Skip to main content

အော်ဂလီ မှတ်စုများ (Nausea)

ကျွန်တော်၏ မှတ်ဉာဏ်များမှာ နတ်ဆိုး၏ ပတ္တာအိတ်ထဲမှ ဒင်္ဂါးပြားများ သဖွယ်သာဖြစ်၏။ ဖွင့်လိုက်စဉ်ဝယ် သစ်ရွက်သေများမှတစ်ပါး မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့...။ စာ (၅၂)

လူသားမျိုးနွယ်ကို ချစ်ခင်မှုမရှိဘူးလားဟု ခဏမျှ ကျွန်တော်တွေးလိုက်မိသည်။ တကယ်တမ်းကျတော့ ဒါဟာ သူတို့ရဲ့ တနင်္ဂနွေနေ့ပါပဲ၊ ကျွန်တော့်ဟာမှ မဟုတ်တာ။ (စာ- ၈၁)

ကျွန်တော်က တစ်ကိုယ်တည်း၊ လူအများစုမှာ အိမ်ပြန်ကုန်ပြီး ဖြစ်၏။ ညနေခင်းသတင်းစာ ဖတ်ခြင်းနှင့် ၀ိုင်ယာလက် နားထောင်နေကြ ပေလိမ့်မည်။ လိုက်ကာချချိန်နီးလာပြီဖြစ်သော ဤတနင်္ဂနွေနေ့သည် သူတို့အား ပြာမှုန်တို့၏ အရသာကိုသာ ချန်ထားခဲ့ပြီး သူတို့အတွေးများမှာ တနင်္လာနေ့ဆီသို့ ဦးတည်ပြီးလေပြီ။ ကျွန်တော့်အတွက်မူ တနင်္ဂနွေတနင်္လာ ဘာဆိုဘာမျှမရှိ။ အစီအစဉ်မကျမှုအတွင်း အချင်းချင်း တွန်းထိုးရွေ့လျောနေသော နေ့များသာ ရှိ၏။ ထို့နောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို လက်ခနဲ တွေးမိလိုက်၏။

မည်သည့်အရာမျှ မပြောင်းလဲခဲ့ပါ။ သို့တိုင် အရာအားလုံးသည် မတူကွဲပြားသည့် နည်းလမ်းအားဖြင့် တည်ရှိနေကြသည်သာ ဖြစ်၏။ ဤသည်ကို ကျွန်တော် ဖွင့်ဆိုမပြနိုင်ပါ။ ၎င်းသည် “အော်ဂလီ” ဆန်ဆန် အရာဖြစ်သည်။ သို့တိုင် ထိုနှင့် ဆန့်ကျင်ဘက်လည်းဖြစ်၏။ နောက်ဆုံးဝယ် စွန့်စားမှုတစ်ခုသည် ကျွန်တော့်ဆီ ဆိုက်ရောက်နေခဲ့ပါပြီ။ “ကျွန်တော်ဟူ၍ ဖြစ်ပျက်ခဲ့ပြီဆိုသည်နှင့် ကျွန်တော် ဒီမှာရှိနေပါသည်” ဟု ကျွန်တော် သိခဲ့ပါပြီ။ အဆိုပါ ကျွန်တော်သည် အမှောင်ထုတွင်းသို့ ထိုးဖောက်တိုးဝင်နေပြီး ၀တ္ထုတစ်ပုဒ်အတွင်းမှ သူရဲကောင်းပမာ ကျွန်တော် ပျော်ရွှင်နေပါသည်။ (စာ-၈၂)

ရိပ်သာလမ်းထက်သို့ တစ်ခါပြန်ရောက်ရှိလာခဲ့သော ကျွန်တော့်ကိုယ်ကျွန်တော် သတိပြုမိစဉ်ဝယ် ခါးသီးသည့် နောင်တမှတစ်ပါး အခြားမည့်သည့်အရာမျှ မကျန်တော့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။ “စွန့်စားခန်း ခံစားချက်ထက် ငါတန်ဖိုးထားတဲ့အရာ ဒီကမ္ဘာမှာ ရှိကောင်းမှရှိတော့မယ်။ ဒါပေမဲ့ သူက ရောက်ချင်တဲ့အခါ ရောက်လာတယ်။ မြန်မြန်ဆန်ဆန် ပြန်ထွက်သွားတယ်။ သူမရှိတော့တဲ့အချိန်မှာ ငါက ခြောက်သွေ့လွန်းစွာ ခံစားရတယ်။ ဒီလို တိုတောင်းပြီး မထင်မှတ်တဲ့ အလည်အပတ်ကို ငါ့ဘ၀ဟာ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်ဆိုတာ ပြဖို့များ ပေးခဲ့တာလား”

ကျွန်တော့်နောက်ကျောရှိ မြို့အတွင်းမှ လမ်းမီးတိုင်များ၏ အေးစက်စက်အလင်းနှင့် တောက်ပနေသော ဖြောင့်စင်းကြီးမားသည့် လမ်းမများ၊ အထုအထည်နှင့် လောကီထုပ္ပတ်လူတို့ဇာတ်များသည် သေဆုံးခါနီးပါပြီ။ ဤသည်မှာ တနင်္ဂနွေ၏ အဆုံးသတ်ပင် ဖြစ်ပါသည်။ (စာ-၈၄)

ဤသို့ ကျိုးကြောင်းဆီလျော်မှုမရှိသည့် ကိန်းကြီးခန်းကြီး ၀ါကျကို ကျွန်တော် မနေ့က မည်သို့ရေးသား နိုင်ခဲ့ပါသနည်း။
“ကျွန်တော်က တစ်ယောက်တည်းပါ။ ဒါပေမဲ့ စစ်သားတပ်ဖွဲ့တစ်ဖွဲ့ မြို့တွင်းသို့ ချီတက်ရောက်ရှိလာသလို ကျွန်တော် လမ်းလျှောက်လာခဲ့သည်”

အဆင်တန်ဆာ ဘာသာစကားနှင့် ပြောစရာ ကျွန်တော့်အတွက် မလိုအပ်ပါ။ တစ်စုံတရာသော အခြေအနေကို နားလည်သဘောပေါက်ရန်သာ ကျွန်တော် စာရေးခြင်းဖြစ်ပါသည်။ စာပေကို ကျွန်တော် သတိပြုရပါမည်။ ကျွန်တော်၏ဖောင်တိန်ကို စကားလုံးမရွေးဘဲ ဆက်လက်ရွေ့လျားနေစေရပါမည်။        (စာ- ၈၅)

အတိတ်ဆိုသည်မှာ ပစ္စည်းဥစ္စာပိုင်ဆိုင်သူတစ်ယောက်၏ ဇိမ်ခံပစ္စည်းသာဖြစ်၏။

ကျွန်တော့် အတိတ်ကိုရော ဘယ်နေရာတွင် ထားရမည်နည်း။ ခင်ဗျား၏ အတိတ်ကို အိတ်ကပ်ထဲ ထည့်ထားလို့မရနိုင်ပေ။ ခင်ဗျားတွင် ၎င်းကို ထည့်ထားစရာ အိမ်တစ်လုံး ရှိရပေလိမ့်မည်။ ကျွန်တော်သည် ခန္ဓာကိုယ်မှတစ်ပါး မည်သည့်အရာမျှ ပိုင်ဆိုင်မှုမရှိပါ။ တစ်ကိုယ်ရည်တစ်ကာယ ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုမှတစ်ပါး အခြားမရှိ…. မှတ်ဉာဏ်များကို မရပ်တန့်နိုင်ခဲ့။ ၎င်းတို့သည် သူ့ကို ဖောက်ထွင်းဖြတ်သန်းနေကြသည်။ ကျွန်တော့်အနေဖြင့် စောဒက မတက်သင့်ပေ။ ကျွန်တော် အစဉ် အလိုရှိခဲ့သည့် အရာအားလုံးမှာ လွတ်မြောက်ဖို့ပင်ဖြစ်ပါသည်။ (စာ- ၉၇)

ဘာသာပြန်သူ ◄ တေဇာ ► ဇန်န၀ါရီ (၃) ၂၀၁၀

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others