Skip to main content

ဆိုက်ကိုဒိုင်းနမစ် အကျဉ်းချုပ်

သရုပ်ခွဲစိတ်ပညာ (Psychoanalysis) ၏ ခေါင်းကိုင် ဖခင်လည်းဖြစ်၊ မသိစိတ်ကို စတင်ဖော်ထုတ်ခဲ့သူ အဖြစ်လည်း လူသိများသည့် ဇီးဂမွန်ဖရွိုက်နှင့် သူမွေးထုတ် ပေးခဲ့သည့် ဆိုက်ကိုဒိုင်းနမစ် (Psychodynamic) စိတ်ပညာအကြောင်း အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါသည်။ လူတို့၏ အတွေးနှင့် လုပ်ရပ်များအပေါ် မသိစိတ်အားများ၏ လွမ်းမိုးသက်ရောက်ခြင်း အယူအဆမှာ ဖရွိုက်၏ ဖော်ထုတ်မှု ဖြစ်ပါသည်။ သူ၏ သီအိုရီများမှာ ဝေဖန် အငြင်းပွားစရာများ ယနေ့အချိန်ထိ ကျယ်လောင်နေဆဲ ဖြစ်သည့်တိုင် ဤသည်ကပင် သူ့ သီအိုရီများ၏ ကိုင်လှုပ်နိုင်သော စွမ်းအားကို ပြန်လည် ညွှန်းဆိုနေခြင်း ဖြစ်သည်ဟု ယူဆပါသည်။ မသိစိတ်၊ အိပ်မွေ့ချခြင်း၊ အိပ်မက်ဘာသာပြန်ခြင်း စသည့် သိပ္ပံနည်းကျဟု ဆိုရန်ထက် ဒဏ္ဍာရီဆန်ဆန် အယူအဆများနှင့် ထိရောက်အသုံးဝင်သည့် ကုသမှုများ ပေးနိုင်ခဲ့သည်။ လူတစ်ယောက်၏ အပြုအမူများမှာ ကလေးဘ၀ အတွေ့အကြုံများ၏ လွှမ်းမိုးထိန်းချုပ် ထားချက်မျှသာ ဖြစ်သည်ဟူသည့် အယူအဆများမှာ တစ်ထစ်ချ လက်ခံဖို့ရန်လည်း ခဲယဉ်းနေပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ခေတ်သစ် စိတ်ပညာရပ်အပေါ် ဖရွိုက်၏ သြဇာသက်ရောက်မှုမှာ အလွန်ကြီးမားသည်ဆိုခြင်းကို မငြင်းနိုင်ပါ။ အောက်ပါတို့မှာ “သရုပ်ခွဲစိတ်ပညာ” အကြောင်း အတိုဆုံး မိတ်ဆက်ထားခြင်းမျှသာ ဖြစ်ပါသည်။

 § § § § § § §


ဇီးဂမွန် ဖရွိုက် (Sigmund Freud)

အကယ်၍ စိတ်ပညာနှင့်ပတ်သက်၍ အနည်းငယ်မျှသာသိသူ ဖြစ်လျှင်၊ ထို့နောက် စိတ်ပညာရှင် တစ်ဦးတည်းကိုသာ ကြားဖူးသည်ဟု ဆိုပါလျှင် အဆိုပါတစ်ဦးမှာ ဇီးဂမွန်ဖရွိုက်သာ ဖြစ်ဖို့အခွင့်အလမ်း များပါသည်။ စိတ်ပညာသို့ “ဆိုက်ကိုဒိုင်းနမစ်” (Psychodynamic) ချဉ်းကပ်နည်း သို့မဟုတ် “သရုပ်ခွဲစိတ်ပညာ” (Psychoanalysis) ၏ ဖခင် ဇီးဂမွန်ဖရွိုက် ဖြစ်ပါသည်။ စိတ်ပညာအပေါ် ပညာရပ်ဆိုင်ရာ ဗဟုသုတမရှိသည့် သာမန်လူတစ်ဦး၏ အမြင်ကို ဖရွိုက်က ကိုယ်စားပြုသည် ဆိုပါလျှင် အိပ်ယာပေါ်တွင် လဲလျောင်းနေသည့် ဝေဒနာရှင်တစ်ဦးက ၎င်း၏ အနက်ရှိုင်းဆုံး အလေးနက်ဆုံး လျှို့ဝှက်ချက်များကို ပြောပြနေသည့်ပုံရိပ်ကို ထင်မြင်မိနိုင်ပါသည်။

ပင်မ အပြုအမူဆိုင်ရာ စိတ်ပညာ (Behavioral Psychology) နှင့် ရည်ရွယ်ရင်းရှိရှိ ဆန့်ကျင်နေသည့် “ဆိုက်ကိုဒိုင်းနမစ်” စိတ်ပညာမှာ သိပ္ပံ၏အရှိန်အ၀ါကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်၏ “ဦးခေါင်းတွင်း” (Inside the Head) ကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားခြင်းတွင် အလေးမူထားခြင်း ဖြစ်ပါသည်။ ၎င်းတို့တွင် လူတစ်ဦး၏ ဦးခေါင်းအတွင်းရှိ “ဆက်သွယ်ချက်များ” (Relationship) “အတွေ့အကြုံများ” (Experience) နှင့် ပြင်ပကမ္ဘာကို မည်သို့ရှုမြင်သနည်းဆိုသည့် အရာများ ပါဝင်ပါသည်။

“ဆိုက်ကိုဒိုင်းနမစ်” ရှုထောင့်တွင် မူလစိတ်ပညာ၏ သီအိုရီများအားလုံး အကျုံးဝင် ပါဝင်နေပါသည်။ လူတစ်ယောက်တွင်ရှိသည့် မောင်းနှင်မှု (Drives) နှင့် အား (Forces) တို့အကြား အပြန်အလှန် သက်ရောက်မှုများအပေါ် အခြေခံထားသည့် လူ့လုပ်ဆောင်ချက်များကို ကြည့်မြင်ခြင်းဖြစ်ပါသည်။ တသီးတခြားအားဖြင့်မူ ကွဲပြားသည့် ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ပုံများအကြားတွင်ရှိသော “မသိစိတ်” (Unconscious) ကို ကြည့်မြင်ခြင်း ဖြစ်ပါသည်။

ဖရွိုက်၏ သရုပ်ခွဲစိတ်ပညာမှာ မူလဆိုက်ကိုဒိုင်းနမစ် သီအိုရီဖြစ်ပါသည်။ သို့ရာတွင် “ဆိုက်ကိုဒိုင်းနမစ်” ချဉ်းကပ်နည်းဟူသည်မှာ ဖရွိုက်၏ အတွေးအခေါ်တွင် အခြေခံထားသည့် အခြားသောသီအိုရီများအားလုံး ပါဝင်သည်။ ဥပမာအားဖြင့် “ဂျန့်” Jung (1964) ၊ “အက်ဒလာ” Adler (1927) နှင့် “အက်ရစ်ဆင်” Erikson (1950) တို့ ဖြစ်ကြသည်။

“ဆိုက်ကိုဒိုင်းနမစ်” (Psycho-dynamic) နှင့် “သရုပ်ခွဲစိတ်ပညာ” (Psychoanalysis) ဟူသည့် ဝေါဟာကို မကြာခဏ ရောထွေးတတ်ပါသည်။ ဖရွိုက်၏ သီအိုရီများမှာ “သရုပ်ခွဲစိတ်ပညာ” ဖြစ်ပြီး၊ “ဆိုက်ကိုဒိုင်းနမစ်” ဆိုသည့် ဝေါဟာရသည် ဖရွိုက်နှင့် သူ၏နောက်လိုက် ပညာရှင်များအားလုံး၏ သီအိုရီများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဖရွိုက်၏ သရုပ်ခွဲစိတ်ပညာမှာ သီအိုရီနှင့် ကုထုံး နှစ်မျိုးလုံးဖြစ်ပါသည်။

၁၈၉၀ နှင့် ၁၉၃၀ အကြား ရေးသားခဲ့သည့် ဇီးဂမွန်ဖရွိုက်၏ အရေးအသားများတွင် မူလစိတ်ပညာရပ်ဆီသို့ ဆိုက်ကိုဒိုင်းနမစ်နည်းအားဖြင့် ချဉ်းကပ်ခြင်း အခြေခံမူများကို ဖြစ်ပေါ်လာစေသည့် သီအိုရီအစုအဝေး တစ်ရပ်ကို ဖွံ့ဖြိုးစေခဲ့သည်။ သူ၏ သီအိုရီများမှာ ဆေးခန်းများမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကုသနေစဉ်အတွင်း ဝေဒနာရှင်တို့မှ သူ့အားပြောပြသော အချက်များအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။ ဆိုက်ကိုဒိုင်းနမစ်ကုထုံးမှာ အများအားဖြင့် စိတ်ကျမှုနှင့် စိုးရိမ်စိတ်နှင့်ဆက်နွယ်သည့် စံလွဲရောဂါ ဝေဒနာရှင်များကို ပြုစုကုသပေးခြင်း ဖြစ်ပါသည်။


ဆိုက်ကိုဒိုင်းနမစ် ချဉ်းကပ်နည်း အယူအဆများ

ကျွန်တော်တို့၏ အပြုအမူများနှင့် ခံစားချက်များကို မသိစိတ်၏ စေ့ဆော်မှုများမှ အားကောင်းစွာ သက်ရောက်ရိုက်ခတ်မှု ရှိစေသည်။

အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် ကျွန်တော်တို့၏ အပြုအမူနှင့် ခံစားချက်များမှာ (စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အပါအ၀င်) ငယ်စဉ် ကလေးဘ၀အတွေ့အကြုံများတွင် အခြေစိုက်သည်။

အပြုအမူ အားလုံးတွင် အကြောင်းရင်းရှိသည်။ များသောအားဖြင့် မသိစိတ်တွင်ဖြစ်ပေါ်သည့် အကြောင်းရင်း ဖြစ်သည်။ လျှာကိုသပ်လိုက်သည့် အသေးစား အပြုအမူလေး တစ်ခုတွင်သော်မှ အကြောင်းရင်းရှိသည်။ ထို့ကြောင့် လူ့အပြုအမူများ အားလုံးသည် သတ်မှတ်ပြဌာန်းပြီး ဖြစ်၏။

ကိုယ်ရည်ကိုယ်သွေးသည် အစိတ်အပိုင်း (၃) မျိုးဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ “သုံးပွင့်ဆိုင်” Tripartite ဟုခေါ်သည်။ ၎င်းတို့မှာ

(၁) အာရုံသိ မောင်းနှင်အား (Instinctive Drives) “အိုင်ဒီ” ဟု အတိုကောက်ခေါ်သည်။
(၂) အတ္တ (Ego) နှင့်
(၃) မဟာအတ္တ (Super- Ego) တို့ ဖြစ်ကြသည်။

အပြုအမူများကို အာရုံသိ မောင်းနှင်အား နှစ်မျိုးအားဖြင့် လှုံ့ဆော်မှု ပြုသည်။ Eros ဟု ခေါ်သည့် လိင်ပိုင်းဆိုင်ရာ မောင်းနှင်အားနှင့် ဘ၀ပေးအသိ ပေါင်းစပ်ထားသော အရာနှင့်၊ Thanatos ဟု ခေါ်သည့် ရန်လိုဒေါသ မောင်းနှင်အားနှင့် မရဏအသိပေါင်းစပ်ထားသည့် အရာတို့ ဖြစ်ကြသည်။ အဆိုပါ မောင်းနှင်အား နှစ်မျိုးလုံးသည် “အိုင်ဒီ” မှ ဆင်းသက်လာသည်။

မသိစိတ်၏ အစိတ်ပိုင်းများဖြစ်သည့် “အိုင်ဒီ” နှင့် “မဟာအတ္တ” တို့မှာ သိစိတ်၏ အစိတ်အပိုင်းဖြစ်သည့် “အတ္တ” နှင့် အမြဲမပြတ် ထိပ်တိုက်ပဋိပက္ခ ဖြစ်နေသည်။

ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ ကလေးဘ၀၏ ခြားနားသော အချိန်များတွင် ခြားနားသော ပဋိပက္ခများမှ ပြုပြင်စီမံထားသည့် မောင်းနှင်အားများက ပုံသွင်းထားသည့်အရာ ဖြစ်သည်။


ဆိုက်ကိုဒိုင်းနမစ်အပေါ် ဝေဖန်ချက်

ဆိုက်ကိုဒိုင်းနမစ်ချဉ်းကပ်နည်းအား အကြီးမားဆုံး ဝေဖန်ထောက်ပြစရာမှာ ၎င်းသည် လူ့အပြုအမူများကို သရုပ်ခွဲလေ့လာရာတွင် သိပ္ပံနည်းမကျခြင်းပင် ဖြစ်ပါသည်။ ဖရွိုက်၏ သီအိုရီများကို ဗဟိုပြုသည့် အယူအဆ များစွာမှာ တစ်သီးပုဂ္ဂလဆန်ပြီး သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးရန် မဖြစ်နိုင်ခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် “မသိစိတ်” နှင့် “သုံးပွင့်ဆိုင် ကိုယ်ရည်ကိုယ်သွေး” အယူအဆများကို မည်ကဲ့သို့ သိပ္ပံနည်းကျ လေ့လာမည်နည်း။ ဆိုက်ကိုဒိုင်းနမစ်ရှုထောင့်၏ အရောင်အ၀ါသည် မှားယွင်းကြောင်း သက်သေပြနိုင်မှုမရှိသလို တစ်ဘက်တွင်လည်း သိပ္ပံနည်းကျကျ လက်တွေ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသည့် သီအိုရီများသာ ဖြစ်ပေသည်။

ထို့ပြင် ဆိုက်ကိုဒိုင်းနစ် သီအိုရီများအတွက် သဲလွန်စအများစုမှာ ဖရွိုက်၏ “ကန့်သတ် လေ့လာမှု” (Case Study) များမှသာ ယူငင်ထားခြင်း ဖြစ်ပါသည် (ဥပမာ- Little Hans) ။ ဤနေရာတွင် အဓိကပြဿနာမှာ “ကန့်သတ်လေ့လာမှု” များသည် လူတစ်ယောက်အပေါ်တွင် အသေးစိတ်လေ့လာမှုများကိုသာ အခြေခံထားခြင်းဖြစ်ရာ ဖရွိုက်နှင့်ပတ်သက်၍ ဆိုရလျှင် သူ မေးခွန်းထုတ်ခဲ့သည့်လူများမှာ သူ၏ လူနာများဖြစ်သော ဗီယန်နာမြို့မှ လူလတ်ပိုင်း အမျိုးသမီးများသာ အများဆုံးဖြစ်ခဲ့သည်။ ၎င်းတို့ကို အခြေခံထားသည့် အယူအဆများကို ပိုမိုကျယ်ပြန့်သည့် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ယေဘုယျချနိုင်ဖို့ရာ ခက်ခဲပါသည်။

လူသားဝါဒဆိုင်ရာ ချဉ်းကပ်ဝေဖန်မှုတွင်သော် ဆိုက်ကိုဒိုင်းနမစ်ရှုထောင့်မှာ အလွန် ပုံသေကားကျနိုင်လွန်း နေပြီး လူတို့၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အယူအဆအတွက် နေရာကွက်ကွက်လေးသာ ကျန်ရှိပေတော့သည်။ လူသား၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free Will) အတွက် အလွန်ဘောင်ကျဉ်းသွားပြီဟု ဝေဖန်ထောက်ပြခြင်း ဖြစ်ပါသည်။

◄ တေဇာ ► ဇန်န၀ါရီ (၇) ၂၀၁၀

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA