လိင်ရမ္မက်စိတ်ခေါ် Libido ဟူသော ဝေါဟာရအား `စိတ်သရုပ်ခွဲ´ (Psychoanalysis) ဖခင် ဇီးဂမွန်ဖရွိုင်း (Sigmund Freud) က လိင်ပိုင်းဆိုင်ရာ မောင်းနှင်အား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဗီဇစိတ်ကို ညွှန်းဆိုရန် စတင်သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ မောင်းနှင်အားသည် ပြင်းအားအထွဋ်အထိပ်သို့ ရောက်ရှိရန် တဖြည်းဖြည်း တည်ဆောက်ခြင်းအားဖြင့် ပုံပေါ်လာပြီးနောက်တွင် ရုတ်တရက် စိတ်လှုပ်ရှားမှု လျော့နည်းသွားခြင်းဖြင့် အဆုံးသတ်သည်ဟု သူက ဆိုသည်။
အဆိုပါဖြစ်စဉ်အား သူ၏ လူနာများမှ လေ့လာခဲ့ပြီး အစာစားခြင်း၊ ရေသောက်ခြင်းနှင့် ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသည့် အထွေထွေသော လုပ်ဆောင်ချက်များတွင် အဆိုပါစိတ်သည် ယေဘုယျ အဆင်သဏ္ဌာန်အနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု ဖရွိုင်းက ကောက်ချက်ဆွဲသည်။ အကျိုးဆက်အားဖြင့် အဆိုပါအပြုအမူများအား သူက လိင်ပိုင်းဆိုင်ရာ (၀ါ) လိင်ရမ္မက်စိတ်နှင့်ဆိုင်သော အပြုအများသာဖြစ်သည်ဟု သူက သတ်မှတ်ခဲ့၏။
အဆိုပါဖြစ်စဉ်အား သူ၏ လူနာများမှ လေ့လာခဲ့ပြီး အစာစားခြင်း၊ ရေသောက်ခြင်းနှင့် ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသည့် အထွေထွေသော လုပ်ဆောင်ချက်များတွင် အဆိုပါစိတ်သည် ယေဘုယျ အဆင်သဏ္ဌာန်အနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု ဖရွိုင်းက ကောက်ချက်ဆွဲသည်။ အကျိုးဆက်အားဖြင့် အဆိုပါအပြုအမူများအား သူက လိင်ပိုင်းဆိုင်ရာ (၀ါ) လိင်ရမ္မက်စိတ်နှင့်ဆိုင်သော အပြုအများသာဖြစ်သည်ဟု သူက သတ်မှတ်ခဲ့၏။
ဖရွိုင်းအနေဖြင့် သူ၏ အဆိုပါ လိင်ရမ္မက်စိတ်သီအိုရီအား ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန် စိတ်ဝင်စားခဲ့ပြီး ၎င်းအား လူသား၏ အင်အားအကြီးမားဆုံးနှင့် အခြေခံအကျဆုံး ဗီဇစိတ်အဖြစ် သူက ရှုမြင်ခဲ့သည်။ လိင်ရမ္မက်စိတ်သီအိုရီ ဖွံ့ဖြိုးတိုးတက်မှုတွင် များစွာသော ထူးခြားကွဲပြားမှုများနှင့် ပုံသဏ္ဌာန်တိတိကျကျ သတ်မှတ်နိုင်သော အဆင့်များ ပါဝင်သည်ဟု သူက ယုံကြည်ခဲ့သည်။
လူမမယ်ဘ၀တွင် လိင်မောင်းနှင်အားသည် ပါးစပ်တွင် အားပြုပြီး မူလအားဖြင့် စုတ်ယူခြင်းဖြင့် ပြသလေ့ရှိသည်ဟု သူက ဆိုသည်။ ဤအဆင့်အား လိင်ရမ္မက်စိတ်၏ ပါးစပ်အဆင့်ဟု သတ်မှတ်သည်။ နှစ်နှစ်နှင့် သုံးနှစ်သား ကလေးဘ၀တွင်မူ ကလေးငယ်သည် အိမ်နောက်ဖေးကိစ္စများအား လုပ်ဆောင်စပြုလာပြီး စအိုပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များသို့ ပြောင်းလဲကာ စိတ်ပါဝင်စား အရသာခံတတ်လာသည်။ ဤအဆင့်အား ဖရွိုင်းက စအိုအဆင့်ဟု သတ်မှတ်သည်။
ထို့နောက် အရွယ်ရောက်ပြီးအဆင့်တွင်သော် လိင်အင်္ဂါများဆီသို့ တဖန် အာရုံစူးစိုက်မှု ပြောင်းလဲသွားပြန်သည်။ ထိုဖွံ့ဖြိုးမှုကာလအပိုင်းအခြားကို Phallic Stage ခေါ် လိင်ရမ္မက်စိတ်၏ အရွယ်ရောက်ရင့်သန်လာမှု အဆင့်အဖြစ် သတ်မှတ်သည်။
ဖွံ့ဖြိုးမှု၏ အဦးဆုံးအဆင့်တွင် လိင်မောင်းနှင်အားသည် ပထမတွင် လိင်ဆန့်ကျင်ဘက် မိဘအပေါ်တွင် အားပြုပြီး မိဘအပေါ်ထားရှိသော ကလေးငယ်တစ်ဦး၏ အတွေ့အကြုံအား စိတ်လှုပ်ရှားဖွယ် အရောင်အသွေးများဖြင့် ဖြည့်ဆည်းထားသည်။ အထိမ်းအကွပ်မရှိသော လိင်ရမ္မက်မောင်းနှင်အားကို မိဘများမှ ပိတ်ပင်တားမြစ်ခြင်းအားဖြင့် အစိတ်အပိုင်းသုံးပိုင်း ပါဝင်ဖွဲ့စည်းထားသော လူသားစိတ်၏ ဖွံ့ဖြိုးမှုဆီသို့ ဦးတည်သွားစေသည်ဟု ဖရွိုင်းက ယုံကြည်သည်။ ထိုအစိတ်အပိုင်းသုံးခုမှာ အိုင်ဒီ (ID)၊ အတ္တ (Ego) နှင့် မဟာအတ္တ (Superego) တို့ဖြစ်ကြသည်။ အိုင်ဒီအား သူက အခြေခံ ဗီဇစိတ်နှင့် မောင်နှင်အား အစုအဖွဲ့ (လိင်ရမ္မက်စိတ်လည်းပါဝင်ပြီး ရန်လိုခြင်း စသည့် အခြားမောင်းနှင်အားများလည်း ပါဝင်သည်) အဖြစ် ကောက်ချက်ဆွဲပြီး လုပ်ငန်းကိစ္စရပ်များအား အစပြုနှိုးဆော်ရန် လိုအပ်သည့် စိတ် စွမ်းအင်ကို ဖြည့်ဆည်းပေးသည်ဟု ဆိုသည်။
အတ္တသည် အကောင်အထည်ဖော်သော လုပ်ဆောင်ချက်ဖြစ်ပြီး နေ့စဉ် လိင်ရမ္မက်စိတ် ပြည့်ဝကျေနပ်ခြင်းနှင့် လူမှုရေးအရ လက်ခံနိုင်သော၊ လက်လှမ်းမီသော နည်းလမ်းများဖြင့် အခြားသော စိတ်ဆန္ဒများအား ညွှန်ကြားသည်။
မဟာအတ္တသည် သင်ယူတတ်မြောက်ထားသည့် အတွင်းသား လူမှုစံနှုန်း အပြုအမူဖြစ်သည်။ တားမြစ်ပိတ်ပင်ထားသည့်၊ အပြစ်ပေးနိုင်သော အပြုအမူများအား သိရှိခြင်း ပါဝင်သည်။ နိုးထနေစဉ်ကာလအတွင်း အားကောင်းသည့် ဘောင်များသည် အဆိုပါရပ်ဝန်းသုံးခုကြား ခွဲကန့်ထားပြီး အိပ်ပျော်နေစဉ်နှင့် စိတ်ကူးယဉ်နေသည့်အခါတွင်မူ အားနည်းသွားတတ်သည်။ ထိုသို့သော အချိန်မျိုးတွင် ပုံမှန်အနေအထားအရ ထိန်းချုပ်ထားမည်ဖြစ်သည့် လိင်ရမ္မက်ဆန္ဒများအား ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာအောင် အားပေးအားမြှောက် ပြုတတ်သည်။ အဆိုပါ ထိမ်းမရသည့် ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများအား သတိပြန်ပြုမိခြင်းက ထိုသူအား လိင်ပိုင်းဆိုင်ရာ အပြစ်မကင်းစိတ်နှင့် ရှက်ရွံ့မှုအား ခံစားရစေနိုင်သည်။
လူပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးအား ဘ၀၏ အစောပိုင်းကာလကပင် တည်ဆောက်ပြီးဖြစ်သည်ဟု ဖရွိုင်းကယုံကြည်ပြီး အခြေခံ မောင်းနှင်အားများနှင့် လိင်ရမ္မက်စိတ်ကဲ့သို့ ဇောများအား ကျေနပ်စေခြင်း နည်းလမ်းအားဖြင့် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သည်ဟု ဆိုသည်။ လိင်ရမ္မက်စိတ်နှင့် အခြား ဇောစိတ်များ ကျေနပ်မှုမရပါက အတင်းအကြပ် မျိုသပ်ထားခြင်းဆီသို့ ဦးတည်သွားကာ လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ကျန်းမာရေး ဖွံ့ဖြိုးမှုအပေါ် အကျိုးဆက်များ သက်ရောက်လာစေသည်။
စိတ်သရုပ်ခွဲပညာရှင် မျိုးဆက်သစ်များအနေဖြင့် ဖရွိုင်း၏ လိင်ရမ္မက်သီအိုရီအား မေးခွန်းထုတ်မှုများ ရှိသည်။ ဖရွိုင်းအနေဖြင့် ဇီဝဗေဒ ဖွံ့ဖြိုးမှုအပေါ်တွင်သာ အလွန်ဦးစားပေးထားပြီး လိင်စိတ်သဘောထားနှင့် အလေ့အကျင့်အတွက် ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအပေါ် အပေါ်ယံမျှသာ ရှုမြင်ထားသော အချက်အား ဘ၀င်မကျကြပေ။
လိင်ရမ္မက်သီအိုရီ မူကွဲ
ဆွစ် စိတ်ကုဆရာဝန်နှင့် စိတ်သရုပ်ခွဲပညာရှင် ကားလ်ဂျန့် (Carl Jung) က လူမမယ်အရွယ် လိင်ပိုင်းအတွေ့အကြုံများသည် အရွယ်ရောက်ပြီး စိတ်ခံစားမှုပြဿနာများအတွက် ကြိုးကိုင်နေသော ပုံသေကားကျအရာများဖြစ်သည်ဟူသော အယူအဆအား ငြင်းပယ်ကာ ဖရွိုင်း၏ လိင်ရမ္မက်အမြင်မှ သွေဖည်ခဲ့သည်။ လိင်ရမ္မက်သီအိုရီ အသွင်ကွဲတစ်မျိုးကို ဂျန့်ကဖွဲ့ဖြိုးစေခဲ့ပြီး လိင်ရမ္မက်စိတ်အစား အသက်ရှင်နေထိုင်လိုစိတ်အား အားအကောင်းဆုံး စိတ်ဇော (သို့) မောင်းနှင်အားအဖြစ် ဂျန့်က ရှုမြင်သည်။ ထို့ပြင် ဂျန့်အနေဖြင့် တစ်ကိုယ်ရည်သမားများနှင့် လူဝင်ဆံ့သူများအကြား ကိုယ်ရည်ကိုယ်သွေး ပုံစံ ခြားနားခြင်းကိုလည်း အလေးပေးလေ့လာခဲ့သည်။
လူရာဝင်အမျိုးအစား (Extroversion typifies) ပုဂ္ဂိုလ်များမှာ သူတို့၏ အာရုံအား မိမိတို့ကိုယ်တိုင်၏ ပြင်ပမှ အခြားသူများနှင့် ပတ်ဝန်းကျင်ကမ္ဘာကြီးဆီသို့ အားကောင်းစွာ (သို့သော် ထူးခြားပြောင်မြောက်ခြင်းမရှိ) ရှေးရှုလေ့ရှိကြသည်။ သူတို့အနေဖြင့် လူမှုအခြေအနေများတွင် သက်တောင့်သက်သာရှိကြပြီး အခြွေအရံ အပေါင်းအသင်းကို ခုံမင်သည်။
တစ်ကိုယ်တော်အမျိုးအစားမှာမူ ဆန့်ကျင်ဘက် စရိုက်လက္ခဏာများ တည်ရှိနေပြီး စိတ်အာရုံဝင်စားမှုအား အတွင်းပိုင်း ဖြစ်စဉ်များနှင့် အတွေးများဆီသို့ ပြန်လည် အလေးမူထားသူများ ဖြစ်ပါသည်။ တစ်ကိုယ်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ပြီး ယုံကြည်စိတ်ချမှုရှိသည်။ အတွေးနက်ပြီး လူမှုအစုအဖွဲ့များနှင့် များစွာ ပနံမသင့်။ ဂျန့်က Libido ဟူသော ဝေါဟာရအား တစ်ကိုယ်ရည်ပုံစံနှင့် လူရာဝင်ပုံစံ အမျိုးအစား နှစ်ရပ်အား ဖန်တီးထိမ်းသိမ်းရန် တာဝန်ရှိသော စိတ်စွမ်းအားကို ညွှန်းဆိုရန် အသုံးပြုခဲ့သည်။ လူတစ်ဦးတစ်ယောက်သည် တစ်ကိုယ်ရည် သို့မဟုတ် အုပ်စုသမားဟု အတိအကျဆိုနိုင်လိမ့်မည်ဟု သူက မယုံကြည်ဘဲ ကွဲပြားသော ပမာဏအားဖြင့် အဆိုပါ အရည်အသွေးနှစ်ခု ရောနှောနေခြင်းသာဖြစ်သည်ဟု ဆိုသည်။
များစွာသော ခေတ်ပြိုင် စိတ်ပညာရှင်များက လိင်ရမ္မက်စိတ်အား လူသားဇီဝဗေဒတွင် အခြေစိုက်ထားခြင်းကြောင့် (ဥပမာ- ဟော်မုန်း) အခြေခံ လူသားဆိုင်ရာ အလားအလာတစ်ရပ်အဖြစ် ရှုမြင်ကြပြီး ၎င်းအား ယဉ်ကျေးမှုနှင့် အတွေ့အကြုံတို့က များစွာ လွှမ်းမိုးမှုရှိသည်။
တစ်နည်းအားဖြင့် မျိုးပွားရန် အခြေခံလူသားစိတ်ဇောနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် ဆက်နွယ်နေသော (ဥပမာအားဖြင့်- နာ့ဗ်ကြောများသည် အရေပြားတွင် အဆုံးသတ်သည်) အပြုအမူများမှ ပေါက်ဖွားလာသော ကျေနပ်သာယာမှုသို့ ဇီဝဗေဒနည်းကျ အခြေခံထားသည့် အလားအလာသည် လူ့အဖွဲ့အစည်းတစ်ခု အတွင်းမှ မိသားစုတစ်စုတွင် ကြီးပြင်းခဲ့သော လူတစ်ဦး၏အတွေ့အကြုံမှ ပေါက်ဖွားပုံပေါ်လာခြင်း ဖြစ်ပေသည်။ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ မည်သို့ တည်ဆောက်ထားကြောင်းနှင့် မည်သည့် လိင်စိတ်ဇောများသည် ကျေနပ်မှုရရှိသနည်းဆိုသည်မှာ အပြုအမူတစ်ရပ်အား သင့်မသင့် တံဆိပ်ကပ်ခြင်းကဲ့သို့ပင် အဓိကအားဖြင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုများကသာ ပိုင်းဖြတ်ထားခြင်းဖြစ်ပေသည်။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၁) ၂၀၁၀
Ref: Freud’s Theory on How Libido Develops
ID ကို အစ် လို့ခေါ်ကြတယ် ၊ Carl Jung ကို ကားလ်ယန်း ။ အရေးအသားကောင်းသလောက် လမ်းပျောက်တတ်တာ စာရေးသူရဲ့ အားနည်းချက်ပဲ ။ ဆုံးသာဆုံးသွားတယ် ဘာအသစ်အဆန်းမှလဲမတွေ့ဘူး။ ဘာပြောချင်နေတယ် ဆိုတာလဲ နားမလည်ဘူး။
ReplyDeletei understand more compared to last 25 years ago after reading it.TQ.
ReplyDelete