Skip to main content

ပစ်စလတ်ခတ် မိုးကြိုး (သို့) မြန်မာ့ရိုးရာ သေဒဏ်

ဒုတိယမြောက် မိုးကြိုး

နေရာတစ်ခုအား မိုးကြိုးနှစ်ခါပစ်လေ့ မရှိဟူသည့် အင်္ဂလိပ်စကားတစ်ခွန်း ရှိပါသည်။ ကြမ္မာဆိုးသည် လူတစ်ယောက်တည်းကို နှစ်ခါပြန် မရိုက်ခတ်နိုင်။ ကံဆိုးမိုးမှောင် ခြင်းသည် လူတစ်ယောက်ထံသို့ နှစ်ခါပြန် ရောက်မလာ နိုင်သည့် သဘောကို ရည်ညွှန်း သုံးစွဲသည်။ “မိုးကြိုးနှစ်ခါ မပစ်” (Lightning never strikes twice)  ဟု အတိုကောက် သုံးနှုန်းလေ့ ရှိသည်။ ဤ အင်္ဂလိပ် အီဒီယမ်၏ သဘောတရားအရ အမှန်တကယ်ပင် မိုးကြိုးနှစ်ခါပြန် မပစ်နိုင်ဘူးလား၊ တကယ့် လက်တွေ့ဘ၀တွင်ရော ထပ်ဆင့် ကြမ္မာငင် သူများ မရှိနိုင်ဘူးလား မေးခွန်းများသည် စိတ်ဝင်စားဖွယ် ကောင်းသည်။

စင်စစ် သိပ္ပံပညာအရ မိုးကြိုးသည် နေရာတစ်နေရာတည်းအား နှစ်ခါပင်မက ကြိမ်ဖန်များစွာ ပစ်ခတ်နိုင်ကြောင်း သက်သေပြပြီး ဖြစ်ပါသည်။ နယူးယောက်ရှိ Empire State Building သည် တစ်နှစ်လျှင် ၂၅ ကြိမ်ခန့် မိုးကြိုးပစ် ခံရလေ့ရှိသည်။ Roy Sullivan ဆိုသူမှာ ဘ၀တစ်သက်တာတွင် ခုနစ်ကြိမ်ခန့်မျှပင် မိုးကြိုးပစ်ခံခဲ့ရပြီး အသက်ရှင် လွတ်မြောက်ခဲ့သည်။ မိုးကြိုးလွှဲ (Lightning Rod) သည်ပင် တကယ်တမ်းအားဖြင့် မိုးကြိုးအား နေရာတစ်ခုသို့ ပစ်ခတ်စေရန် ဆွဲငင်ခြင်း ဖြစ်ပါသည်။ လိုရင်းမှာ သိပ္ပံနည်းကျ ရှုထောင့်အရ ကြည့်လျှင် မိုးကြိုးဟူသည် ပေါက်လွတ်ပဲစား လျှောက်ပစ်တတ်သည့်အရာသာ ဖြစ်ပါသည်။ တစ်ကြိမ် မသေခဲ့သော် ဒုတိယမြောက် အခွင့်အရေးကို မျှော်လင့်နိုင်သည်။ တစ်နေရာအား တစ်ကြိမ်တစ်ခါသာ ပစ်မည်ဟု စနစ်တကျ သတ်မှတ်ထားခြင်းမျိုး ရှိမနေပါ။


လက်တွေ့ဘ၀တွင်လည်း မိုးကြိုးပစ်ခတ်သလို နင့်နင့်နဲနဲ ကြမ္မာငင်မှုမျိုးများသည် လူတစ်ဦးတည်းထံသို့ နှစ်ကြိမ် ၀င်မလာပါဟု ကံသေကံမ မပြောနိုင်ပါ။ ဆိုးဆိုးရွားရွား တစ်ကြိမ် အသည်းကွဲဖူးသော် နောက်တစ်ကြိမ် ထပ်မကွဲနိုင်တော့ဟု အရပ်စကားများတွင် သုံးစွဲကြသည်။ တစ်ဦးတစ်ယောက်အတွက် မှန်ကန်နိုင်သော်လည်း လူအားလုံးအတွက်မူ မှန်ကန်သည်ဟု ဆိုနိုင်မည်မဟုတ်တော့ပါ။ အသည်းနုသဖြင့် နှစ်ခါကွဲသည်၊ မကြာခဏကွဲသည် ဆိုသူများလည်း မြင်တွေ့နိုင်သောကြောင့် ဖြစ်ပါသည်။ အခြားတစ်ခု အနေဖြင့် AIDS ရောဂါသည် လူတစ်ဦးထံသို့ နှစ်ကြိမ် မစွဲကပ်နိုင်ခြင်းမျိုးတော့ ရှိနိုင်ပါသည်။ တစ်ကြိမ်နှင့် လုံလောက်သည်ဟု ယူဆနိုင်သော ခြွင်းချက်မျိုး ဖြစ်ပါသည်။ (ဤသည်မှာလည်း ဆေးမရှိသေးသော ကြောင့်သာ ဖြစ်ပါသည်) ထို့ကြောင့် မိုးကြိုးသည် သိပ္ပံနည်းအရ ပစ်စလတ်ခတ် ပစ်နိုင်သလို လက်တွေ့ဘ၀တွင်လည်း ကြမ္မာဆိုးသည် လူတစ်ယောက်တည်းအား ၀ရုန်းသုန်းကား ရိုက်ခတ်နိုင်ပါသည်။ ဤနေရာတွင် လတ်လတ်ဆတ်ဆတ် သာဓက တစ်ခုကို ထောက်ပြချင်ပါသည်။

မြန်မာ့ရိုးရာ သေဒဏ်

မကြာသေးခင်က အငြိမ်းစားဗိုလ်မှူး ၀င်းနိုင်ကျော်ဆိုသူအား တိုလီမုတ်စ ပုဒ်မများ တပ်၍ အားလုံးပေါင်း ထောင်ဒဏ် နှစ် (၂၀) အပြင်၊ သေဒဏ်ပါချမှတ်လိုက်သည် ဆို၏။ ဤမျှလောက် ပစ်စလတ်ခတ်ပစ်သည့် မိုးကြိုး ရှိနိုင်ပါသလော။ ဥပဒေပညာဆိုင်ရာများကို ခေတ္တဘေးချိတ်၍ ကလေးအတွေးဖြင့်တွေးသော ယုတ္တိဗေဒ အမြင်နှင့် ဆန်းစစ်ကြည့်ပါမည်။

ယနေ့ခေတ် ကျင့်သုံးနေသည့် ဥပဒေပညာဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် အမြင့်ဆုံး ပြစ်ဒဏ်သည် “သေဒဏ်” (Capital Sentence or Death Penalty) ဖြစ်ပါသည်။ သေဒဏ်ကိုသော်မှ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကျင့်သုံးခြင်း မရှိ။ ဒုတိယကမ္ဘာစစ်မှ စတင်၍ သေဒဏ်အား ဖယ်ရှားနိုင်ရန် တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့ကြသည်။ ၁၉၇၇ တွင် (၁၆) နိုင်ငံသည် ဖယ်ရှားပြီး ဖြစ်ပါသည်။ ယနေ့တွင်သော် နိုင်ငံပေါင်း (၉၅) နိုင်ငံသည် သေဒဏ်အား ဖယ်ရှားပြီး ဖြစ်သည်။ (၉) နိုင်ငံသည် အရေးပေါ် အခြေအနေမှအပ ကျန်ပြစ်မှုများ အားလုံးအတွက် ဖယ်ရှားပြီး ဖြစ်သည်။ (၃၅) နိုင်ငံသည် ပြစ်ဒဏ်တည်ရှိနေဆဲ ဖြစ်သော်လည်း အနည်းဆုံး (၁၀) နှစ်ခန့် အသုံးပြုခြင်း၊ အသက်ဝင်လှုပ်ရှားခြင်းမရှိတော့ဘဲ ရပ်တန့်နေခဲ့ပြီး ဖြစ်သည်။ ဆက်လက် ကျင့်သုံးနေဆဲ နိုင်ငံသည် (၅၈) နိုင်ငံသာ ကျန်ရှိတော့သည်။

သေဒဏ်ကို ရက်ရက်ရောရော အပေးဆုံး နိုင်ငံမှာ “တရုတ်” ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ သုတ်သင်နေသလောဟု ထင်ရလောက်အောင်ပင် ၂၀၀၈ ခုနှစ်တွင် လူပေါင်း (၁၇၀၀) မှ (၅၀၀၀) အကြား ကွပ်မျက်သုတ်သင်ခဲ့ ပါသည်။ အခြား သေဒဏ်ရက်ရောသည့် နိုင်ငံများစာရင်းတွင် အီရန်၊ အီရတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများလည်း မပါမဖြစ်ပါဝင် နေသည်။ “အန်ကယ်ဆမ်” (USA) ကြီးပင် ဝေဖန်မှုများကြားမှ ထိုးထိုးထောင်ထောင် ပါဝင်နေသေးသည်။ လိုရင်းမှာ “သေဒဏ်” ခေါ် Death Penalty သည် ယနေ့ ခေတ်သစ်အမြင်တွင် (ဘာသာရေးအမြင်အရ/ လူ့ကျင့်ဝတ်အမြင်အရ) အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေခဲ့ပြီ ဖြစ်ကြောင်း မငြင်းနိုင်တော့ပါ။

“မြန်မာ့ရိုးရာ သေဒဏ်” ကိုမူ သူ့ထက်ကဲဟုပင် ခေါ်ရတော့မည်။ ထောင်ဒဏ် နှစ် (၂၀) အပြင် သေဒဏ်ကိုပါ “တစ်ပြိုင်တည်း” ကျခံစေရန် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် စာရွက်ပေါ်တွင် ရေးရန်အတွက်ပင် ယုတ္တိ ကင်းမဲ့လှသည်။ စင်စစ် သေဒဏ်ပေးမည် ဆိုလျှင် မည်သည့် ပြစ်ဒဏ်မှ တစ်ပြိုင်နက်တည်း ကျခံစေရန် မဖြစ်နိုင်တော့။ သေဒဏ်ဟူသည် တရားခံ၏ ငယ်ထိပ် တည့်တည့်အား မိုးကြိုးပစ်ချလိုက်သည့် အကြီးလေးဆုံး အပြစ်ဒဏ်ကြီးပင် ဖြစ်ပါသည်။ မိုးကြိုးပစ်နေတုန်း ကြာပွတ်နဲ့ပါ ရိုက်စေဟု အမိန့်ချခြင်းနှင့် ခပ်ဆင်ဆင်တူသည်။ ရယ်စရာကောင်း လွန်းလှပြီး ယုတ္တိကင်းမဲ့လှပါသည်။ အကယ်၍ ထောင်ဒဏ်နှစ် (၂၀) ကို အရင်ကျခံစေပြီး ပြည့်မှ သေဒဏ်ကျခံခိုင်းလျှင်မူ ယုတ္တိတော့ ရှိသည်။ သို့သော် လူ့ကျင့်ဝတ်အမြင် (သို့မဟုတ်) လူသားပီသမှု၊ ကိုယ်ချင်းစာတရား အမြင်အရကြည့်သော် မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိတော့။ ထိုသို့ ချမှတ်ခြင်းမျိုးလည်း တစ်ခါမှ မကြားခဲ့ဖူးပါ။ (ကျွန်တော် မကြားဖူးခြင်းကို ပြောခြင်း ဖြစ်၍ ခြွင်းချက် ရှိကောင်း ရှိနေနိုင်ပါသည်) အမေရိကန်နိုင်ငံတွင် ၁၉၉၅ ခုနှစ်က အပြစ်မဲ့ပြည်သူပေါင်း (၁၅၈) ဦး သေဆုံးစေခဲ့သော ဥက္ကလာဟိုးမား ဗုံးခွဲမှု၏ တရားခံ၊ အမေရိကန်နိုင်ငံသား “တင်မက်ဗွိုက်” (Timothy McVeigh) ဆိုသူကိုပင် သေဒဏ်တစ်ခုတည်းသာ ချမှတ်ခဲ့ပါသည်။ သေဒဏ်ချမှတ်ခဲ့လျှင် တစ်ခုတည်းနှင့်ပင် လုံလောက်သည်ကို ဆိုလိုရင်း ဖြစ်ပါသည်။ သေဒဏ်အပြင် ကျန်ရှိသည့် စည်းစိမ်ဥစ္စာများကို သိမ်းဆည်းခြင်းမျိုးများ ရှိနေနိုင်ပါသည်။ သေဒဏ်နှင့်ထောင်ဒဏ် တစ်ပြိုင်နက် ကျခံစေရန် မဖြစ်နိုင်ခြင်းကို အထူးပြုပြောကြားခြင်း ဖြစ်ပါသည်။

ကြားဖူးနားဝ အနေဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်သော် ထောင်ဒဏ်နှစ် (၂၀) ကျခံရသည့် အကျဉ်းသားတစ်ဦး ထောင်ထဲတွင် သေဆုံးခဲ့သော် “၀ိညဉ်” ကို ပင် ထွက်ခွာခွင့် မပေးဘဲ၊ (အမိန့်ပြန်တမ်း မပေးဘဲ) ဆက်လက် ချုပ်နှောင်ထားလေ့ ရှိသည် ဆို၏။ ဤနေရာတွင် “၀ိညဉ်” အား ချုပ်နှောင်၍ ရမရ ငြင်းခုန်လိုရင်း မရှိသော်လည်း ဤသို့သော လုပ်ရပ်များမှာ ပြုလုပ်သူများ၏ အတွေးအခေါ် ခေါင်းပါးမှုကို ပြန်လှစ်ပြနေသည့် အချက်များသာ ဖြစ်သည်ဟု ဆိုချင်သည်။ ဦးနှောက်ပျက်နေသူများ၏ အတွေးအခေါ်သာ ဖြစ်သည်ဟု ယူဆပါသည်။


ဆန့်ကျင်ရေး

ဤသည်တို့ကို ကြည့်ခြင်းအားဖြင့် မိုးကြိုးဟူသည် အကြိမ်ကြိမ်အခါခါ ပစ်ခတ်နိုင်သလို ကြမ္မာဆိုးဟူသည်လည်း လူတစ်ယောက်အား လက်တွေ့အားဖြင့် အကြိမ်ကြိမ်အခါခါ ရိုက်ခတ်စေနိုင်ကြောင်း ထင်ရှားမည် ထင်သည်။ လူတစ်ယောက်သည် မိုးကြိုးစက်ကွင်းအား ကြိုတင်ရှောင်ရှားနိုင်ရန် မိုးကြိုးလွှဲသာ တပ်ဆင်စရာ လိုသည်။ သို့ရာတွင် လက်တွေ့ဘ၀၏ မိုးကြိုးစက်ကွင်းကိုမူ ကိုယ်ကျိုးအတွက်သာ မိုးကြိုးလွှဲဝယ်တပ်သလို တစ်ကိုယ်စာ အန္တရာယ်ကင်းအောင် ပုန်းရှောင်နေကြမည်ဆိုလျှင် စိတ်မနှံ့သည့် မိုးကြိုးမင်းသားများက ပစ်လို့ရသမျှ “စွတ်” ပစ်ပြနေဦးမည်သာ ဖြစ်သည်။ စင်စစ် လက်တွေ့ဘ၀တွင် ပစ်ခတ်နေသော မိုးကြိုးများကိုမူ မပစ်ခတ်နိုင်စေရန် ဆန့်ကျင် ရိုက်ချိုးရမည်သာ ဖြစ်ပါသည်။ မိုးကြိုးပစ်ခတ်လေ့ရှိရာ ရပ်ဝန်းအား ကြည်လင်သာယာအောင် လုပ်ရန်မှာ ထိုဒေသမှ လူများ၏ တာဝန်သာ ဖြစ်လိမ့်မည်။ ဦးနှောက်ပျက်နေသူများ ပစ်ခတ်နေသည့် ပစ်စလတ်ခတ် မိုးကြိုးများအား “လုံးဝ” ဆန့်ကျင်သည်။

မှတ်ချက်။     ။ ဤဆောင်းပါးတွင် သေဒဏ်တစ်ခုတည်းကိုသာ ချဲ့ပြခဲ့ပါသည်။ စင်စစ် အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ်အက်ဥပဒေ၊ ရုပ်ရှင်နှင့်ဗီဒီယို ဥပဒေ စသည့် ၀ရဇိန်လက်နက်ပမာ လိုရာဆွဲ ပစ်ခတ်နေသည့် ဥပဒေများအားလုံးကို ဆိုလိုရင်းဖြစ်ပါသည်။ ဥပဒေပုဒ်မများအား တိုက်ခိုက်ခြင်းထက် နှိပ်ကွပ်ရေးလက်နက်အဖြစ် အသုံးပြုနေသော “စစ်အစိုးရ” အား ဆန့်ကျင်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားမည် ထင်ပါသည်။ မြန်မာနိုင်ငံသည် စစ်မှန်သည့် တရားဥပဒေ စိုးမိုးမှု “လုံးဝ” မရှိသည့် နိုင်ငံ ဖြစ်သည်။


◄ တေဇာ ► ဇန်န၀ါရီ (၂၁) ၂၀၁၀

Reference:

Capital Punishment (Wikipedia)
Weather Imagery
Famous Trials
VOA News
RFA

Comments

  1. ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ဆန့်ကျင်နေတာလေ... ။ အရူးတွေ လွတ်နေကြောင်း ပြောချင်တာ အဓိက...။

    ReplyDelete
  2. မြန်မာ့ ရိုးရာ သေဒဏ်တဲ့လားဗျာ..(မြန်မာနည်း မြန်မာ့ ဟန်နဲ့ ချစ်စရာ စကားလုံးလေးလေပဲး)..။ ရှေးအစဉ်အလာသဘောမျိုး အသုံးအနှုန်း အတွက်တော့ အဘိုးအဘွားတွေ အားနာမိပါရဲ့...။ ခင်ဗျားမလည်း တော်တော် အပင်ပန်း ခံပြီး စစ်တမ်းတွေ တခုတ်တရ လိုက်ရှာ တင်ပြတာပါလား....တကယ်က အောက်ဆုံးက တပိုဒ်လောက်ဆိုရင်ကို ပြည့်စုံနေပါပြီ.ဗျာ.။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA