www.famouspeoplelessons.com ပါ။ English စာလေ့လာလိုသူ သူငယ်ချင်းတိုင်း အကြိုက်တွေ့မှာပါ။ သူက ထင်ရှားကြော်ကြားသူတို့ရဲ့ အကြောင်းရေးထားတဲ့ စာပိုဒ်လေးပေးထားပါတယ်။ နောက်တော့မှ Lessons တွေပေးထားပါတယ်။ SYNONYM MATCH,PHRASE MATCH တို့လို ဟိုဘက်ဒီဘက် တွဲပေးရတဲ့ Lesson လေးတွေ၊ LISTENING GAP FILL, CHOOSE THE CORRECT WORD စသည်ဖြင့် သင်ခန်းစာလေးတွေတော်တော်စုံပါတယ်။
ပိုပြီးကောင်းတာက Cybercafe ကနေ Download ဆွဲပြီးတော့ အိမ်မှာ Offline နဲ့ ပြန်လေ့ကျင့်လိုသူများအတွက် Word Document, PDF, MP3 စတဲ့ Format တွေကို ဆွဲနိုင်တာပါပဲ။ Listening Skill အတွက် MP3 Format ကို ဆွဲလိုက်ပေါ့။
ပေးထားတဲ့ Paragraph နဲ့ Lesson တွေက အခက်ကြီးမဟုတ်ပါဘူး။ ပြီးတော့ ထင်ရှားတဲ့ Celebrity တွေအကြောင်းဆိုတော့ စိတ်ဝင်စားမှုကို နိုးဆွစရာမလိုတော့ဘူးပေါ့။ အားနဲချက်လား... ရှိတာပေါ့။ သင်ခန်းစာတွေ နဲနေသေးတာပါ။ A-Z တော့စီထားတာပါပဲ။ ဒါပေမဲ့ (ကျွန်တော်လောဘကြီးလို့လားတော့ မသိဘူး) နဲနေပါသေးတယ်။ ဘာပဲပြောပြော အကုန်ဖတ်နိုင်ရင်တောင် မဆိုးဘူးပြောရမှာပါ။
English စာ လေ့လာကြသူများ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။
တေဇာ

Comments
Post a Comment