Skip to main content

“အများအကျိုး...၊ ကုလားအကျိုး”

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေ့ရှုနှင်လော့။

ဒီဆောင်ပုဒ်ကို ခုတလော Gtalk Status မှာ တွေ့တွေ့နေရတယ်။ တင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာတော့ ရင်းနှီးမှုမရှိလို့မသိရဘူး။ ဆောင်ပုဒ်နဲ့ပတ်သက်ပြီးလည်း ဘာမှ ပြောစရာတော့မရှိပါဘူး။ ဒါပေမဲ့ တွေးမိတဲ့အချက်တွေတော့ ရှိနေတယ်။ “အများအကျိုး” ဆိုတဲ့ စကားလုံးက အလွန်အမင်း ခမ်းနားကြီးကျယ်နေသလိုပဲ...။ You have to learn to crawl, before you learn to walk ဆိုသလိုပဲ လမ်းမလျှောက်တတ်ခင် တွားသွားအရင်သင်ဖို့တော့ ကြိုးစားသင့်တယ်။ ငါဆေးလိပ်ဖြတ်ပြီးပြီလား၊ အရက်ဖြတ်ပြီးပြီလား၊ ဒါမှမဟုတ် အိမ်အပြန်မေမေ့အတွက် မုန့်ဟင်းခါးဝယ်သွားရင်ကောင်းမလား၊ အဖေခိုင်းထားတဲ့ကိစ္စလေး လုပ်လိုက်ဦးမှပါပဲစသဖြင့်...။

ဟုတ်ပြီ... တစ်ဘက်ကပြန်ပြောပြီ။ မော်စီတုန်းလည်း ဆေးလိပ်သောက်တာပဲ။ ချာချီကြီးလည်း ၀ိုင်ကြိုက်တာပဲ...။ သူတို့ အများအကျိုး အတွက် မလုပ်ခဲ့ဘူးလား...။ အများအကျိုးအတွက်မဟုတ်ခဲ့တောင် သူတို့နိုင်ငံသူတို့လူမျိုးအတွက် အရာထင်အောင်လုပ်နိုင်ခဲ့တယ် ဆိုတာ ငြင်းမရဘူး။ ဒါတွေ မရှောင်သည့်တိုင်အောင် အများအကျိုးဆိုတာ ဆောင်ရွက်နိုင်ပါတယ်။ သို့သော် သူတို့လို ဆောင်ရွက်နိုင်တဲ့ အခြေအနေ (ခေါင်းဆောင်ပိုင်း) မရောက်ခင် အဆုတ်ကင်ဆာနဲ့မရှောသွားဖို့၊ ယမကာလုလင် ဖြစ်မသွားဖို့တော့ မိမိကိုယ့်ကိုအရင် ဆင်ခြင်ဖို့ လိုသေးတယ်။

“အများအကျိုး” သယ်ပိုးဆောင်ရွက်တာ ကောင်းပါတယ်။ (ဒါတောင် ကိုယ့်လူမျိုးအကျိုးဟာ၊ သူများလူမျိုးအကျိုးနဲ့ ပြောင်းပြန် (Contrary) အချိုးကျနေတတ်တဲ့ ခြွင်းချက်ရှိပါသေးတယ်။ နာဇီပါတီနဲ့ ဂျူးလူမျိုးရဲ့ဖြစ်ရပ်ကို ကြည့်နိုင်ပါတယ်) ခက်နေတာက အဲဒီ “အများအကျိုး” ဆိုတဲ့ စကားလုံးကို လက်လွတ်စပယ်၊ ပရမ်းပတာ သုံးတာပါပဲ။ မိမိတတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်လေး ဆောင်ရွက်ရုံပါပဲ။ အများအကျိုးတွေ၊ ကုလားအကျိုးတွေပြောနေရခြင်းရဲ့နောက်ကွယ်မှာ... မိမိကိုယ်တိုင်ရဲ့ ဂုဏ်၊ ကျော်ကြားမှု စတာတွေကို တပ်မက်တဲ့စိတ်ကို ကြည့်တတ်မြင်တတ်ရင် တွေ့နိုင်ပါတယ်။ သာဓကအနည်းငယ် ထုတ်ပြရရင်... “သဘာဝပတ်ဝန်းကျင်သမားအချို့” ....။ လူတွေစည်းကမ်းမရှိဘူး...၊ အမှိုက်တွေ စွန့်ပစ်ကြ၊ သစ်ပင်တွေခုတ်ကြ၊ ပြီးရင်ပြန်မစိုက်.... သစ်ပင်တစ်ပင်ခုတ်လိုက်တာ ဂေဟစနစ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာ အသိဉာဏ်ကင်းမဲ့ကြ...။ ဒါတွေကို လမ်းညွှန်ချင်လို့ စာပေနဲ့လမ်းညွှန်ပြပြီး အများအကျိုးဆောင်နေကြပါတယ် ဆိုသူများ...။ ဟုတ်ပြီ.... သစ်တစ်ပင်ခုတ် ထောင်သုံးနှစ် (မဖြစ်မနေ) ချပါ။ (မည်သည့်လာဘ်ဘေးလာဘ်ယူမှုမျိုးမှ လက်မခံပါ) ပလတ်စတစ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကို အခွန်တိုးကောက်ပါ (သို့) ပိတ်ပစ်ပါ။ ပြည်ပက ၀င်တယ်ဆိုလည်း အင်ပို့ မသွင်းပါတော့နဲ့။ ဒါနဲ့တစ်ပြိုင်နက်ထဲမှာ ပလတ်စတစ်အိတ်နေရာမှာ ဘာနဲ့အစားထိုးမလဲဆိုတာလည်း မဖြစ်မနေ အစားထိုးပေးဖို့ စဉ်းစားရမယ်။ ဗန်ဒါရွက်တန်သည် ဗန်ဒါရွက်၊ သတင်းစာစက္ကူတန်သည် သတင်းစာစက္ကူ စသည်ဖြင့်...။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်ပါတယ်ဆိုတဲ့ စက်ရုံတွေကို သင့်တင့်လျောက်ပတ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ကန့်သတ်ပါ။ “လုပ်ဆောင်နိုင်စွမ်းရှိသူများ လုပ်ဆောင်ရင် ပိုမိုထိရောက် အကျိုးရှိပါလိမ့်မယ်”။

ဒါတွေကို မျက်ကွယ်ပြုပြီး၊ မိုက်လိုက်တဲ့ကလေးတွေ...၊ အသိဉာဏ်နည်းလိုက်ကြတဲ့ကလေးတွေ...၊ လိမ္မာရေးခြားရှိအောင် ငါတော့ ပြောဆိုဆုံးမမှ... ဆိုတဲ့လေသံ၊ အချိုးမျိုးတွေ မမြင်ချင်မှအဆုံးပါ...။ ပြည်သူပြည်သူ...၊ ပြည်သူတွေ ရင့်ကျက်မှုမရှိသေး...၊ ပြည်သူတွေတုံးလို့အလို့ညံ့လို့....၊ ပြည်သူတွေ အတိတ်က မှားခဲ့လို့.... စသည်ဖြင့်... သူ့ဘာသာ စားဝတ်နေရေး ရတက်မအေးနိုင်အောင် ရုန်းကန်နေရတဲ့ ပြည်သူတွေပဲ ကလောင်စွမ်းပြပြီး လက်ချာရိုက်နေတဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်အကြောင်းပြုပြီး ပြည်ပခရီး ဘယ်နှစ်ကြိမ် ထွက်ဖို့ အခွင့်အရေးရခဲ့တယ်ဆိုတာတွေ၊ နိုင်ငံရေးမှာ ဂျော့ဘွရှ်ရဲ့ အလဲထိုး (Knock out) ခံလိုက်ရပြီး၊ ဂဠုန်ဆားချက် အကြံနဲ့ “စိတ်မသက်သာစရာ အမှန်တရား” (Inconvenient Truth) ရိုက်လိုက်တာ.. နိုဗယ်ဆုပါ ဆွတ်ခူးတဲ့အထိ အောင်ပွဲခံလိုက်နိုင်တဲ့ အယ်ဂိုးလ် ဆိုသူ...။ အကြောင်းအရင်းကို ခြေခြေမြစ်မြစ် သိရှိကြဖို့လည်းလိုပါတယ်။ ဒါ အများအကျိုး တံဆိပ်ကပ်ပြီး ပုဂ္ဂလိကအောင်မြင်မှုရှာ၊ ဂုဏ်သိက္ခာဖန်တီးတဲ့ သာဓကတစ်ချို့ ထုတ်ပြတာပါ။ ပညာတတ်ဆန်ဆန် လိမ်လည်မှုတွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ်နိုင်တာကို သတိပြုမိစေချင်ပါတယ်။ အများအကျိုး၊ လူသားအကျိုး၊ ပြည်သူ့အကျိုး ဆိုပြီး တံဆိပ်ကြီးကြီး ကပ်ထားတတ်ကြတယ်...။

ကျွန်တော့်ကို ဘေးထိုင်ဘုပြော ခနိုးခနဲ့လုပ်နေတဲ့ကောင်လို့ထင်ခဲ့ရင်လည်း ကိုယ်သွားရမယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့် ယှဉ်ပြီးတော့သာ မဖဲ့မစောင်း သွားကြပါလို့ တိုက်တွန်းပါတယ်။

(မှတ်ချက်။ ကုလားအကျိုးဟူသောစကား သုံးနှုန်းထားရာတွင် စော်ကားသောလေသံ မပါဝင်ပါ။ ကျွန်တော်ကိုယ်တိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်သူဖြစ်ပြီး “ကုလား” ဟူသော အသုံးအနှုန်းသည် ရိုင်းစိုင်းခြင်းမရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံမှ ကုလားလူမျိုးများ အထင်မလွဲမှားစေရန်အတွက်ပါ...)

(ဒီပို့စ်မှာ ပြင်ဆင် ဖြည့်စွက်စရာတွေ ရှိပါသေးတယ်...)

◄ တေဇာ ►

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ