ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့် စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူအမှန်တုန်း ...
ကောင်းသောနေ့ပါနှုတ်ဆက် သွားတဲ့ မနေ့က မကောင်းမှုတွေ အားလုံး ...
အပေါစားမျက်ရည်တစ်စက်နဲ့ လွမ်းတဲ့ ငါ့ရဲ့နှလုံးသား ငိုနေတုန်း ...
အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း ...
ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင် ရှာဖွေနေတုန်း ...
အနက်ဆုံးတွင်းဘာလဲကွ မေးတဲ့ သူဌေးသားမင်းက ဒီကိုလာ ...
အကောင်းဆုံးကားဘာလဲဗျ မေးတဲ့ စားပွဲထိုးလေးရယ် ဆောရီးပါ ...
အနိမ့်အမြင့်လောကဓံများနဲ့ လောက စိတ်ဓာတ်ကျလို့ မနေနဲ့ဦး ...

ဘာမှငါမကြားချင်ဘူး ...
ငါ့ဘ၀ရဲ့အကြောင်းကို ပြောပါ ...
ဘာမှငါ မသိချင်ဘူး ...
ငါ့ဘ၀ကို ငါ့ကို ပေးပါ ...
ဘာမှငါ မတောင်းဆိုဘူး ...
ငါ့ဘ၀ကို ငါ့ဆီ အပ်ပါ ...
သိချင်တယ်လေ တွေ့ချင်တယ် သိချင်တယ်လေ ... တွေ့ချင်တယ်လေ ..
သိချင်တယ်လေ ကြားချင်တယ်လေ သိချင်တယ်လေ ...
ငါဘယ်သူတုန်း .....။
ကိုလေးဖြူသီချင်းတွေထဲက ကျွန်တော် အကြိုက်ဆုံးများထဲမှ တစ်ပုဒ်ပါ .... ။
သူငယ်ချင်းတို့လဲ ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

Comments
Post a Comment