Skip to main content

#‎deactivate‬ (Rubber Birds on the Plastic Horizon)

ဘာကြောင့်မှန်းတော့ မသိဘူး၊ နောက်က ဒိုင်နိုဆောကြီးလိုက်လာတော့
ကားကို မင်း အပြင်းအထန် မောင်းပြေးမယ်၊
ကြက်သီးမွှေးညှင်းထမယ်၊ ကြောက်မယ်၊ ဆံပင်တွေ ထောင်လာမယ်
ခဏနေတော့ ကားမောင်းစွမ်းရည်ပြချင်လာမယ်
လွယ်လွယ်မသေမှန်း သိလာမယ်
လွတ်မြောက်ဖို့လည်း ယုံကြည်ချက်ရှိလာတယ်
ဒါပေမယ့် အချိန်ကြာလာတယ်၊ ဘယ်လိုကြီးလဲ
မင်း စိတ်ပျက်လာမယ် သံသယဝင်လာတယ်
ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ်
အရာရာကို လက်ခံလိုက်တော့မယ်

ခဏနေ ဒိုင်နိုဆောကြီး မင်းကိုအမှုမထားပဲ ပရိုဂရမ်တကျ ပတ်လမ်းအတိုင်း
ကျော်တက်ပြေးလွှားသွားတော့ မင်း တကယ်ရူးသွားတယ်၊
တွေဝေတယ်၊ ပီးဆုံးဖြတ်ချက်ချတယ်
ကားစက်နှိုးပီး အသံထွက်ပီးမီးပဲပွင့်တဲ့သေနတ်နဲ့ နောက်ကလိုက်ပစ်မယ်
အဲဒီတော့ မင်းပျော်လာမယ် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်လာမယ်
မင်းနာမည်က ရမ်ဘိုလို့ မှတ်မိလာမယ်၊ ချေမှုန်းသုတ်သင်ရေးစိတ်ဝင်လာမယ်
စစ်သွေးကြွလာတယ်
ဒါပေမယ့် ဒါလည်း အချိန်ကြာလာတယ်၊ မင်းပျင်းလာမယ်
စိတ်ကုန်သွားတယ်
ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ်
အရာရာကို လက်ခံလိုက်တော့မယ်

ဒိုင်နိုဆောအသစ်တွေ ရမ်ဘိုအသစ်တွေ မင်းဘေးက တလှည့်စီဖြတ်ပြေးသွားကြမယ်
ရမ်ဘိုအကြီးတချို့က နေကာမျက်မှန်အောက်ကနေ မင်းကို စက်ဆုပ်ရွံရှာတဲ့အကြည့်နဲ့ ကြည့်မယ်၊
ရမ်ဘိုအလတ်တွေက မင်းကြားအောင် တံတွေးကို ထွီခနဲထွေးမယ်၊
ရမ်ဘိုဖြစ်ခါစတွေက Mother Fucker လို့ မင်းကို လှမ်းနှုတ်ဆက်မယ်၊

မင်း ကားကို Wallpaper လယ်ကွင်းထဲဆီ မောင်းဝင်လာမယ်
ဟိုးအဝေးဆီက ပလက်စတစ်တောင်တန်းတွေဆီ ဦးတည်ပျံသန်းသွားတဲ့ ရော်ဘာငှက်တစ်အုပ်ကို မင်းငေးကြည့်မယ်
ဆက်ဖှီရိုက်ပီး ပေါ်လာတဲ့ အမှုန်အစုအဝေးတစ်ခုကို မင်းရဲ့ ပရိုဖိုင်ပစ်ချာထဲ ထည့်လိုက်မယ်
ပြီးတာနဲ့ မင်းကိုယ်မင်း ဒီအက်ထီဗိတ်လုပ်လိုက်မယ်။

တေဇာ (လရောင်လမ်း)
‪#‎deactivate‬ (Rubber Birds on the Plastic Horizon)
Image: http://i.ytimg.com/vi/KXpnHEqxzbw/hqdefault.jpg

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ