နေရူးရဲ့ `ကိုယ်ရေးအထုပ္ပတ္တိ´ (An Autobiography) စာအုပ်ကို တစ်နေ့ တစ်ခန်းဖတ်ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးထားတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ဂန္ဒီကြီး (Gandhiji) အကြောင်းနဲ့ သူ့ရဲ့ `တာဝန်အရ အာဏာဖီဆန်ရေး´ (Civil Disobedience)၊ `မပူးပေါင်းရေး´ (Non- cooperation) နဲ့ ခေါင်ချုပ်အဖြစ် `အကြမ်းမဖက်ရေး´ (Non-violence) ၀ါဒကိုတော့ တစ်အုပ်လုံး လက်ညှိုးထိုးမလွဲ မြင်နေရတယ်။ နေရူးဟာ ကိန်းဘရစ်ဂ်ျ (Cambridge) ထွက်ဖြစ်တယ်။ ဒီစာအုပ်ကို သူ ထောင်ကျနေစဉ်မှာ ရေးခဲ့တယ်။ သူ့ဘ၀တစ်လျှောက် ထောင်အလီလီကျပြီး စုစုပေါင်း (၁၇) နှစ် ထောင်ထဲမှာ နေခဲ့ရတယ်။ အဲဒါတွေက သိပ်အရေးမကြီးလှဘူး။ သူတို့ဆရာတပည့် (ဂန္ဒီကြီး/နေရူး) ရဲ့ Non-violence ၀ါဒက `အလွန်´ အရေးကြီးတယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နောက်မှာ လက်ရှိ သက်ရှိထင်ရှား ကျွန်တော်တို့ရဲ့ `စု´ ကပ်လိုက်နေလို့ပဲ။ အချိန်ကိုက်လေးဖြစ်နေလို့ အဲဒီအကြောင်းကို နည်းနည်းလေး ရေးချင်ပါတယ်။
ဘယ်လောက် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေနဲ့ လုပ်ရကိုင်ရ ခက်ခဲနေပါစေ၊ ဒီအခြေအနေအတွက် ဒီနည်း [အကြမ်းမဖက်ရေးနည်း] (Non-violence) ဟာ မမှန်တော့ဘူးလို့ ဂန္ဒီကြီးက ဘယ်တော့မှ သံသယမရှိခဲ့ဘူး။ `မှန်ကန်သော´ နည်းလမ်း ဖြစ်နေခြင်းကြောင့်ကို အဆိုပါနည်းလမ်းဟာ မည်သည့်အခြေအနေနှင့်မဆို အံဝင်ခွင်ကျရမယ်၊ စွမ်းဆောင်နိုင်စွမ်းရှိရမယ်၊ အလုပ်ဖြစ်ရမယ်လို့ သူ့အနေနဲ့ ယုံကြည်ခဲ့တယ်။ အခြေအနေတွေနဲ့ ပတ်သက်လို့ သူ ထည့်မတွက်ဘူး။ ဟိုကွေ့မှာ ဟိုတက်နဲ့လှော်မယ် ဆိုတဲ့ စိတ်ကူးမျိုး ဂန္ဒီကြီးမှာ မရှိဘူး။ နည်းလမ်းကို ပဓာန ပင်တိုင်အဖြစ် ဆုပ်ကိုင်ထားတယ်။ `တက်´ကိုသာ အဓိကထားတယ်။ ရှေ့မှာ ချောင်းရိုးက ကွေ့သွားလား၊ မကွေ့ဘူးလား သူ မတွေးဘူး။ ခန့်မှန်းမရနိုင်တဲ့ အခက်အခဲတွေ၊ အခြေအနေတွေကြောင့်တော့ဖြင့် အကြမ်းမဖက်ရေးနည်းလမ်းနဲ့၊ တာဝန်အရ အာဏာဖီဆန်ရေး လုပ်ငန်းစဉ်ကို စွန့်လွှတ်စရာ မလိုဘူးတဲ့။ (ဆရာတာ့ `လေ´ နည်းနည်းပါသွားတယ် :P )
ဒီနေရာမှာ အကြမ်းမဖက်ရေးနည်းလမ်းနဲ့ တာဝန်အရ အာဏာဖီဆန်ရေးဟာ သူတော်စင်တွေ၊ မဟာဂရုဏာရှင်တွေနဲ့သာ သက်ဆိုင်တဲ့ ဘာသာရေးယုံကြည်မှု တစ်ရပ်မဟုတ်ဘူးလို့လည်း ဂန္ဒီကြီးက ထောက်ပြတယ်။ သာမန်လူတွေ ကျင့်ကြံနိုင်တဲ့ `နည်းလမ်း´ (Method) တစ်ရပ်သာ ဖြစ်ပါသတဲ့။ ဘာသာရေးပေါင်းစုံ ရောပြွန်းနေတဲ့ လူ့အဖွဲ့အစည်း (အိန္ဒိယ) မှာ လူအားလုံးကို ဆွဲဆောင်နိုင်ဖို့၊ တစ်နည်း ကြီးကြီးကျယ်ကျယ်တွေ မပြောဘဲ သာမန်လူထုရဲ့ နှလုံးထဲသားထဲထိ ရောက်သွားအောင် ဘာသာဗေဒကို အရပ်သားအဆင့်ထိလျှော့ချပြီး အားလုံးခံစားနိုင်တဲ့ `နည်းလမ်း´ ဆိုတဲ့ စကားလုံးကို ရွေးချယ်သုံးနှုန်းသွားတာ သတိပြုမိတယ်။ Doctrine of Sword လို့လည်း ဆောင်းပါးတစ်ပုဒ်မှာ ဖွဲ့နွဲ့ သုံးစွဲသေးတယ်။ (သာမန်ပြည်သူ၊ အများအတွက်ရည်ရွယ်လို့) ရသပါးပါးလေး ထည့်ပေးထားတာ သိပ်လှတယ်။ (အရောင်ပါတဲ့ စကားလုံးတွေ သုံးသွားတယ်) သူရဲဘောင်ကြောင်ခြင်းနဲ့ အကြမ်းဖက်ခြင်းကြား တစ်ခုခုသာ ရွေးရမယ်ဆိုရင်တော့ သူက အကြမ်းဖက်ခြင်းကိုပဲ အကြံပေးမှာတဲ့။ ဆိုလိုတာက အကြမ်းမဖက်ရေးနည်းလမ်းဟာ သူရဲဘောကြောင်ခြင်းမဟုတ်ကြောင်း ဂန္ဒီကြီး အထူးပြု ပြောခဲ့တယ်။ အကြမ်းမဖက်ရေးနည်းလမ်းဟာ စွမ်းအင်ထက်မြက်မှုရှိတယ်လို့ သူက အထပ်ထပ်ညွှန်းခဲ့တယ်။ တကယ်လည်း သူညွှန်းတဲ့အတိုင်း ဟုတ်ခဲ့တယ်။
တိုတိုပြောရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် (ဟုတ်ဟုတ်, မဟုတ်ဟုတ် ရွေးကောက်ပွဲပဲ ထားပါတော့) `မဲမထည့်ဖို့´ ဆိုတာ အကြမ်းမဖက်ရေးနည်းလမ်းနဲ့ တာဝန်အရအာဏာဖီဆန်ခြင်း အသွင်ကွဲ တစ်မျိုးပဲ။ (တကယ်ဆို အာဏာဖီဆန်တဲ့အဆင့်ထိတောင် မရောက်ပါဘူး။ အနေသာကြီးပါ) `စု´ နဲ့ ဘဘကြီး ဦးဝင်းတင်တို့ရဲ့ မြန်မာဗှားရှင်း ပဲ။ မြန်မာတွေရဲ့ မြန်မာဗှားရှင်း ပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဟာပဲ။ ကုလားကြီးတွေ တကယ့်ကို အလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းပဲ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းအလုပ်ဖြစ်တယ်လို့ ဂန္ဒီကြီးက ယုံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ `ဘာမှမလုပ်တာကို လုပ်ရတာ´ [မဲရုံမသွားတာ] မသက်သာပေဘူးလား။ နားနားနေနေ နေဖို့ပဲလိုတာပါ။ အိမ်တိုင်ရာရောက် ရောက်လာတော့ ကန်တော့ပါသေးရဲ့ပေါ့။ ဒါပဲရှိတယ်။ (အဖြူအမဲခွဲတာတော့ မဟုတ်ဘူး :P) ကုလားကြီးကြိုက်လား၊ ဘာဘူကြီးကြိုက်လား၊ ပန်ချာပီကြိုက်လား၊ ကပ္ပလီလေးကြိုက်လား၊ မျောက်ဝံကြိုက်လား၊ အဲလို ပုံမလာတာတွေချည်း လင်လုပ်ဖို့ တန်းစီရွေးခိုင်းသလိုပဲ။ သမီး,ငယ်သေးတယ်လို့ပဲ ယဉ်ယဉ်ကျေးကျေး ငြင်းရမှာပဲ။ (အမွှေးထူတာတွေမှ နွေးထွေးတယ် ထင်ရင်တော့ သဘောပေါ့ကွယ် :P) အဲဒီအထဲမှာတောင် မျောက်ဝံက အလားအလာအကောင်းဆုံးဆိုပဲ။ ထားပါတော့။ ကျွန်တော်တော့ အဲလိုပဲ ထင်တယ်။ [အရပ်သား အသိဉာဏ်လောက်နဲ့ ဖွဲ့စည်းပုံကို ဖတ်ထားတဲ့လူတစ်ယောက်အနေနဲ့တောင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီ (ဆိုတာတွေ) အားလုံး `သောက်ချဉ်´ လို့ပဲ ယူဆတယ်]
နေရူးစာအုပ်ဖတ်ပြီး Current Affairs နဲ့ ဆက်စပ်တွေးမိသွားလို့ ဒီစာကို `ကိုယ့်သဘောနဲ့ကိုယ်´ ရေးပါတယ်။ အကြောင်းအရာက ခပ်ပေါပေါနိုင်လို့ (ဒါပေမဲ့ အရေးလည်းကြီးတယ်) ခပ်ပေါပေါစကားပြေနဲ့ပဲ ရေးပါတယ်။ အောက်က စာပိုဒ်လေးကို ဖတ်သင့်တယ် ထင်လို့ ထုတ်နုတ်ပြီး ပြန် Share ပါတယ်။
Many years later, just before the 1930 Civil Disobedience movement began, Gandhiji, much to our satisfaction, made this point clear. He stated that the movement should not be abandoned because of the occurrence of sporadic acts of violence. `If the non-violent method of struggle could not function because of such almost inevitable happenings, then it was obvious that it was not an ideal method for all occasions, and this he was not prepared to admit. For him the method, being the right method, should suit all circumstances and should be able to function, at any rate in a restricted way, even in a hostile atmosphere.´ Whether this interpretation, which widened the scope of non-violent action, represented an evolution in his own mind or not I do not know. (Jawaharlal Nehru, An Autobiography, Page: 91)
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၁၂) ၂၀၁၀
Thanks for sharing.
ReplyDeleteBINO