Skip to main content

♥ လူနှစ်ယောက်စကားပြောခြင်း

သူငယ်ချင်းတစ်ယောက်နှင့် Gtalk တွင် အလွတ်သဘော Chat ထားခြင်းများကို ဆင်ဆာမလုပ်ဘဲ ပြန်လည် ဖော်ပြထားခြင်းဖြစ်ပါသည်။ လက်တမ်းရိုက်ထားသည်များသာဖြစ်၍ အဆီအငေါ်တည့်ချင်မှ တည့်ပါလိမ့်မည်။ Chat နေသည့်အချိန်က ဤသို့ပြန်လည်ဖော်ပြဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ ဆရာကြီးအချို့၏ နာမည်များကို “ဆရာ” “ဦး” စသည်ဖြင့် တပ်မရေးခဲ့ခြင်းမှာ Chatting ၏ သဘာဝကြောင့်သာဖြစ်ပြီး၊ မလေးစားသည့်သဘော မပါဝင်ကြောင်း အသိပေးလိုပါသည်။ “ကျွန်တော်ပြောထားသောစကားများ” ဖြစ်ပါသည်။
◄ တေဇာ ►

arkar:
စာတွေ ရေးကြတယ် အားလုံးပေါ့ အဲ့ဒီမှာ ဘာတွေ ရေးရင်ကောင်းမလဲ ခင်ဗျ
oo.tazar: ဘလော့ဂ်ကို Topic တစ်ခုအောက်မှာ လမ်းကြောင်းတစ်ခုအောက်မှာ၊ မူတစ်ခုအောက်မှာ ရေးကြပါတယ်....၊ဒါပေမဲ့ ကျွန်တော်ကတော့ မူမရှိပါဘူး...၊ ရေးချင်တာရေးပါတယ်....၊ ပြီးတော့.. Blogger အသိုင်းအ၀ိုင်းနဲ့လည်း နီးစပ်မှု မရှိပါဘူး....၊ အကြမ်းဖျင်းအားဖြင့်... နည်းပညာပိုင်း၊ အနုပညာ ကဗျာ..၊ စာပေ...၊ စသည်ဖြင့် ရေးကြပါတယ်...၊ နိုင်ငံရေးလည်း ရေးကြပါတယ်....၊


arkar: အဲ့ဒါတွေ အားလုံးနဲ့ ကင်းအောင်ရေးမယ် ဆိုရင် :?
oo.tazar: ရပါတယ်....၊
ကိုယ်ရေးအထုပ္ပတ္တိလို ရေးရင်လည်း ရပါတယ်...၊
ရတာကတော့ ဗျည်း ၃၃ လုံးနဲ့ ရေးလို့ရတဲ့ဟာမှန်သမျှ ရေးနိုင်ပါတယ်...၊
arkar:
ဘာအတွက် ရေးတယ်လို့ ခံယူထားပါသလဲ ကိုတေဇာ ဥပမာ ရေးချင်လို့ ရေးတယ်ဆိုတဲ့ အဖြေကခွဲထွက်ပြီး ပြောချင်တာလေးများ ရှိမလား...
oo.tazar:
ကျွန်တော် ဘလော့ဂ်တစ်ခု တည်ဆောက်နေတာ၊ မဟုတ်ပါ...၊ ဘလော့ဂ်နဲ့သာ ကျွန်တော့်ကိုယ်ကျွန်တော် တည်ဆောက်နေတာပါ။
arkar:
ဟုတ်ကဲ့ အစ်ကို ဘလော့ ရေးတဲ့ အခါ မှာ စိတ်က တစ်ခုခုကို ဦးတည်နေသလား ဒါမှ မဟုတ် စိတ်သက်သာ ရာတစ်ခု အဖြစ် ရေးသားမိသလား ဆိုတာလေးကိုကော ပြောပြနိုင်မလား ခင်ဗျ.။
oo.tazar:
ဖြေလွှတ်လိုက်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး...၊
ဒါပေမဲ့ ကျွန်တော်ရေးခဲ့တာလေး တစ်ချို့ အဲဒီမှာ ရှိနေတယ်...၊
ဒီလောက်ပါပဲ...၊
ပြီးတော့.... အုပ်စုဖွဲ့နေတဲ့ Blogger အစုတွေနဲ့လည်း မပတ်သက်ပါဘူး...၊
Isolated ပါ...၊
arkar:
ဟုတ်ကဲ့ခင်ဗျ ဆက်ပြီးတော့ သိချင်တာလေးကလေ အဲ့ဒီလို ရေးသားဖြစ်သွားတဲ့လမ်းစရဲ့ အခြေခံ အချက်အလက်ကလေးများ ပြောပြနိုင်မလားခင်ဗျာ.။
oo.tazar:
အခြေခံအချက်အနေနဲ့...၊
ကျွန်တော် စာရေးဝါသနာပါတယ်...၊ တစ်ဆက်တည်းမှာ စာရေးလည်း အရမ်းပျင်းပါတယ်၊
ဗလာစာရွက်တစ်ရွက်မှာ ရေးချဖို့ တော်တော် ၀န်လေးပါတယ်....၊
ဒါပေမဲ့.... typing ကျတော့ ပလူပျံအောင်ကို မြန်ပါတယ်... (ကြော်ငြာ )
ပြီးတော့ စာရေးရတာလည်း...၊
ကွန်ပြူတာနဲ့ပဲ ရေးတတ်တယ်...၊
(ဒါမှ ၀ါကျအထားအသို ရှေ့နောက်ပြောင်းရင် Copy & Paste ပဲ သုံးလို့ရမှာလေ..)
(စာရေးမကျွမ်းလို့)

arkar:
ဟုတ်ကဲ့ ခင်ဗျ ခဲဖျက်မလိုတာလဲ ပါမှာပေါ့နော်

oo.tazar:
အဲ... နောက်တော့....
ကျွန်တော် တွေးထားတာလေးတွေရှိတယ်...၊
အဲဒါတွေကို ချရေးချင်တယ်...၊
ကျွန်တော့် အယူအဆတွေရှိတယ်...၊
တစ်ချို့တွေ ရေးမထားမိရင် ပျောက်သွားရော...၊
အခုလည်း ဖြစ်ဖြစ်မြောက်မြောက် မရေးနိုင်သေးပါဘူး...၊
သူများစာတွေတင်တဲ့ကိစ္စကတော့....၊
ကျွန်တော် အရမ်းနှစ်သက်တဲ့ စာတွေကိုသာ ကျွန်တော် ကိုယ်တိုင် Typing ရိုက်ပြီးတင်ထားတာပါ
လွယ်လွယ်ကူကူ ကော်ပီကူးပြီးတင်ထားတာ မဟုတ်ပါဘူး....၊
အထူးသဖြင့် “မြင့်သန်း” ဟာ ကျွန်တော် အနှစ်သက်ဆုံး မြန်မာစာရေးသားသူပါ....၊

arkar:
ဒါပေမယ့် လေ ကျွန်တော သတိထားမိတာ တစ်ခုက ဘယ်လိုပြောမလဲ Tone တစ်ခု အနေနဲ့ပေါ့ ကိုရေးတဲ့ စာမှာ ပါလာတဲ့ အကြောင်းအရာနဲ့ ဇာတ်ကောင်တစ်ချို့ကို လက်လှမ်း မမှီတဲ့ စာဖတ်သူတွေ ရှိမယ်ဆိုရင် ကိုဖန်တီးတဲ့ စာတစ်ပုဒ် အတွက် ကိုယ့်အတ္တကို အခြေခံနေတယ်လို့ ဆိုနိုင်မလား အဲ့ဒီအမြင်လေးလဲ ဖြေပေးပါဦး

oo.tazar:
ဟုတ်ပါတယ်....၊ အဲဒီအဖြေက... “အနုပညာသည် ပြည်သူအတွက်လား၊ အနုပညာသည် အနုပညာအတွက်လား” ဆိုတဲ့ အရမ်းကျယ်ပြန့်တဲ့ အယူအဆတစ်ခုဆီ ပြန်ရောက်သွားပါပြီ....၊
ဟုတ်နိုင်ပါတယ်.....၊
လူအများစု ခံစားလို့မရတာတွေ ရှိပါတယ်....၊
လက်တစ်ဆုပ်စာ... လူတစ်စုလောက်ပဲ ခံစားလို့ရတဲ့စာတွေ ရှိပါတယ်....၊
အဲဒါကတော့ အနုပညာသည် အနုပညာအတွက်လို့ ရည်ညွှန်းသလိုပေါ့....၊
ပြည်သူအများစုကြီးအတွက် ရေးမယ်ဆိုရင်တော့....၊
ဟာသ တစ်ပုဒ်ဖြစ်ဖြစ်...၊ ၀တ်မှုန်ရွှေရည်မွေးနေ့ပွဲ... ဖိုးလပြည့်တက်ရောက်တဲ့သတင်းဖြစ်ဖြစ်...၊
ဒါတွေ ရေးနိုင်ပါတယ်....၊


arkar:
အဲ့ဒီလို စာဖတ်အားတွေ သန်ခဲ့ပြီး ရေးသားသူတစ်ယောက် အနေနဲ့တော့ ကိုယ်ဖတ်ခဲ့တဲ့ စာတွေ စာလုံးလေးတွေက လွှမ်းမိုးနေမယ် အရိပ်မိနေမယ် ဒါပေမယ့် ကိုယ်ပိုင်ဟန် အဖြစ်ရေးသား သွားနိုင်ကြတယ်။ အဲ့ဒီလို စာဖတ်အားကောင်းဖို့ အတွက် ဘယ်စာရေးသူများရဲ့ စာအုပ်တွေကို ဖတ်ပါသလဲ ခင်ဗျာ


oo.tazar:
တစ်ခုရှိတာက အောင်မြင်ထင်ရှားတဲ့ ဘလော့ဂ်တစ်ခုရေးမယ် ဆိုရင်တော့ ခုနပြောသလို Trend တစ်ခုခု ရွေးမှ အဆင်ပြေပါလိမ့်မယ်...၊
စာကို ကျွန်တော် ရွေးမဖတ်ပါဘူး...၊
ပြီးတော့.... အားတင်းကြိတ်မှိတ်ပြီး ပြီးအောင်ဖတ်ရတဲ့..... စာတွေကို မဖတ်ပါဘူး...၊
ကျွန်တော့်အတွက်သက်တောင့်သက်သာရှိတဲ့စာတွေကိုပဲ ဖတ်ပါတယ်....၊
နာမည်နဲ့တကွပြောရရင်တော့...၊ ငယ်ငယ်ထဲက အစဉ်အတိုင်းဖြစ်အောင် ကြိုးစားပြီးပြောရရင်...၊
မင်းသိင်္ခ၊ ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်း၊ ထင်လင်း၊ ဖေမြင့်၊ ကျော်မြသန်း၊ လင်းရောင်တင်၊
လင်းယုန်မောင်မောင်၊ မောင်ထွန်းသူ၊
တက္ကသိုလ်စိန်တင်၊
စာနယ်ဇင်းအနေနဲ့ ကျော်ဝင်း၊ မောင်စူးစမ်း၊
ဇော်ဇော်အောင်၊ ကိုတာ..၊
မြင့်သန်း၊
ပါရဂူ၊ မြသန်းတင့်
အများကြီးပဲခင်ဗျ၊


arkar:
စွဲလန်းတဲ့ အကြောင်းအရာများရော ရှိပါသလား။ ဥပမာ ဒါနဲ့ ပတ်သက်တယ်ဆိုရင် ငါဖတ်ကြည့်လိုက်ဦးမှပါ ဆိုတဲ့ ဟာမျိုးပေါ့။

oo.tazar:
ရှိပါတယ်ခင်ဗျ..၊ စွဲလန်းမိတဲ့ဟာလည်း တော်တော်များပါတယ်...၊
ဝတ္ထုအနေနဲ့ဆိုရင်.... လျှို့ဝှက်ဆန်းကြယ် လိုဟာမျိုးလေးတွေ ကြိုက်ပါတယ်...၊
ဒါပေမဲ့ ဖြစ်ဖြစ်မြောက်မြောက်ရှိလှအောင် ကောင်းတဲ့ ၀တ္ထုမဖတ်ဖူးပါဘူး...၊
ရွှေဥဒေါင်း၊ ဒဂုန်ရွှေများတို့ရဲ့ ဘာသာပြန် သည်းထိတ်ရင်ဖိုလေးတွေကို...၊
အလွန်သဘောကျခဲ့ပါတယ်....၊
ခုနောက်ပိုင်းတော့ အဲလိုမျိုးဝတ္ထုတွေ မရှိတော့ပါဘူး
ပညာရပ်ပိုင်းအနေနဲ့တော့ စိတ်ပညာ၊ အတွေးအခေါ်၊ဒါတွေက ကျွန်တော့် Favorite Topic တွေပါ


arkar:
ဒီခေတ်မှာ ကွန်ပြူတာနဲ့ စာရိုက်တာ အဆင်ပြေနေတော့ စာတိုပေစလေးတွေ ၀တ္တုတိုလေးတွေ လက်တည့် စမ်းလာတာ တွေ့ရပါတယ်။ မဂ္ဂဇင်းစာမျက်နှာများထက် အရသာရှိ တဲ့ စာမျိုးတွေကိုလဲ တွေ့ရပါတယ်

oo.tazar:
မှန်ပါတယ်

oo.tazar:
တချို့ပေါပေါလောလော ရေးထားတဲ့စာတွေဟာလည်း မဂ္ဂဇင်းစာမျက်နှာတွေ ထက်မှာ ပါတတ်ပါတယ်...၊
ပါလေ့ရှိတယ်ဆိုပိုတောင်မှန်ပါလိမ့်မယ်....၊
စာကိုမကြည့်ဘဲ လူကိုကြည့်တယ်လို့ သတင်းများ ကြားသိရပါတယ်...၊
ကိုယ်တိုင်တော့မဟုတ်ပါဘူး...၊
ကျွန်တော်ရေးတာတွေကိုတော့ မဂ္ဂဇင်းတိုက် မပို့ဖူးပါဘူး

arkar:
သူတို့တွေရေးသားမှုအတွက် စာအထာအသို စကားလုံး အထားအသို တွေကို ရေးချင်ပေမယ့် ဆက်ရေးမရလို့ ရပ်ထားရတဲ့ လူတွေ အတွက် ငါရေးလိုက်တာ ကဲ့ရဲ့ကြမလား မသိဆိုတဲ့ အတွေးတွေ ပျောက်စေဖို့ အတွက် ကိုတေဇာ ဘယ်လို စကားမျိုး ပြောချင်လဲ
ကျွန်တော်နဲ့ကိုတေဇာဆိုရင်လက်ရဲ ဇက်ရဲနိုင်တယ် ဆိုပါတော့ဗျ
အဲ့ဒီ အတွက် နည်းနည်းပြောပေးပါလား။

oo.tazar:
စာရေးတယ်ဆိုတာ... တကယ်တော့ အလေ့အကျင့်ပါခင်ဗျ...၊
များများရေးတဲ့လူကတော့ ပိုဖတ်ကောင်းတာလေးတွေ ရေးနိုင်လာတာပါပဲ...၊
ကျွန်တော်ကိုယ်တိုင် စာရေးမကောင်းသလို
စာရေးကောင်းအောင်လည်း မကြိုးစားဖူးဘူးခင်ဗျ...၊
လိုရင်းရောက်အောင်ရေးနိုင်ဖို့က အဓိကလို့ထင်ပါတယ်...၊
ကျွန်တော် ဆရာကြီးရွှေဥဒေါင်း ရေးဟန်ကို ကြိုက်ပါတယ်..၊
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်... တို့ ရေးဟန်ကို မနှစ်သက်ပါဘူး..၊
ခုတောင် ပြောနေရင်းနဲ့ ဆိုလိုရင်းပျောက်သွားဘီ...၊
ကျွန်တော်လို့ အရေးအသား ခပ်ညံ့ညံ့ကောင်တောင်မှ.... စာရေးညံ့လှချည်ရဲ့လို့... ရှုတ်ချသံ တစ်ခါမှ မကြားဖူးပါဘူး... (စိတ်ထဲထားကြလို့ပဲဖြစ်မယ်)
အတွေးက အရေးကြီးပါတယ်ခင်ဗျ....၊
ရှုထောင့်က အရေးကြီးပါတယ်ခင်ဗျ၊
ဒီနေ့ထမင်းစားတဲ့အကြောင်းကို ရှုထောင့်ပြောင်းပြီးရေးမယ်...
ရေသွားကူးရင်း ၀င်လာတဲ့အတွေး စသည်ဖြင့်...၊
အတွေးရှင်းရင် အရေးရှင်းတယ်ဆိုတာ.. ဆရာကြီးတစ်ယောက်ပြောတာ မှတ်သားဖူးပါတယ်..၊
ကိုယ်ဘာရေးရမယ် မသိဘဲနဲ့တော့... စာကောင်းတစ်ပုဒ် ထွက်မလာနိုင်ဘူးထင်တယ်...၊
တချို့ ဆရာသုမောင်၊ ဆရာမင်းလူ၊ ဆရာမောင်ဝဏ္ဏတို့ဆို.. ဘာမဟုတ်တဲ့အကြောင်းအရာကိုတောင်..၊
ရှုထောင့်၊ အတွေးကောင်းကောင်းလေးနဲ့.... ဖတ်ရတာ အရသာပါအောင် ရေးနိုင်ကြတာပေါ့..၊
ဒီတော့ “ရေးပါ” လို့ပဲ ပြောချင်ပါတယ်...၊
နှစ်လုံးထဲပါ...(ကျွန်တော်က လေရှည်နေတာပါ)

arkar:
နောက်ဆုံးမေးခွန်း တစ်ခု အနေနဲ့ ခင်ဗျ
ခု ဒီဆိုဒ်လေးမှာ ရေးသားနေကြတဲ့ စာတွေ ဆွေးနွေးချက်တွေ ကဗျာတွေကို ရေးသားသူများအားလုံးကို လေးစားမှု တစ်ခုအနေနဲ့ ပြောချင်တဲ့ စကားလေး များရှိမယ်ထင်ပါတယ်။ ဘယ်လို အမျိုးအစားကို မဆိုရေးသားသူများ အားလုံးအတွက် တစ်ခုခု ပြောပေးနိုင်မလား။


oo.tazar:
အဲ.. ဒါက အင်တာဗျူးတွေမှာ.. နောက်ဆုံးမေးတတ်တဲ့ မေးခွန်းတစ်ခုပဲ...
“ကြိုက်တာသာလုပ်ပါ၊ ခင်ဗျားလုပ်တာ.. မှန်ပါတယ်”
ကြိုးစားပါ၊ အားပေးပါတယ်၊ စသည်ဖြင့် မှာကြားစရာစကား တစ်လုံးတစ်လေမှ ကျွန်တော့်မှာ ရှိမနေပါခင်ဗျား.....။ Welcome ပါ။

arkar:
ကျေးဇူးတင်ပါတယ်

Comments

  1. နှစ်ကိုယ့် တစိတ် မဟုတ်ဘူးဆိုတာ ယုံပါတယ်...။ ကြိုက်ပါတယ်...

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ