Skip to main content

မုန်တိုင်းစဲစ လေညင်းအား ခံစားခြင်း

သာယာသော ညနေခင်းတစ်ခုတွင် နာလန်ထစ လူတစ်ယောက်သည်...

လှိုင်းလေကင်းစင်သည့် နေ့တစ်နေ့တွင် လေညင်းခံရင်း မုန်တိုင်းအကြောင်း ကျွန်တော် အတွေးဆန့် နေမိသည်။ မုန်တိုင်းဟူသည်မှာ ကြမ်းတမ်းပြီး အင်အားကြီးမားသည်။ ၀ုန်းဒိုင်းကျဲပြီး ဖရိုဖရဲဆန်သည်။ အညှာအတာ ကင်းမဲ့သည်။ နောက်ဆုံး အသက်ကိုပါ အလွယ်တကူ နုတ်ယူသွားနိုင်သည်။ ဤသို့ မုန်တိုင်း၏ စွမ်းရည်များအားလုံး လောကဓံတွင် ရှိနေသည်။ လောကဓံနှင့် ရုပ်ချင်းဆင်သည့် အရာတစ်ခုကို ပြပါဆိုလျှင်  မုန်တိုင်းကိုပင် “သူပေါ့” ဟူ၍ ကလေးတစ်ယောက်လို ကျွန်တော် လက်ညှိုးထိုးပြ မိပေမည်။

ထို့ကြောင့် မုန်တိုင်းကို ကဗျာများ စာများထဲတွင် လောကဓံ၏ နိမိတ်ပုံတစ်ခုအဖြစ် ဖွဲ့ဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ ခပ်ငယ်ငယ်က ရုပ်မြင်သံကြားတွင် ကြည့်ခဲ့ရဖူးသည့် “လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မတတ်သာ” ဆိုသည့် သီချင်းသံနှင့်အတူ လဲကျသွားသော သစ်ပင်ကြီးများကို သဲ့သဲ့မျှ သတိရမိသည်။ အတောင်ပံတွေက မီးထတောက်လောက်အောင် မုန်တိုင်းအတွင်း အားခဲပျံသန်းနေသော ငှက်တစ်ကောင် အကြောင်း သီချင်းစာသားအချို့ ခေါင်းထဲရောက်လာသည်။ အပြင်တွင်မြင်ဖူးသည့် မင်းသားတစ်လက်လို “နာဂစ်” ဆိုသည့် နာမည်တစ်ခုကလည်း မှတ်ဉာဏ်တွင် အရိပ်ထင်နေသည်။ မုန်တိုင်းတို့သည် နေရာအနှံ့အပြားတွင် အသွင်ကွဲအမျိုးမျိုးနှင့် အပြင်းအထန် တိုက်ခတ်နေသည်။ လူတို့၏ အသက်ကို အစဉ် ခြိမ်းခြောက်နေသည်။ မုန်တိုင်းသည် အချိန်းအချက်မရှိဘဲ မထင်မှတ်သည့်အချိန်တွင် ရှောင်တခင် ၀င်ရောက်လာနိုင်သည်။




လူတစ်ယောက်အပေါ် ထိုးနှက်ချက် စကားလုံးများသည်လည်း မိုးသက်လေပြင်းများပင် ဖြစ်သည်။ မိုးသီးမိုးပေါက်များပမာ တဖွဲဖွဲရွာကျနေသော စကားလုံးများ၊ လေပြင်းမုန်တိုင်းပမာ တိုးဝှေ့တိုက်ခတ် နေသော စကားလုံးများ၊ စင်စစ် စကားလုံးမုန်တိုင်းတို့မှာ တကယ့်မုန်တိုင်းထက်ပင် ပိုမို ကြောက်စရာကောင်း နေသေးသည်။ အခြားလူများ၏ စကားလုံး မုန်တိုင်းများအောက်တွင် လမ်းဆုံးသွားသည့် ဘ၀များ မရေတွက်နိုင်အောင် ရှိနေသည်။ တံတွေးပင်လယ်တွင် ပက်လက်ကူးနေရသည့် ဘ၀များ ရှိနေသည်။ အယူဝါဒဆိုင်ရာ ဆိုင်ကလုန်းများသည် အဆက်မပြတ် တိုက်ခတ်နေသည်။ စကားလုံးမုန်တိုင်းတို့သည် လူမရွေး နယ်မရွေးဘဲ  လူသားတို့အား အမြဲမပြတ် စိန်ခေါ်နေသည်။ မုန်တိုင်းသည် လောကဓံဆန်သည်ဆိုလျှင် စကားလုံးတို့သည်လည်း မုန်တိုင်း၏ အသွင်ကွဲတစ်မျိုး  ဟုပင် ဆိုရမည် ဖြစ်သည်။ ကျွန်တော့် ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ဆူညံလာသည်။ ဤသို့ တဖြည်းဖြည်း လှိုင်းထန်လာသော အတွေးများကို ကျွန်တော် အချိန်မီ ရပ်တန့်လိုက်ပါသည်။

တကယ်တော့ ကျွန်တော်၏ လက်ရှိ တည်နေရာအရပ်မှာ မုန်တိုင်းထဲတွင် ရှိနေခြင်းမဟုတ်ပါ။ ကြည်လင်သာယာနေသည့် ရပ်ဝန်းတစ်ခုတွင်သာ ကျွန်တော် ရပ်နေခြင်း ဖြစ်ပါသည်။ မိုးလေကင်းရှင်းပြီး ညင်သာသော လေညင်းလေးမျှသာ တိုက်ခတ်နေသည်။ မြင်နေရသည့် မြင်ကွင်း၏ သာယာလှပမှုသည် ကျွန်တော့်၏ စိတ်ကို ကြည်လင်လန်းဆန်းစေသည်။ တကယ်တော့ ဤသို့သော အခြေအနေမျိုးတွင် ဘာကြောင့် စိတ်ဒုက္ခရောက်ခံ၍ မုန်တိုင်းအကြောင်း  တွေးနေစရာ လိုပါသလဲ။ လတ်ဆတ်သည့် လေကို တ၀ကြီးရှူပြီး အပြင်တွင် အချိန်အတော်ကြာ ကျွန်တော် ရပ်နေမိသည်။ ယခုကဲ့သို့ နာလန်ထစ အခြေအနေတွင် လေကောင်းလေသန့် ရှူရှိုက်ပေးရန် လိုအပ်သည်။ အေးမြသော လေညင်းတွင် နှင်းဖွဲတို့၏ ရနံ့ ကပ်ပါနေသည်။ အချိန်နာရီအချို့ကို မေ့ပစ်ကာ မုန်တိုင်းစဲသည့် ခဏတာအား စိတ်လွတ်ကိုယ်လွတ် ရပ်တန့် ခံစားနေမိသည်။

မုန်တိုင်းအကြောင်း နားလည်ခဲ့သူတစ်ယောက်အနေဖြင့် သည်အချိန် သည်နေရာမျိုးကို ကျွန်တော် တန်ဖိုးထား ပါသည်။ မုန်တိုင်းသည် ကြိုတင်အသိပေးခြင်းမရှိဘဲ အချိန်မရွေး ပြန်လည်ဝင်ရောက်လာ နိုင်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ မုန်တိုင်းများရှိခဲ့ကြောင်း၊ ရှိလာဦးမည်ဖြစ်ကြောင်း သိရှိ၍သာ လေပြေညင်းတို့၏ နူးညံ့မှုကို ကျွန်တော် ခံစားနားလည်နိုင်ခြင်း ဖြစ်ပေမည်။ ထိုသို့တွေးမိစဉ်တွင် မိမိကိုယ်ကိုယ် ကျေနပ်နှစ်သိမ့်မှု တစ်ခုကို ကျွန်တော် ခံစားလိုက်ရသည်။ သာယာသော ညနေခင်းတစ်ခုတွင် မုန်တိုင်းအကြောင်း မတွေးသင့်ရခြင်း၏ အကြောင်းရင်းကို ကျွန်တော် ရှာဖွေတွေ့ရှိ ခဲ့ပါပြီ။ ၎င်းမှာ  ယခုရှူရှိုက်နေသည့် လေပြေညင်းပင် ဖြစ်ပါသည်။ ဘ၀၏ လှိုင်းကြီးလေထန် ဇာတ်လမ်းတွဲများကြားမှ ခဏတာ ကြော်ငြာဝင်သော နူးညံ့မှုလေးတစ်ခုပင် ဖြစ်ပါသည်။ ထို့နေ့က ထိုနေရာတွင် ကျွန်တော် အချိန်အတော်ကြာ ရှိနေခဲ့ပါသည်။

§ § § § § § §

ဒီနေ့တွင် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်ကို ကျွန်တော် ဖတ်ရသည်။ ဘောလုံးအသင်း နည်းပြများသည် အသင်းရှိ ဆယ်ကျော်သက်အရွယ် ကစားသမားလေးများအား သတင်းစာများက အလွန်အကျွံ ချီးကျူးရေးသားခြင်းကို မနှစ်သက်ခြင်းသဘောသည် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ “ထွန်းတောက်လာမည့် ကြယ်တစ်ပွင့်” ဟူသည့် အရေးအသားများသည် လူငယ်ခြေတက်တို့အား ဖိအား ဖြစ်စေသည်။ မိမိအပေါ်တွင် ထားရှိသည့် အခြားလူတို့၏ မျှော်လင့်ချက် ကြီးမားလေလေ၊ ဖိအားကြီးမားလေလေ ဖြစ်ပါသည်။ ထို့ကြောင့် အမျှော်အမြင်ရှိသည့် နည်းပြများက အသင်းရှိ တက်သစ်စ လူငယ်လေးများကို လျှို့ဝှက်ထားရန် အလိုရှိကြသည်။ မလိုလားအပ်သည့် ဖိအားများ မကျရောက်စေရန်  ကာကွယ်ပေးကြခြင်း ဖြစ်ပါသည်။ ဂုဏ်ထူးခြောက်ဘာသာရမည်ဟု မိဘက ခန့်မှန်းထားခြင်းခံရသည့် ကျောင်းသားတို့၏ ဖိအားမျိုး ဖြစ်ပါသည်။ လိမ္မာရေးခြား ရှိလှသည်ဟု သတ်မှတ်ခံရသည့် ကုပ်ကမြင်းတို့၏ အုံ့ပုံး ခံစားချက်မျိုး ဖြစ်ပါသည်။ အခြားလူတို့၏ မျှော်လင့်ချက်နှင့် ကိုက်ညီအောင် မိမိကိုယ်ကိုယ် မောင်းနှင်ရခြင်းအလုပ်သည် ပင်ပန်းလွန်းလှသည်။ ချိုသာသော စကားလုံးများသည်လည်း လူတစ်ယောက်အား ပညာသားပါပါဖြင့် ချောင်းဆိုးရင်ကြပ်ရောဂါ ရစေနိုင်သည်သာ ဖြစ်သည်။ တကယ်တော့ ကျွန်တော်က အိပ်ယာထဲတွင် အားကစားစာစောင် ဖတ်ရင်း ဤသို့ အတွေးဆန့်နေမိခြင်းသာ ဖြစ်ပါသည်။

လောလောဆယ်တွင် ကျွန်တော် လုပ်နိုင်သည်မှာ သည်တစ်ခုသာ ရှိသည်။ ယခု ကျွန်တော် ဖျားနေသည်။ နာလန်ထစတွင် အချိန်အတော်ကြာ လေညင်းခံလိုက်၍ ပြန်ဖြစ်ရသည်ဟု ဆရာဝန်က ပြောသည်။ လောကတွင် ရှူရှိုက်မိသည့် လေကအစ လူတစ်ယောက်ကို အန္တရာယ်ပေးနိုင်သည်။ တစ်တခါတရံ လောကဓံသည် လေပြေလေညင်းဆန်ဆန် ဟန်ဆောင်ဝင်ရောက် လာတတ်သည်။ ကနွဲ့ကလျနှင့် အစီအစဉ်တကျ ဒုက္ခပေးသည်။ နောက်ဆုံးတွင် လူတစ်ယောက်၏ အသက်ကို ညင်ညင်သာသာ ဖဲ့ချွေ နိုင်သည်။ ဤသို့ လောကဓံ၏ စွမ်းရည်များအားလုံး ကျွန်တော်မနေ့ကရှူရှိုက်ခဲ့သည့် လေညင်းတွင် ရှိနေသည်။ လောကဓံနှင့် ရုပ်ချင်းဆင်သည့် အရာတစ်ခုကို ပြပါဆိုလျှင်  ထိုလေညင်းကိုပင် “သူပေါ့” ဟူ၍ ကလေးတစ်ယောက်လို ကျွန်တော် ယခု လက်ညှိုးထိုးပြ မိပေတော့မည်။ လူမမာတစ်ယောက်၏ အတွေးများကိုသာ အိပ်ယာထဲမှနေ၍ ကျွန်တော် အကြိမ်ကြိမ်အခါခါ ဆက်တွေးနေမိသည်။ ရှူရှိုက်မိသမျှ လေတိုင်းသည် လောကဓံ ဆန်သည်။

◄ တေဇာ ► ဇန်န၀ါရီ (၁၆) ၂၀၁၀

Comments

  1. စာဖတ်သူJanuary 16, 2010 at 10:40 PM

    လောကဓံထဲက သာယာတဲ့လေပြည်ညှင်းရဲ့ ဘေးထွက်ဆိုးကျိုးကို လူတိုင်းလိုလိုမေ့နေတတ်ကြတယ်။
    စာလေးကောင်းလိုက်တာ။ you're great.
    အမှန်အတိုင်းပြောတာပဲ။ လေတိုက်မိပြီး အအေးပတ်သွားမယ်လို့ မထင်ပါဘူး :D

    ReplyDelete
  2. နလံထကာစ(ခန္ဒာကိုယ်ခုခံအင်းအားနည်းချိန်)တွင် ထိုလေညင်းနုနုလေးကိုပင် ခံနိုင်ရန် အင်အားမဲ့နေမည်အမှန်။
    ထို့အတူ စိတ်အင်အားနည်းချိန်(ကြေကွဲနေချိန်၊အားငယ်ချိန်တွင်) ဘာ(စကား)ပြောပြောလာ ခံနိုင်ရည်ရှိဖို့ အားနည်းနေမည်မှာအမှန်...။

    UU@!

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...