ပထမဦးဆုံး ကျွန်တော့် Post ခေါင်းစဉ်နဲ့ ပတ်သက်လို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ ဒီနေရာမှာ ကျွန်တော် မည်သူ့ကိုမှ တိုက်ခိုက်လှောင်ပြောင်ချင်တဲ့ စိတ်ထားမရှိပါဘူး။ တကယ်လို့ Insulting Words အနေနဲ့ မြင်ခဲ့လို့ရှိရင် ခွင့်လွှတ်ပေးပါ။ ထာဝရဘုရားဆိုတဲ့စကားလုံးကို ကျွန်တော် သဘာဝတရားနဲ့ ထပ်တူထားပြီးသုံးထားခြင်းဖြစ်ပါတယ်။ ညိနေတဲ့ကာရန်လေးကို မစွန့်ပစ်ရက်နိုင်တာနဲ့ သုံးမိလိုက်ပါတယ်။ သဘာသာတရားနဲ့ လုံးဝမဆိုင်ပါခင်ဗျား။
အခုတလော နိုင်ငံတကာသတင်းတွေဖတ်လိုက်တိုင်းလဲ မကောင်းတဲ့သတင်းတွေကများနေတယ်။ အီရတ်မှာ ဗုံးပေါက်တဲ့သတင်းကတော့ ထားပါတော့။ ရိုးနေပါပြီ။ ဥရောပမှာ ဆီးနှင်းအလွန်အကျွံကျလို့ အအေးလွန်ပြီးသေကြတာတို့လို သဘာဝတရားဖေါက်ပြန်တာတွေ သတိထားမိလောက်အောင် ပိုများလာသလိုပါပဲ။ ကျွန်တော်တို့ဆီမှာတောင် အခုတလော တော်တော်အေးလာတာ သတိထားမိပါတယ်။ ရာသီဥတုက ပူတဲ့ရာသီမှာ ပိုပူလာပြီး၊ အေးတဲ့ရာသီမှာလဲ ပိုအေးလာတာ သိသာလာပါတယ်။

း-) လွန်ခဲ့တဲနာရီပိုင်းတုန်းက ပြောသွားခဲ့တဲ့ စကားလေးပဲ။
ReplyDelete