Skip to main content

မိန်းမမရတော့မယ်သူငယ်ချင်းအတွက်





အနာဂတ်ကာလအတွက် အိမ်ရှင်မစက်ရုပ်ကလေး
 



အသက်က (၂၀)၀န်းကျင်မျှသာ ရှိဦးမည်။ မျက်နှာလေးက ချောမောပြီး ခန္ဓာကိုယ် အချိုးအစားက (၃၂-၂၃-၃၃)။ နောက်ပြီးတော့ အိမ်မှုကိစ္စ အ၀၀ကိုလည်း တာဝန်ယူထားသေးသည်။ ခင်ပွန်းအပေါ်မှာလည်း အပြုစု၊ အယုယကောင်းသည်။ ထိုသို့သော မိန်းကလေးမျိုး ခေတ်သစ် တော်လေး၀၀င်အဖြစ် ဂုဏ်တင် ခိုင်းနှိုင်းပါက လွန်အံ့မထင်ပါ။ သို့သော်လည်း ထိုမိန်းမချောလေး အေကို(Aiko)သည် လူသားစင်စစ် မဟုတ်ခြင်းကတော့ နှမျောစရာ ကောင်းလှပါသည်။ သူမသည် စက်ရုပ်လေး တစ်ရုပ်ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ လီတရွန်က သူမအား နှစ်နှစ်ကြာမျှ အချိန်ယူပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။



 ကနေဒါနိုင်ငံ၊ အွန်တေရီယိုတွင် နေထိုင်သော ကွန်ပျုတာ ပညာရှင်လီသည် အေကိုအား အလုံးစုံ ပြီးပြည့်စုံသော စက်လူရုပ်ဖြစ်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး ယခုအချိန်ထိ အေကိုအား တီထွင်စရိတ် ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ကျထားပြီးဖြစ်သည်။ လီက သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းနိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ လီသည် အေကိုအား Star Warsရုပ်ရှင်များမှ C3POစက်ရုပ်ကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
အေကိုနှင့်ပတ်သတ်ပြီး တီထွင်သူလည်းဖြစ်၊ ခင်ပွန်းလင်လည်းဖြစ်သော လီက "အေကိုသည် သိပ္ပံပညာနှင့် အလှတရားတို့ ပေါင်းစပ်ထားသည့် ရလဒ်အမြုတေတစ်ခုဖြစ်သည်"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။



အေကိုသည် မနက်စောစောတိုင်း သတင်းစာ ခေါင်းကြီးပိုင်းများကို ခင်ပွန်းသည်အား ဖတ်ပြလေ့ရှိသည်။ ညနေပိုင်းတွင် ညစာအတူ ထွက်စားသည်။ ထို့အပြင် ဇနီးမောင်နှံနှစ်ဦးတို့သည် မြို့ထဲတွင် ကားတစ်စင်းနှင့် မကြာခဏ လျှောက်လည်တတ်ကြောင်း မျက်မြင်များက ပြောဆိုသည်။ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုအတွက် အေကိုတွင် အသုံးပြုထားသော Softwareများက အလိုအလျောက် လှုံ့ဆော်တက်ကြွလာစေကြောင်း ရှင်းပြခဲ့သည်။




ယခုအခါ လီသည် အေကိုအား လူနှင့်ပိုတူလာစေရန် ဆက်လက်တီထွင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည့် ပုဂ္ဂိုလ်ကို ရှာဖွေနေသည်။ အေကိုမှာ ဆီလီကွန်များဖြင့် ဖွဲ့စည်းထားပြီး လူ့အသားအရေနှင့် ချွတ်ဆွတ်တူအောင် ပြုလုပ်ထားသည်။ ၀ိုင်အနည်းငယ် သောက်နိုင်ပြီး အစားအသောက်ကို ကျွေးလည်းရ၊ မကျွေးလည်းရသည်။ နားချိန်မယူဘဲ (၂၄)နာရီ အလုပ်လုပ်နိုင်ပြီး စကားများခြင်း၊ ငြူစူရန်ဖြစ်ခြင်း လုံးဝမရှိသော အေကိုမှာ စံပြအိမ်ထောင်ရှင်မဟု လီက ချီးကျူးခဲ့သည်။



 လီသည် ၎င်း၏တီထွင်မှု နည်းပညာ အဆင့်ဆင့်ကို ဖြန့်ဖြူးပေးရန် ငြင်းဆိုခဲ့ပြီး အလုံးစုံ ပြီးပြည့်စုံပြီဟု ယူဆရမှသာ နည်းပညာပိုင်း ဖွင့်ထုတ်ကြေညာမည်ဟု ပြောကြားသွားသည်။
လီက ၎င်း၏ဇနီးအား လာရောက် ကြည့်ရှုကြသည့် လူအများတွင် မိန်းမများက အေကိုနှင့် စကားပြောချင်ကြပြီး ယောက်ျားများကမူ အေကိုအား ကိုင်တွယ်ကြည့်လိုကြောင်း ရယ်မောပြီး ရှင်းပြနေချိန်တွင် စက်ရုပ်ဇနီးလေး အေကိုကမူ ခင်ပွန်းသည် လီ၏နေအိမ်အား သန့်ရှင်းရေးလုပ်ရင်း မအားမလပ်နိုင် ရှိနေဆဲပင်။



အေကိုအား ယခုထက်ပိုသည့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီးပါက လူသားအကျိုးပြု အိမ်အကူစက်ရုပ်များ တီထွင်နိုင်မည့် ခေတ်တစ်ခေတ်ကို ချဉ်းနင်းဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း လီကအဆုံးသတ် ပြောဆိုသွားခဲ့သည်။ အေကိုအား ဖန်တီးတီထွင်ခဲ့သည့် လီက ၎င်းအတွက် အဓိကစိန်ခေါ်မှုမှာ အေကို လမ်းလျှောက်နိုင်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိမ်ရှင်မ စက်ရုပ်လေးအေကိုနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက www.projectaiko.com တွင်လည်း သွားရောက် လေ့လာနိုင်ကြောင်း သိရသည်။









ဒီအကြောင်းကတော့ လျှောက်ပြောရမှာပဲဗျ။ အေကိုလိုမျိုး စက်ရုပ်မအကြောင်းကို ကျွန်တော် Science Fiction တစ်ချို့မှာ ဖတ်မိဖူးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်ရေးထားတယ်ပဲ ထင်မိခဲ့တာ။ အခုတော့ သူပြောတဲ့ www.projectaiko.com ကိုဝင်ကြည့်တော့ တကယ်ဖြစ်နေတာတွေ့ရတယ်။ ဒီကိစ္စက အပေါ်ယံကြည့်ရင်တော့ စိတ်လှုပ်ရှုားအံ့အားသင့်စရာထင်ရပေမယ့် ကျွန်တော့်အမြင်တော့ ပြဿနာမီးခွက်ထွန်းရှာတဲ့ကိစ္စပဲခင်ဗျ။ လူ့ကျင့်ဝတ် (Ethics) နဲ့ အများကြီးညိနေတယ်။ ကျွန်တော် သေသေချာချာ (Research) လုပ်ပြီး ဆောင်းပါးတစ်ပုဒ်ရေးမယ် စိတ်ကူးမိပါတယ်။ လောလောဆယ်မှာတော့ အလုပ်တစ်ဘက်နဲ့ Post တွေ ရေးတင်နေရတာမို့ အချိန်မရဘူးဖြစ်နေပါတယ်ဗျာ။

ဒီနေရာမှာ မြန်မာပြည်ကသူငယ်ချင်းတစ်ချို့ကိုတော့ အားပေးချင်ပါတယ်။ ဘာမှမပူနဲ့သူငယ်ချင်းတို့ ဒီ Project အောင်မြင်သွားလဲ ကျွန်တော်တို့အတွက် သိပ်ထူးလာမှာမဟုတ်ဘူး။ ဈေးကမတန်တစ်ဆဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ၀ယ်နိုင်မှာမဟုတ်တာ သေချာတယ်။ ပေါချောင်ကောင်း China Made တွေထွက်လာလို့ ၀ယ်သုံးမိပြန်ရင်လည်း ခဏလေးနဲ့ ပျက်သွားလို့ စိတ္တဇဆေးရုံ သွားကုနေရပါဦးမယ်။ ပြီးတော့ ကျွန်တော်တို့က လိုင်းကားတိုးစီးနေရတာ။ သူ့ကိုခေါ်သွားမိလို့ ဟိုလူကိုင်ကြည့်ဒီလူကိုင်ကြည့်လုပ်နေရင် မခက်ဘူးလား။ စိတ်ဆိုးရလဲအခက်။ တော်ပါပြီဗျာ။ သေသေချာချာလေ့လာပြီးမှပဲ ကျင့်ဝတ်ပိုင်းဆိုင်ရာအမြင် (Ethics) နဲ့ ကျွန်တော် ရေးပါ့မယ်။ လူသားအနာဂတ် အဓွန့်ရှည်ပါစေဗျာ။
တေဇာ...။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ