ့လာကြည့်ကြပါ။ ကျွန်တော့်အနေနဲ့ကတော့ ဆရာတာကြီး (ကိုတာ) ရဲ့ လူကြိုက်မများခြင်းအတွက် ဖြေစရာတို့၊ အသဲကွဲခြင်းအတွက် ဖြေစရာတို့ လိုဆောင်းပါးလေးတွေကို ကြိုက်တဲ့ကောင်ဆိုတော့ လူအများကြီး လာမကြည့်လဲ သိပ်တော့ ခံစားရမယ်မထင်ပါဘူး။ အိုကေပါတယ်။
I.T. နဲ့ပတ်သက်လို့ အသုံးဝင်မယ့် Software လေးတွေ၊ စိတ်ဝင်စားစရာ Websites လေးတွေ နဲနဲပါးပါးတော့ ရှိပါတယ်။ ပြီးတော့ E-books လေးတွေပေါ့။ တင်ပေးပါ့မယ်။ www.questia.com မှာတော့ E-book တွေဖတ်ချင်ရင် လုံးဝ Free ရတယ်ခင်ဗျ။ ပြီးတော့ စုံလဲ တော်တော်လေးစုံတာတွေ့ရတယ်။ တောင်ဖတ်မြောက်ဖတ်ဝါသနာပါရင် စမ်းကြည့်ကြပါ။

Comments
Post a Comment