နင်နဲ့အတူ အိပ်နေသလိုဖြစ်အောင်
ဒီ အိပ်ယာရဲ့ တစ်ဖက်ခြမ်းမှာပဲ
ငါအိပ်တယ်၊ ငါ အတော်လေး မြန်ခဲ့ရင်
ငါဟာ ဘေးနားက ငါ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်၊
ငါ့ကိုယ်ငါ ထိတွေ့ရိုက်ခတ်ပေါ့၊ ငါ့ကိုယ်ပိုင်
အရိုးတွေထဲက အပြာရောင်ကို သစ္စာဖောက်၊ ငါ့ကိုယ်ပိုင် နားရွက်ထဲ ၀င်သက်ရှိုက်
နင် ငါ့ကို ထားသွားခဲ့၊ ဒီနေရာမှာ လဲလျောင်းရင်း ငါ့ကိုယ်ငါနဲ့ ရှိနေရဖို့ပဲ
ငါလည်း နင့်ကို စွန့်ခွာခဲ့၊
တစ်ယောက်က မေးတတ်တယ်
နင့်ခန္ဓာကိုယ်ဟာ ငါ့ဟာနဲ့ လဲဖို့ တန်ရဲ့လားတဲ့
ငါ့ ညစ်ညမ်းမှုကလည်း အမြဲတမ်း မာနနဲ့၊
နင်ရော အိပ်ယာကို နွေးနေအောင်
ကိုယ့်ကိုယ်ကိုယ်နဲ့ အတူ အိပ်တတ်တဲ့ ယောက်ျားတစ်ယောက်ကို
အလိုရှိပါ့မလား၊ နင့်ကို ငါက
မိုးခေါင်အပြီး ရေကြီးချင်နေတဲ့ ကမ္ဘာလို လိုတာ။
တေဇာ (လရောင်လမ်း)
Image: http://www.fantom-xp.com
Multiple Man: Guest-starring me & you
by Gary Jackson ကို ဆီလျော်သလို။

Comments
Post a Comment