Skip to main content

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။

Psychosis (အရူးရောဂါ)


စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben  ဆိုသူက “ရူးသွပ်မှု” (Insanity) နှင့် “စိတ်ကြွခြင်း” (Mania) ဟူသော စကားလုံးနှစ်လုံးနေရာတွင် အစားထိုးသည့် အနေဖြင့် စတင်သုံးစွဲခဲ့သည်။ ဂရိဝေါဟာရ “ဆိုက်ခီ” (Psyche) သည် “စိတ်” (Mind) ကို ရည်ညွှန်း၍ -osis သည် ရောဂါ (သို့မဟုတ်) ပုံမှန်အခြေအနေ မဟုတ်ခြင်းကို ရည်ညွှန်းသည်။

ယနေ့တွင် Psychosis နှင့် Insanity ဟူသော အသုံးအနှုန်းတို့၏ ခြားနားချက်သည် ကွာဟမှု ရှိပါသည်။ “ရူးသွပ်ခြင်း” (Insanity) ဟူသည်မှာ တရားရုံး၊ စသည်ကဲ့သို့ ဥပဒေဆိုင်ရာ နောက်ခံကားတွင် မိမိ၏ အပြုအမူအတွက် တာဝန်ခံနိုင်ခြင်း မရှိသည့် လူပုဂ္ဂိုလ်တို့အား သတ်မှတ် ရည်ညွှန်းရန် အဓိက သုံးစွဲသည်။ အခြားတစ်ဘက်တွင် Psychosis ဟူသော အသုံးသည်မူ စနစ်တကျ စမ်းသပ်တွေ့ရှိ ထားသည့် (Diagnostic)  ရောဂါမျိုး မဟုတ်ဘဲ “စိတ်စံလွဲမှုဆိုင်ရာ ရောဂါရှာဖွေရေးနှင့် စာရင်းအင်းလက်စွဲ” (Diagnostic and Statistical Manual of Mental Disorders) (သို့မဟုတ်) DSM အောက်ရှိ စိတ်ရောဂါ အများအပြား၏ အခြေခံ “ရောဂါလက္ခဏာ” တစ်ရပ်သာ ဖြစ်ပါသည်။



Psychosis ဖြစ်ရသည့် အခြေခံအကြောင်းရင်း သုံးရပ် ရှိပါသည်။ ၎င်းတို့မှာ “မူလအခြေခံ” (Functional) ဖြစ်သည့် “စိတ်ကစဥ့်ကလျား ရောဂါ” (Schizophrenia) နှင့် “ဒွိဝင်ရိုး စံလွဲမှု” (Bipolar Disorder) ကဲ့သို့သော စိတ်ရောဂါများကြောင့် ဖြစ်နိုင်သည်။ ဒုတိယအချက်အနေဖြင့် “ဦးနှောက်အမှေးယောင်ခြင်း” နှင့် “အိပ်ရေးပျက်ခြင်း” စသည့် စိတ်ပိုင်းဆိုင်ရာမဟုတ်သည့် အခြေအနေများကြောင့်သော်လည်းကောင်း၊ ဆေးဝါးများကြောင့်သော်လည်းကောင်း ဖြစ်ရသည့် “ဓာတုဓာတ်” (Organic) များ ကြောင့်လည်း ဖြစ်နိုင်သည်။  နောက်ဆုံးတစ်ချက်အနေဖြင့် Barbituates, Amphetamines နှင့် Hallucinogens စသည့် စိတ်ကြွစေသည့် ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပေသည်။

Psychosis ဖြစ်နေစဉ်အတွင်း စိတ်ကူးယဉ်အာရုံမှောက်မှားတွေးခြင်း (Hallucination) ၊ ယုံမှားခြင်း (Delusion) ၊ စိုးရိမ်လွန်ခြင်း (Paranoia) တို့နှင့် ပုံစံလွဲ တွေးခေါ်ခြင်း (Disordered Thinking) များ ဖြစ်ပွားနိုင်သည်။ Psychosis ကို အမြဲတမ်းဖြစ်နေမည်ဟု မှတ်ယူရန် မလိုပါ။ နာတာရှည် စိတ်ကျန်းမာရေး ချို့တဲ့နေစဉ်နှင့် ကျန်းမာနေစဉ်တွင်ပါ နှစ်မျိုးလုံးတွင် ဖြစ်ပေါ်နိုင်သည်။ Anti-psychotic ဆေးဝါးများသောက်ရန် ဆေးစာပေး လမ်းညွှန်ခြင်း၊ “စိတ်ရောဂါကုထုံး” (Psychotherapy) တို့ဖြင့် ကုသခြင်းနှင့် ရောဂါပြင်းထန်သူများကိုမူ ဆေးရုံတွင် ကာလအတိုင်းအတာ တစ်ခုထား၍ ကုသပေးခြင်းမျိုးတို့ဖြင့် ကုစားနိုင်ပါသည်။

Neurosis (မရူးတရူး ပြဿနာ)


Neurosis ဟူသော အသုံးအနှုန်းကိုမူ ပုံမှန်အတွေးများနှင့် နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများအား မထိခိုက်စေသည့် စိတ်ကျဆင်းမှုများအတွက် ရည်ညွှန်းသုံးစွဲသည်။ ဤဝေါဟာရကို William Cullen ဆိုသူက ၁၈ ရာစုတွင် စတင်သုံးစွဲခဲ့ပြီး “ဇီးဂမွန်ဖရွိုက်” အခြေပြုခဲ့သည့် “စိတ်သရုပ်ခွဲ” (Psychoanalysis) ဟူသည့် စကားလုံးကို စိတ်ပညာကျောင်းများတွင် သုံးစွဲနေခြင်းအပေါ် လက်ခံခြင်းမရှိသည့် အနေဖြင့် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

DSM စာရင်းထဲတွင် Neurosis ကို စိတ်ရောဂါရပ်အနေဖြင့် ထည့်သွင်းဖော်ပြထားခြင်း မရှိတော့သော်လည်း ၎င်းသည် “စွဲလန်းလွန်ခြင်း” (Obsessive-compulsive) ၊ “နာတာရှည် သောက” (Chronic Anxiety) ၊ “အကြောက်ရောဂါများ” (Phobias) နှင့် Pyromania ကဲ့သို့ အလိုလို မီးရှို့လိုစိတ် ဖြစ်ပေါ်နေသည့် စိတ်ရောဂါမျိုးများနှင့် ဆက်နွယ်မှု ရှိသည်။

ဂရိဝေါဟာရ ရင်းမြစ်အရ Neuron သည် နာ့ဗ်ကြော (Nerves) များကို ရည်ညွှန်းပြီး -osis သည် ရောဂါ ဖြစ်သည်ကို ထောက်ခြင်းဖြင့် ၎င်းသည် စံလွဲမှုပင် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ Neurosis သည် သိမ်မွေ့သော နည်းအားဖြင့် သက်ရောက်မှု ရှိစေသည်။ ထိခိုက်မှု ရှိစေသော Neurosis ဆိုင်ရာ အတွေးများနှင့် အပြုအမူများတွင်သာ ပြဿနာသည် တည်ရှိနေပါသည်။ ပုံမှန်နေစဉ်ဘ၀ကိုမူ ထိုခိုက်စေခြင်း မရှိပါ။

Neurosis ကို ပုံမှန်အားဖြင့် စိတ်သရုပ်ခွဲနည်း (Psychoanalysis) နှင့် အခြားသော စိတ်ပညာကုထုံးများအားဖြင့် ကုသမှု ပေးသော်လည်း အငြင်းပွားစရာများ ရှိနေပါသည်။ အာရုံကြောစနစ် (Nervous System) ၏ စံလွဲမှုတစ်ခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ထားသည့် Neurosis ကို တိကျစွာ ရောဂါရှာဖွေရန် ဖြစ်နိုင်ခြင်းရှိမရှိ ဟူသော အချက်နှင့်ပတ်သက်၍ Neurosis ဆိုင်ရာ အကြံပေးကုသသူများကို ဝေဖန်ထောက်ပြခြင်းများ အများအပြား ရှိနေသည်။

◄ တေဇာ ► ဇန်န၀ါရီ (၂၁) ၂၀၁၀

Ref: Psychosis Vs. Neurosis - Definitions & Differences

Comments

  1. စိတ်ဝင်စားတယ်။

    နည်းနည်းပိုပြီး ရှင်းပြရင်ကောင်းမယ်။ ဒီ post မပြီးသေးဘူးလို့လည်း စိတ်ထဲမှာ ထင်မိတယ်။

    ReplyDelete
  2. Definitions နဲ့ Differences ကိုပဲ အဓိက ပြောချင်တာပါ။ ဝေါဟာရတွေက ရှုပ်နေတော့ နားလည်မလွယ်ဘူး ဖြစ်နေတယ်။ အဖြစ်များတဲ့ စိတ်ရောဂါတွေကို မြန်မာပြန်ပြီး တင်ပါမယ်။ Bipolar Disorder လိုမျိုး ရောဂါတွေက အဖြစ်များတဲ့ ဟာတွေပဲ။ စိတ်ပညာဆိုင်ရာ မြန်မာအဘိဓာန်ကို လက်လှမ်းမမီတာလည်း ပါမယ်။ ဒီပို့စ်ကတော့ မှတ်စုထုတ်ထားတဲ့ သဘောမျိုးလောက်ပါပဲ။

    ReplyDelete
  3. အဓိကကတော့ ဆိုက်ကိုးဆစ် ဆိုတာက ရူးတဲ့သဘောကို တိုက်ရိုက်ပြောတာ။ အရူးလက်မှတ်ရတဲ့ သဘောမျိုးပေါ့။ အမှုအခင်း ဖြစ်ရင်လည်း တာဝန်မရှိတော့တဲ့ သဘောပဲ။

    နျူရိုးဆစ်ကျတော့ မနာလိုစိတ်၊ စိုးရိမ်စိတ်၊ လောဘကြီး၊ ဒေါသကြီး စသည်ပေါ့... စိတ်ပညာနည်းနဲ့ ကုမရတဲ့ အနုစား စိတ်နေစိတ်ထားတွေကို ပြောတာပါ။

    ReplyDelete
  4. ဒါဆို ဘုရားကု ကုမှ ပျောက်မှာမျိုး ထင်တယ်။ (ကိုယ်လိုဟာမျိုးပေါ့) :) တခုတော့ရှိတယ်။ အဲလိုလူမျိုးတွေက ပျောက်မယ့်နည်းသိတောင် ပျောက်သွားမှာ စိုးရိမ်နေတတ်ကြတယ် ထင်တယ်။ ကိုယ့်အထင်အမြင်မို့ မှားကောင်းမှားနိုင်ပါတယ်။

    ဒေါသ လောဘ မောဟ ဆိုတာကလည်း (မကောင်းဘူးလို့ သညာသိကလေးနဲ့ သိရုံမျှသာ ဆိုရင်) အင်မတန် စွဲကိုင် မွေ့လျော်ချင်စရာ ကောင်းတာကလား။

    စိတ်ပညာကို စိတ်သာဝင်စားတာ။ နည်းကျကျတော့ နားမလည်ပါဘူး။ သေချာလဲ မလေ့လာဖူးဘူး။ ကြုံကြိုက်လို့ ဖတ်မိရင်တော့ အင်မတန် စိတ်ဝင်စားတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...