Skip to main content

“ဥပေက္ခာနှင့် တာဝန်”

တလောက Facebook ပေါ်မှာ မြန်မာမော်ဒယ်ဆိုတဲ့ Link တစ်ခု တင်ထားတာတွေ့လို့ ၀င်ကြည့်မိပါတယ်။ ဘီကီနီဝတ် မြန်မာမော်ဒယ်လေးရဲ့ ပုံက Click မနှိပ်နှိပ်မိအောင် ဆွဲဆောင်နေသလို ဖြစ်နေတယ် :P ။ နာမည်က မေဘယ်စိုးဆိုလား...။ ကောင်မလေးက ကျွန်တော့်အမြင်မှာတော့ မဆိုးပါ။ မဆိုးပါဆိုတာ... တင်ထားတော့လည်း ကြည့်လိုက်တဲ့သဘောကိုပြောတာပါ။ အပြစ်ပြောစရာ ဘာဘာညာညာ ရှာမတွေ့ဘူးလို့ ပြောတာပါ။ အဲ... ဒါပေမဲ့ အောက်နားမှာတော့ “အမည်မဖော်လိုတစ်ဦး” (Anonymous) က ဒီလို Comment ပေးထားတာ တွေ့ရပါတယ်။

“ဗမာမတွေ ဖက်ရှင်အကြောင်းကို နားမလည်တာလား၊ ဘာလားမသိ၊ ဒီရေကူးဝတ်စုံဟာ အပေါစားဆန်လွန်းလို့  ဘယ်သူမှ ၀တ်မဲ့လူမရှိဘူး။ အင်တာနက်ကို နည်းနည်းပါးပါးတက်ကြည့်ပြီးမှ ဖက်ရှင်ပုံ ရိုက်ကြပါ” တဲ့...။

အထက်ပါ Comment ရှင်ကို စိတ်ထဲက နည်းနည်းချဉ်သွားမိတာတော့ အမှန်ပါပဲ။ ရေကူးဝတ်စုံနဲ့ Post ပေးတာ ဘာပြဿနာများရှိလဲ ကျွန်တော် စဉ်းစားမရပါဘူး။ လက်လည်းမခံပါဘူး။ အကယ်၍ မြန်မာ့ ယဉ်ကျေးမှုရှုထောင့်အရ ပြောမယ်ဆိုရင်တော့ စဉ်းစားစရာတချို့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် သက်သက်အရတော့ ကန့်ကွက်စရာအကြောင်း လုံးဝမရှိပါဘူး။ ဒီတော့ အောက်ကနေ ဒီလို Comment ပြန်ပေးမိလိုက်ပါတယ်။

မြန်မာ မြန်မာ... မြန်မာတွေ ဖက်ရှင်အကြောင်း နားလည်လား မလည်လားတော့မသိဘူး...။ သောက်ပြစ်တင်တတ်တဲ့နေရာမှာတော့ ကမ္ဘာမှာ ထိပ်တန်းအဆင့်ရှိမယ်ထင်တယ်...။ တစ်ခုသိထားရမှာက ဒီမော်ဒယ်ဟာ ဝေလမင်းသမီးမဟုတ်ဘူး။ မော်ဒယ်ဆိုထဲက ဘီကီနီနဲ့လည်း ရိုက်ချင်ရိုက်မှာပဲ၊ ကိုယ်တုံးလုံးရိုက်ပြီး တင်ချင်လည်းတင်ပဲ...။ သူ့သဘောပဲ..။ သူကျေနပ်လို့ သူလုပ်တာပဲ...။ Miss Universe ရွေးပွဲတောင် ဘီကီနီနဲ့ပြိုင်ရတာ... အထက်က ဖက်ရှင်ဆရာကြီး ဒီလောက်တောင် မသိဘူးလား၊ တမင် မသိချင်ဟန်ဆောင်ပြီး သောက်သုံးမကျတဲ့ ဗမာတွေလို့ ပြောချင်တာလားတော့ မသိဘူး။ မြန်မာလိုရိုက်ထားပြီး မြန်မာလို့ယူဆရမယ့်လူက မြန်မာတွေကို နှိမ်တဲ့လေသံ သိသိသာသာပါနေတာတွေ့ရတယ်...။ အဲ .... ကျုပ်လို စက္ကထွေးရီလေး ရိုက်ပေးတာဆိုရင်တော့ ပြောတတ်ဘူး....။ သမီးရေ..တော်ပြီကွယ်....ဆရာဒေါသထွက်တယ်... ဒါတွေကိုမြင်ရတာ... (စက္ကထွေးရီသို့ စိတ်မသက်မသာ လှမ်းပြောလိုက်သည်)

ဇာတ်လမ်းက မဆုံးသေးပါဘူး။ အဲဒီလို Comment ပြန်ပေးပြီးတော့ Online ပေါ်က ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ကို မြန်မာမော်ဒယ်လေးများ ကြည့်ချင်မလားဆိုပြီး အဲဒီ Link ကို လက်ဆင့်ကမ်းလိုက်ပါတယ်။ ကျွန်တော် Comment ပေးထားတယ် လို့ပါ သံချောင်းခေါက်လိုက်သေးတယ်...။ သူက “ဥပေက္ခာမပြုနိုင်သေးဘူးလား” ဆိုပြီး ကျွန်တော့်ကို မေးခွန်းပြန်ထုတ်ပါတယ်။ နောက် သူကဆက်ပြောတယ်။ “ပင်ပန်းတာပေါ့တဲ့...။ သူလည်းကြည့်ပြီးသွားပြီတဲ့၊ သူ့အတွက် ဒီကိစ္စဟာ ဘာမှ မထူးခြားဘူး” လို့ သူက ဆိုလာတယ်။ ဒီနေရာမှာ ကျွန်တော့် ဘက်က ပြန်လည်ဆွေးနွေးဖို့ လိုအပ်လာပါပြီ။


<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

လူတစ်ယောက်ဟာ မိမိသဘောမတူနိုင်တဲ့၊ မနှစ်သက်နိုင်တဲ့ အပြုအမူ၊ အယူအဆတွေကို တွေ့ခဲ့ရင်

ကန့်ကွက်နိုင်ခွင့်ရှိပါတယ်။ ဒေါသထွက်ပိုင်ခွင့်ရှိပါတယ်။ မကြိုက်ပိုင်ခွင့် ရှိပါတယ်။

ဆန့်ကျင်ပိုင်ခွင့်ရှိပါတယ်။

ထို့အတူပဲ “ငါနဲ့မဆိုင် ဘေးမှာထိုင်” သဘောထားခွင့် လည်း ရှိနေတာပါပဲ။


<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>



“မင်းမော်ကွန်း ဗုဒ္ဓဘာသာကို ဘာကြောင့်စော်ကားတာလဲ” “ လူသားစားသော လူများ” စသည်ဖြင့် Online ပေါ်မှာ Forwarded Mail တွေ ပျံ့နှံ့နေတာ အားလုံးသိကြမှာပါ။ ဒါတွေကတော့ ၀ါဒဖြန့်ချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်တစ်စုံတစ်ရာနဲ့ ဖြန့်ဝေကြတယ်။ ဒါတွေအတွက် ကျွန်တော် တို့ရဲ့ တုန့်ပြန်ချက်က အံ့သြနိုင်တယ်၊ မုန်းတီးနိုင်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ဝေဖန်လို့ရပါတယ်။ ပြဿနာမရှိပါဘူး။ အဲ.. စောစောက သူငယ်ချင်းပြောသလို ဒါတွေကို ဥပေက္ခာပြုထားလိုက်လည်း ရပါတယ်။ ဥပေက္ခာပြုထားတာ ကောင်းလား၊ တုန့်ပြန်တာကောင်းလား ကျွန်တော် မပြောနိုင်ပါဘူး။ တစ်ဦးချင်းစီရဲ့ အကျင့်စရိုက်၊ စိတ်သဘောထားအလိုအရ ကိုယ့်စိတ်ကြိုက် ပြုမူနိုင်ပါတယ်။

မော်ဒယ်မလေးကိစ္စပြန်ကောက်ရရင် အဲဒီနေရာမှာ မြန်မာတွေကို နှိမ်နှိမ်ချိုးချိုးပြောထားလို့ ကျွန်တော် ၀င်မမန့်ဘဲ ဒီတိုင်းထားလိုက်လည်း ဘာပြဿနာမှမရှိပါဘူး။ ထို့အတူပဲ... ခုလို ၀င်ပြောလိုက်ခြင်းကြောင့်လည်း ပြဿနာတစ်စုံတစ်ရာရှိမယ်လို့ ကျွန်တော် မယူဆပါဘူး။ ကျွန်တော် ပင်လည်း မပင်ပန်းပါဘူး။ ကျွန်တော် ဒီလိုပြန်မန့်လိုက်တဲ့အတွက် တစ်ဘက်လူက သူ့အယူအဆကိုပြင်သွား မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး။ ကျွန်တော့်ကိုလည်း ပြန်ပြီးတိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော်ပြောထားတာကို သူလုံးဝ မဖတ်မိဘဲလည်း နေချင်နေနိုင်ပါတယ်။ ဒါတွေက စဉ်းစားရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ အကယ်၍ ဖတ်မိခဲ့လို့ရှိရင် သူ့အယူအဆ မပြင်တာတောင်မှ... သူနဲ့ဆန့်ကျင်သူတစ်ယောက် ရှိကြောင်း၊ သူ့အမြင်ကို လူတစ်ယောက် လက်မခံနိုင်ကြောင်း အနည်းဆုံးတော့ သူသိသွားမယ် ထင်ပါတယ်။ အဲဒီအခါမှာ နောက်တစ်ခါ လက်လွတ်စပယ် Comment ပေးဖို့ မသိစိတ်မှာတော့ တွန့်ဆုတ်လာနိုင်ပါတယ်။ ဒါက ကျွန်တော့် ပုဂ္ဂိုလ်ရေး အတွေးပါ။ မှန်တယ်၊ မှားတယ်လို့ မဆိုလိုပါဘူး။

Online ပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်... လူတစ်ယောက်ဟာ မိမိသဘောမတူနိုင်တဲ့၊ မနှစ်သက်နိုင်တဲ့ အပြုအမူ၊ အယူအဆတွေကို တွေ့ခဲ့ရင် ကန့်ကွက်နိုင်ခွင့်ရှိပါတယ်။ ဒေါသထွက်ပိုင်ခွင့်ရှိပါတယ်။ မကြိုက်ပိုင်ခွင့် ရှိပါတယ်။ ဆန့်ကျင်ပိုင်ခွင့်ရှိပါတယ်။ ထို့အတူပဲ “ငါနဲ့မဆိုင် ဘေးမှာထိုင်” သဘောထားခွင့် လည်း ရှိနေတာပါပဲ။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီလို ဥပေက္ခာဝါဒကျင့်သုံးမယ်ဆိုရင် လူတစ်ယောက်အတွက် တာဝန်ကိုတော့ မကျေဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိက ဘာမှဝင်မပြောတဲ့အတွက် အားလုံးကျေနပ်နေတယ်လို့ တစ်ဘက်လူက ယူဆသွားနိုင်တဲ့အတွက် ကြောင့်ပါ။

ဥပမာလေးတစ်ခု ပြောပါမယ်။ ရန်ကုန်မြို့မှာ သွက်သွက်ခါအောင် မီးပျက်ပါတယ်။ အဲဒီသူငယ်ချင်းက အင်တာနက်ဆိုင်မှာ လုပ်ပါတယ်။ ကဲ ... မီးပျက်တဲ့ကိစ္စကို သူဘယ်လိုသဘောထားမလဲ။ ကွန်ပလိန်းတက်မလား ဥပေက္ခာပဲပြုထားမလား။ တကယ်လို့ ကွန်ပလိန်းတက်မယ်ဆိုရင်လည်း မြည်တွန် တောက်တီးတာ၊ ဆဲတာ၊ မကျေမနပ်ဖြစ်တာ၊ ဒေါသထွက်တာ... ဒါတွေပဲ လုပ်စရာ ရှိပါတယ်။ လူထုအော်သံထဲ ထည့်လို့ရတဲ့ကိစ္စမျိုးမှမဟုတ်တာ။ ဒါပေမဲ့ ဒါတွေဟာ (ခံရတဲ့) လူတစ်ယောက်ရဲ့ အလိုအလျောက်တုန့်ပြန်ချက်တွေသာ ဖြစ်ပါတယ်။ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီလိုမှမဟုတ်ပဲ ဒီကိစ္စကို ဥပေက္ခာပြုထားနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ မီးပျက်လည်း စိတ်ချမ်းချမ်းသာသာ နေနိုင်သေးတယ်ဆိုရင်ပေါ့။ သူ့အတွက် ငြိမ်းချမ်းတယ်၊ ကောင်းတယ်လို့ ဆိုရမှာပေါ့။ အဲ.. ဒါပေမဲ့.. မိမိအိတ်ကပ်ထဲက ဆီဖိုးတော့ လျှော့နေမှာပါပဲ။ စိတ်ချမ်းသာတယ်ဆိုပေမဲ့ စီးပွားရေး ထိခိုက်နေပါပြီ။ စီးပွားရေးအတွက် ဖြေရှင်းရမယ့် ပြဿနာတစ်ရပ် ဖြစ်နေပါပြီ။ ဥပေက္ခာဝါဒနဲ့ ဖြေရှင်းလို့ မရပါ ဘူး။

လူတစ်ယောက်ဟာ လူ့အဖွဲ့အစည်းထဲမှာ နေတယ်ဆိုရင် လူမှုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ရာ တာဝန်လုံးလုံးရှိနေပါပြီ။ ဒါကို ရှောင်ပြေးလို့မရပါဘူး။ တောထဲတောင်ထဲ တစ်ယောက်ထဲသွားနေမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ အခက်အခဲ ပြဿနာတွေကို စိုးစဉ်းမျှ တုန်လှုပ်မှုမရှိတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေကို ၀ထ္ထုတွေထဲမှာ တွေ့ဖူးခဲ့ပါတယ်။ ဒါဟာ ၀ထ္ထုထဲမှာပါ။ အပြင်ဘ၀မှာ မဟုတ်ပါဘူး။ မီးပျက်တာကို ထိုင်ဆဲပြီး ဒေါသထွက်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မကျေနပ်ခွင့် ကန့်ကွက်ခွင့်ရှိတယ်လို့ ဆိုတာပါ။ ထို့အတူ ဥပေက္ခာပြုခွင့်လည်း ရှိပါတယ်။ (ပြုနိုင်တယ်ဆိုရင်ပေါ့လေ...)

ဒီလို လူမှုကိစ္စရပ်တွေကို တုန့်ပြန်နည်း နှစ်နည်း (ထင်မြင်ချက်ပေးခြင်း/ ဥပေက္ခာပြုခြင်း) ရှိတဲ့အထဲမှာ ဘယ်နည်း ကျင့်သုံးသင့်တယ်ပြောဖို့ ကျွန်တော် ကြိုးစားနေတာမဟုတ်ပါဘူး။ မိမိ အဆင်ပြေတဲ့နည်း၊ မိမိနဲ့ ကိုက်ညီမယ့်နည်းလမ်းနဲ့ပဲ တုန့်ပြန်ပါ၊ ဘယ်နည်းဖြစ်ဖြစ် ရပါတယ်လို့ ပြောချင်တာပါ။ ဥပေက္ခာသမားဖြစ်လို့ ဥပေက္ခာမပြုနိုင်တဲ့လူတွေဝင်ပြောတာကို အပြစ်တင်နေဖို့ မဖြစ်နိုင်သလို ကိုယ်က နေရာတကာဝင်ပါနေပြီး ဥပေက္ခာပြု သူ့ဟာသူအေးအေးချမ်းချမ်းနေတဲ့လူကို အတင်းဆွဲထည့်လို့လည်း မဖြစ်ပြန်ပါဘူး။ ရွေးချယ်စရာ (Option) နှစ်ခုရှိတယ် ဆိုတာကို ပြောချင်တာပါ။ ဘယ်နည်းလိုက်သင့်တယ်ဆိုတာက မိမိကိုယ်တိုင်ရဲ့ ခံယူချက်နဲ့၊ စိတ်ခံစားမှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်...။

◄ တေဇာ ► စက်တင်ဘာ (၁၆) ၂၀၀၉

Comments

  1. စာဖတ်သူSeptember 28, 2009 at 8:42 PM

    မြေနိမ့်ရာ လှံစိုက်လာရင်တော့ မြေနိမ့်ရာမှာ ရပ်ကာပေးချင်တာ အမှန်ပါ။ ဥပေက္ခာမပြုနိုင်ဘူးလေ။ အဲဒီတော့ သိပ်ပင်ပန်းတယ်...
    ဥပေက္ခာပြုနိုင်သူတွေကို အားကျတယ် ။တကယ်ပါ။

    ReplyDelete
  2. ဥပေက္ခာဆိုတာ ကြားလို့သာကောင်းတာ လက်တွေ့မဆန်ဘူး။ ဒါကြောင့် ဒီဆောင်းပါးကို ပစ်ခါ မပြုပဲ "မန့်" လိုက်ပါတယ်။ စကားမရှိစကားရှာ၊ ရေးစရာမရှိရှောက်ရေး၊ တောင်လိုလို မြောက်လိုလို အဆုံးမသတ်ပဲ ပြီးသွားတော့ ခက်ပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA