ရုံးသုံးရော အိမ်သုံးပါ အသုံးဝင်မယ့်နည်းလေးပါ။ Windows XP မှာ ကံမကောင်းစွာပဲ Folder တွေကို ဖွက်ဖို့ အလွယ်တကူသုံးနိုင်တဲ့ Build-in Tools တစ်ခုမှမပါဘူးဗျာ။ အခုကလဲ Hidden File လုပ်တာလေးသိရုံလောက်နဲ့ ကလေးကိုတောင် ညာလို့မရတော့ဘူး မဟုတ်လား။ သူငယ်ချင်းဟာ အလုပ်မှာ Computer တစ်လုံးကို ကိုကိုတတ်သိတွေ၊ ကိုကိုဗရုတ်တွေနဲ့ အတူတူသုံးနေရတယ်ဆိုရင်တော့ Folder တွေကိုဖွက်ချင်ရင် Third Party Software တစ်ခု ၀ယ်သုံးရတော့မယ့် သဘောမျိုးဖြစ်နေပြီ။ ဒီလိုဆို ဒီနည်းလေးကို စမ်းကြည့်ပါဗျာ။ Bat File ပါပဲ။ လွယ်ကူပေါ့ပါးပြီး အသုံးဝင်ပါတယ်။
၁။ Local D ထဲမှာပဲ စမ်းမယ်ဗျာ။ D ထဲမှာ ဖွက်ချင်တဲ့ Folder ကိုဆောက်ပါ။ ဥပမာ... yourname ပေါ့ဗျာ။
၂။ ren yourname yourname.{21EC2020-3AEA-1069-A2DD-08002B30309D} ဆိုတဲ့ စာသားကို Notepad မှာရေးပြီး loc.bat ဆိုတဲ့ ဖိုင်နာမည်နဲ့မှတ်ပါ။
၃။ နောက်တစ်ဆင့်က ren yourname.{21EC2020-3AEA-1069-A2DD-08002B30309D} yourname ဆိုတဲ့ စာသားကို Notepad မှာရိုက်ထည့်ပြီး key.bat ဆိုတဲ့ နာမည်နဲ့ ထပ်မှတ်ပါ။ တစ်ခုသတိထားရမှာက ဒီ Bat File နှစ်ခုဟာ ခုနက ကျွန်တော်တဲ့ ဆောက်ထားတဲ့ yourname ဆိုတဲ့ Folder ထဲမှာ ရှိရမှာမဟုတ်ပါဘူး။ yourname နဲ့ Same Location (D:) ထဲမှာပဲ မှတ်ရမှာပါ။
၃။ ကဲ အခု loc ဆိုတဲ့ File ကို Double Click လုပ်ပါ။ ဒါဆိုရင် ခုန yourname ဆိုတဲ့ Folder ဟာ Control Panel Icon အဖြစ်ပြောင်းသွားမှာ ဖြစ်ပါတယ်။ သူ့ကို ဖွင့်ရင်လဲ Control Panel ဆီကိုပဲ ရောက်သွားမှာဖြစ်ပါတယ်။ သူ့ထဲထည့်ထားတဲ့ အခြား ဘယ် Data ကိုမှ ဖွင့်လို့ရမှာမဟုတ်ပါဘူး။
၎။ ပြန်ပေါ်ချင်ရင်တော့ သိတဲ့အတိုင်း key ဆိုတဲ့ File လေးကို Double Click ပေါ့ဗျာ..။ လွယ်ပါတယ် ဟဲဟဲ...။
ဒီနေ့ရာမှာ တစ်ခုသတိထားသင့်တာက ကိုယ့်ရဲ့ Folder နာမည်ကို Control Panel ထဲမှာရှိတဲ့ Folder တစ်ခုခုနာမည်ပေးရင် ပိုသင့်တော်ပါတယ်။ သူက Control Panel Shortcut လိုမျိုး Icon ပြောင်းထားတာမဟုတ်လား။ ဥပမာ... Fonts တို့ Display တို့လို နာမည်မျိုးပေါ့...။

Comments
Post a Comment