`အလံ´
မုန်တိုင်းနဲ့
လေပြင်းတွေ တိုက်တော့လည်း
တလူလူနေလို့ရတာပေါ့
နော့…။
`တန်ပြန်မှု´
ရပြီ..
ပစ်ချလိုက်လိုက်လို့ ရပြီ…
ထန်းလက် ရှိနေပြီ
ကာကွယ်ခွင့် (တစ်ခုခု) ရခဲ့ဖို့သာ
လိုတာ
ဒီလိုငါက ပြန်ခြိမ်းပြပါမယ်။
`ကမ်းမဆိုက်´
ကမ်းခြေကို မြင်နေရပြီ
ကူးထား… (တဲ့)
ကျွန်တော်က ငါးတစ်ကောင်ဆိုရင်ရော..?
`သိုးမဲ´
သိုးတော့ သိုးပဲ
သို့သော် သိုးမဲ
မှောင်ချင်လည်း မှောင်ပေါ့
အုပ်စုထဲ
ငါ့အရောင်တော့ ထင်ရှားပစေ…။
`ကြောင်နှင့် စကားပြောခြင်း´
ငါဟာ
ရန်သူလား
လူဆိုးလား
အရိုင်းအစိုင်းလား
ပြောစမ်းပါဦး ပူစီလေးရယ်
ငါ့မှာ စိတ်ကောင်းရှိရဲ့လားလို့…။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၉) ၂၀၁၀
မုန်တိုင်းနဲ့
လေပြင်းတွေ တိုက်တော့လည်း
တလူလူနေလို့ရတာပေါ့
နော့…။
`တန်ပြန်မှု´
ရပြီ..
ပစ်ချလိုက်လိုက်လို့ ရပြီ…
ထန်းလက် ရှိနေပြီ
ကာကွယ်ခွင့် (တစ်ခုခု) ရခဲ့ဖို့သာ
လိုတာ
ဒီလိုငါက ပြန်ခြိမ်းပြပါမယ်။
`ကမ်းမဆိုက်´
ကမ်းခြေကို မြင်နေရပြီ
ကူးထား… (တဲ့)
ကျွန်တော်က ငါးတစ်ကောင်ဆိုရင်ရော..?
`သိုးမဲ´
သိုးတော့ သိုးပဲ
သို့သော် သိုးမဲ
မှောင်ချင်လည်း မှောင်ပေါ့
အုပ်စုထဲ
ငါ့အရောင်တော့ ထင်ရှားပစေ…။
`ကြောင်နှင့် စကားပြောခြင်း´
ငါဟာ
ရန်သူလား
လူဆိုးလား
အရိုင်းအစိုင်းလား
ပြောစမ်းပါဦး ပူစီလေးရယ်
ငါ့မှာ စိတ်ကောင်းရှိရဲ့လားလို့…။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၉) ၂၀၁၀
အလံ ကဗျာကိုကြိုက်တယ်
ReplyDeleteကြောင်လေးကတော့ လူကို လူအတိုင်းပဲ မြင်မှာပေါ့...နော့။
ReplyDelete