Skip to main content

“သူတို့ ပြောစကား (၁)”

One of the best part of growing older? You can flirt all you like since you've become harmless.LIZ SMITH

သက်ကြီးရွယ်အိုဖြစ်ရခြင်းရဲ့ အကောင်းဆုံးအစိတ်အပိုင်းတစ်ခုလား...? စိတ်တိုင်းကျ နှာဘူးကျလို့ရတာပေါ့ ခင်ဗျားမှ အစွမ်းအစ မရှိတော့တာ...။

Those who change places, change their fate. Talmud

နေရာဒေသပြောင်းလဲသူများ ကံကြမ္မာပါ ပြောင်းလဲသွားကြသည်။

We seldom give each other advice_ I think that's the success of 25 years of marriage.
LAURA BUSH

ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အကြံဉာဏ်ပေးခဲပါတယ်။ ဒါ ၂၅ နှစ်တာအိမ်ထောင်ရေး အောင်မြင်မှုလို့ ကျွန်မတော့ ထင်တာပဲ။

My perspective on my mother has changed immensely. She was a lot taller when I was younger. HOWIE MANDEL

ကျွန်တော့်အမြင်မှာ အမေဟာ အကြီးအကျယ်ပြောင်းလဲသွားတယ်။ ကျွန်တော်ငယ်ငယ်တုန်းကထက်ပိုပြီး အတော်လေးကို အရပ်မြင့်နေတယ်။

The ability to focus attention on important things is a defining characteristic of intelligence.
ROBERT J. SHILLER

အရေးကြီးတဲ့အရာတွေအပေါ်မှာ အာရုံစူးစိုက်ထားနိုင်တဲ့အရည်အချင်းဟာ ဉာဏ်ပညာရဲ့ ၀ိသေသလက္ခဏာတွေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းပဲ ဖြစ်ပါတယ်။

There is a Cinderella aspect to my life. But I've swept a lot of cinders too.
CATHERINE ZETA-JONES

ဘ၀မှာ “စင်ဒရဲလားဇာတာ” ပါတယ်လို့တော့ ဆိုရမှာပဲ။ ဒါပေမဲ့ မီးလောင်စတွေကိုတော့ လှည်းကျင်းခဲ့ရပါတယ်။ (ကတ်သရင်းဇီတာဂျုန်းစ်)

Turn your face to the sun and the shadows fall behind you. Jan Goldstein

နေမင်းကြီးရှိရာဘက်ကို မျက်နှာမူပါ။ ထိုအခါအရိပ်တို့သည် သင်၏နောက်ကျောသို့ ကျရောက်သွား ပါလိမ့်မည်။

A man is success if he gets up in the morning and gets to bed at night, and in between does what he wants to do. BOB DYLAN

မနက်အိပ်ယာထပြီး ညအိပ်ယာဝင်တဲ့လူဟာ အောင်မြင်တဲ့လူလို့ ဆိုရမှာပဲ။ ကြားထဲမှာ သူလုပ်ချင်တာ လုပ်တယ်ဆိုရင်ပေါ့...။


...................................................................................
...................................

(THINK AGAIN)

All the beauty of the world, 'tis but skin deep. RALPH VENNING
....................................
I'm tired of all this nonsense about beauty being only skin-deep. That's deep enough. What do you want _ an adorable pancreas? JEAN KERR

ဖင်ပြန်ခေါင်းပြန် စဉ်းစားပါ

ကမ္ဘာကြီးရဲ့ အလှတရားအားလုံးဟာ အရေပြားတစ်ထောက်စာမျှသာ ရှိတာပါ။
....................................

အရေပြားတစ်ထောက်စာလောက်ပဲ အလှတရားရှိတယ်လို့ ပြောပုံဆိုပုံတွေကို စိတ်ကုန်လှပြီ။

ဒါလောက်ဆို လုံလောက်ပြီ မဟုတ်ဘူးလား။ မြတ်နိုးစရာ ပန်ကရိယလေးကို

ခင်ဗျားက လိုချင်လို့လား...။


...................................
...................................................................................

Source: Reader's Digest (August 2003)

Cinderella Aspect: One of the 2 aspects that are most often found in Cinderella's (Venus-Chiron and Chiron-Neptune.) Most women (and men) who marry high above their station were born with Cinderella aspects.

စင်ဒရဲလားဇာတာ ဆိုသည်မှာ...
စင်ဒရဲလားဇာတာပါတဲ့လူတွေဟာ မိမိထက်အဆင့်မြင့်တဲ့ လူတွေကို လက်ထပ်ရတဲ့ လူတွေပါပဲ။ ပညာ၊ ဥစ္စာ၊ ရာထူးဂုဏ်သိမ် စသည်ဖြင့်... မိမိထက် သာလွန်တဲ့လူတွေ၊ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကို လက်ထပ်တာပေါ့။ “အရေးကြီးတာ သူဌေးသမီး၊ အဓိကက မိဘ” ဆိုတဲ့လူစားတွေ နေမှာပေါ့။ ခုခေတ်မှာတော့ ဒီဇာတာပါချင်သူ အများသားထင်တယ်... အဟက်... :P ။ (စကားလုံးကို အဓိပ္ပာယ်ဖွင့်သလိုလို ဘာလိုလိုနဲ့ ထင်ရာမြင်ရာဝင်ပြောသည်)

◄ တေဇာ ►

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ