လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၅၂)

ပျော်ရွှင်မှုအသစ်တိုင်းကို
စနစ်တကျ လွဲချော်ခဲ့
ရေလွှာလျှောအောက်ခြေက
ဘလိပ်ဓားစတစ်ကာကို ခွာမယ်
‪#‎Paranoid‬ I

ဆူးတောင်အတုနဲ့ စနောက်တဲ့သူကို
မှိန်းနဲ့ ၀ိုင်းထိုးလိုက်တယ်
ငါးမန်းအစစ် မလာတော့ဘူး
#Deformation

အရိုးစုများစွာ တွေ့ရလေ့ရှိတဲ့
ဝင်္ကပါလမ်းကို ကျော်လာတယ်
သိစိတ်နဲ့ ကြောက်ပီး မသိစိတ်နဲ့ ပျော်တယ်
#Labyrinth II

ရှေးဦးလူသား
ကျောက်ဆက်ပန်းဆွဲကို ငေးရင်း
မှေးခနဲ အိပ်ပျော်သွားတဲ့ နေရာမှာ
ပုံပြင်ကို မဆက်တော့ပါနဲ့
#‎Stalactites‬
   
အရမ်းကို အရေးကြီးသွားတယ်
လက်သည်းပြင်ခြေရင်းမှာ
သာတဲ့ လ,ရဲ့ အခြားတစ်ခြမ်းဟာ
တကယ်မရှိဘူးတဲ့
‪#‎Lunula‬

တေဇာ (လရောင်လမ်း)
Image: 1ms.net

0 comments:

Post a Comment