Skip to main content

ဖြစ်တည်မှုပဓာန ချစ်ဒဏ္ဍာရီ (သို့) ဆတ်နှင့် ဒီဘိုးဗွား

ယန်းပေါဆတ်သည် အမျိုးသမီးများ ၀န်းရံနေခြင်းကို သဘောကျနှစ်သက်သူ ဖြစ်သည်။ မကွယ်မ၀ှက်ဘဲ ဗြောင်ကျမြင်သာမှုကို များစွာ အားပေးထောက်ခံသူ တစ်ယောက်အနေဖြင့် အကြောင်းရင်းကိုလည်း သူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟခဲ့သည်။ “ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေ ရှိသလို ကျွန်တော်ကတော့ ချောချောလှလှကို ပိုသဘောကျတတ်ပါတယ်” ဟု “ဆတ်ပြောသော ဆတ်အကြောင်း” အင်တာဗျူးမှတ်တမ်းတွင် သူက ပြောပြခဲ့သည်။ “ပြီးတော့ သူတို့ဟာ ဖိနှိပ်ခံထားရတယ်ဆိုတဲ့ အချက်ပါ။ အလုပ်အကြောင်းတွေပြောပြီး သူတို့က ခင်ဗျားကို ပျင်းရိငြီးငွေ့အောင် လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အမျိုးသမီးတွေနဲ့ အတူရှိနေရတာကို ပျော်ရွှင်ပါတယ်။ စကားစမြည်ပြောတဲ့အချိန်မှာ အတွေးအခေါ်အကြောင်း တွေပါလာရင် ကျွန်တော် စိတ်မသက်မသာ ဖြစ်မိတာကြောင့်ပါ” ဟု ဆတ်က ဆိုသည်။ “ဆတ်ပြောသော ဆတ်အကြောင်း” ကို ၁၉၇၂ ခုနှစ်၊ ဆတ်၏အသက် (၆၆) နှစ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ အင်တာဗျူးသူများမှာ စစ်ပြီးနောက် ဆတ်တည်ထောင်ခဲ့သော Les Temps Modernes ဂျာနယ်မှ သစ္စာရှိ အပေါင်းအဖော်များ ဖြစ်ပါသည်။ ဆိုင်မွန်ဒီဘိုးဗွား ရှိလာချိန်မှစ၍ သူတို့နှစ်ဦး၏ ဆက်နွယ်မှုဒဏ္ဍာရီကို ဒီဘိုးဗွားကသာ ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း အခန်းတွင်းရှိလူများ နားလည်ကြသည့်အလျောက် ဤခေါင်းစဉ်နှင့်ပတ်သက်၍ ဆက်လက်ချဲ့ထွင်ရန် မည်သူမျှ အားပေးအားမြှောက်မပြုခဲ့ကြပါ။ သို့သော် အခန်းတွင်းရှိ အပေါင်းအဖော်များ အားလုံးက သူ့ အချိန်အတော်များများကို မိန်းမကိစ္စတွင် အသုံးပြုခဲ့ခြင်းကြောင့် ဆတ်သည် မိန်းကလေးများနှင့် အတူရှိနေရသည်ကို နှစ်သက်ကြောင်းလည်း သိကြပါသည်။

ဆတ်နှင့် ဒီဘိုးဗွားတို့၏ အဖော်ပြုမှု သဘောသဘာဝနှင့်ပတ်သက်၍ ၁၉၄၅ ခုနှစ်တွင် သူတို့နှစ်ဦး ရုတ်တရက် ထင်ပေါ်ကျော်ကြားသူများ ဖြစ်လာပြီးနောက်ပိုင်းတွင် မိတ်ဆွေသူငယ်ချင်းများအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်သလို လူထုအတွက်လည်း မဟုတ်ခဲ့ပေ။ အချုပ်အနှောင်မရှိ လွတ်လပ်စွာပေါင်းစည်းထားသော စုံတွဲ၊ ကော်ဖီဆိုင်မှာ ချိန်းတွေ့ပြီး စာရေးလေ့ရှိကြသူများ၊ မိတ်ဆွေအပေါင်းအသင်းများကို သီးသန့်စားပွဲတွင် တွေ့ဆုံကြသူများ၊ အခြားတစ်ပါးသော ဆက်ဆံရေးများ (အခြားသောအဖော်များနှင့် ချစ်ကိစ္စများကိုလည်း လက်ခံအသိအမှတ်ပြုခြင်း) ကို ကျေနပ်သာယာနိုင်လောက်အောင် လွတ်လပ်မှုရှိကြသူများ၊ သို့သော် စိတ်ဝိဉာဉ်နှင့် လက်ထပ်မှုပုံစံတစ်ရပ် (Soul Marriage) ကို ထိန်းသိမ်းထားကြသူများအဖြစ် ကျော်ကြားခဲ့သည်။ သူတို့နှစ်ဦး၏ အပြန်အလှန်နားလည်မှု တည်ဆောက်ထားသည့်ပုံစံမှာ ဖြစ်တည်မှုပဓာန၀ါဒ၏ ထူးခြားလေးနက်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၎င်းအချက်ကို ဒီဘိုးဗွားက သူမ၏ လေးအုပ်တွဲ ကိုယ်ရေးမှတ်တမ်း စာအုပ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ပြီး တင်းမာစွာခုခံချေပထားသည်။ ထိုကိုယ်ရေးမှတ်တမ်းများအားလုံးမှာ ပြင်သစ်ပြည်တွင် အကြီးအကျယ်လူကြိုက်များခဲ့ပြီး “တာဝန်ကျေသော သမီးတစ်ယောက်၏ မှတ်တမ်း” (Memoirs of a Dutiful Daughter [1958]) ၊ “ရွှေထီးဆောင်းချိန်” (The Prime of Life [1960]) ၊ “အခြေအနေ၏ အား” (Force of Circumstance [1963]) နှင့် “ပြောတာအားလုံး ပြီးပါစေ” (All Said and Done [1972]) တို့ ဖြစ်ကြသည်။ ဒီဘိုးဗွားနှင့် ဆတ်တို့က ဘူဇွာလူတန်းစားများ အလေးအမြတ်ထားသော လူမှုကျင့်ဝတ်ဆိုင်ရာ အချက်အလက်များကို အရောင်တောက် စေရန် ပြုလုပ်ခြင်းကို စိတ်ဝင်စားမှုမရှိကြပေ။ ဘူဇွာတို့၏ ကျင့်ဝတ်စံများကို မလေးစားခြင်းသည်ပင် အဓိကအချက်ဟု အတိအကျဆိုနိုင်ပေသည်။

ဆတ်နှင့် ဒီဘိုးဗွားတို့သည် ၁၉၂၉ ခုနှစ်တွင် ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ကြသည်။ ဆတ်က ၂၄ နှစ်ရှိပြီး ဒီဘိုးဗွားက ၂၁ နှစ် ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် တစ်နေရာအတွက် ပြင်သစ်ပညာရေးစနစ်၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် စာမေးပွဲ (Aggregation) ဖြေဆိုရန် သင်ယူလေ့လာ နေကြခြင်းဖြစ်သည်။  ဒီဘိုးဗွားသည် စတိုင်ကျ ချောမောသည့်မိန်းကလေး ဖြစ်ပြီး မေဟူး (Rene Maheu) ဟူသည့် ချစ်သူတစ်ယောက်ရှိသည်။ (ထိုမေဟူးကပင် သူမကို le Castor ဟူသည့် တစ်သက်တာ နာမည်ပြောင် ပေးခဲ့ပြီး “ဖျံ” ဟု အဓိပ္ပာယ်ရသည်) သို့သော် ဆတ်ကို မြင်ပြီးနောက် သူ၏အသွင်အပြင်အား အထင်ကြီးလေးစားကာ ချစ်ကျွမ်းဝင်ခဲ့သည်။ ဆတ်သည် အရပ်ခြောက်ပေမြင့်ပြီး သုံးနှစ်သားအရွယ်ခန့်ကပင် သူ၏ ညာဘက်မျက်လုံးမှာ လုံးဝမမြင်ရလုနီးနီးဖြစ်ခဲ့သည်။ သူ့အသားအရေနှင့် သွားတို့က မိမိကိုယ်ကို သပ်ရပ်သန့်ရှင်းအောင် ဂရုစိုက်ခြင်းမရှိကြောင်း ဖော်ပြနေသည်။ တမူထူးခြားသော လူစားများတွင် ရှိတတ်သည့် ရုပ်ဆိုးဆိုးဘုကျကျ ဟန်ပန်များကို သူက လိမ္မာပါးနပ်စွာ ယူငင်ဟန်ဆောင်ထားသည်။ တကယ်တော့ သူက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ခြင်းသာ ဖြစ်ပေသည်။ ထို့ပြင် သူသည် ဉာဏ်ထက်သည်။ ရက်ရောသည်။ အလိုက်အထိုက်ရှိသည်။ ရည်မှန်းချက်ကြီးသည်။ ခံစားချက်ကြီးပြီး အလွန် ရယ်ရသူတစ်ဦးလည်းဖြစ်သည်။ သူက ညလုံးပေါက် အရက်သောက်၊ စကားပြောခြင်းကို နှစ်သက်သလို ဒီဘိုးဗွားလည်း နှစ်သက်ခဲ့သည်။

ဆတ်သည် စေ့စပ်ထားပြီးဖြစ်သော်လည်း ၀င်ခွင့်စာမေးပွဲအတွက် သူ၏ပထမဆုံးအကြိမ် ကြိုးပမ်းမှု ကျရှုံးသောအခါ ပျက်ပြယ်သွားခဲ့သည်။ သို့သော် သူနှင့် ဒီဘိုးဗွားတို့က သူတို့၏ အချစ်သည် လင်မယားအရာမြောက်ရန်အတွက် လက်ထပ်ထိမ်းမြားခြင်း မလိုအပ်ဟု ဆုံးဖြတ်ခဲ့ကြသည်။ “ကျွန်မတို့ရဲ့ ဘ၀နှစ်ခုကို အတူတကွပေါင်းစည်းနိုင်စေတဲ့ ရဲဘော်ရဲဘက်စိတ်ကပဲ ကျွန်မတို့လည်း လုပ်ခဲ့ဖူးတဲ့ အတုအယောင် ချည်နှောင်မှုတွေဆီမှ မလိုလားအပ်တဲ့ လှောင်ပြောင်သရော်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်” ဟု ဒီဘိုးဗွားက သူမ၏ “ရွှေထီးဆောင်းချိန်” တွင် ရှင်းလင်းပြခဲ့သည်။

တစ်ခုတည်းသော ရည်မှန်းချက်ကသာ ကျွန်မတို့ကို မီးထိုးပေးခဲ့ပါတယ်။ တွေ့ကြုံလာသမျှ အတွေ့အကြုံတွေအားလုံးကို ကျေကျေနပ်နပ်လက်ခံလိုစိတ်ပြင်းပြခြင်းနဲ့ ဒါတွေနဲ့ပက်သက်လို့ မြင်တွေ့ခံစားခြင်းပါပဲ။ အကြိမ်အတော်များများမှာ ကြုံတွေ့ပုံချင်း ပြဿဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတတ်ပေမဲ့ ကိုယ်တွေ့ရှိတဲ့အရာတစ်ခုကို တစ်ယောက်ကမှ နည်းနည်းလေးတောင် ဖုံးကွယ်ထားခြင်း မရှိခဲ့ကြပါဘူး။ ကျွန်မတို့ အတူတကွရှိနေချိန်မှာ ကိစ္စတစ်ခုအတွက် လိုအပ်ချက်တွေဆီ စိတ်ဆန္ဒတွေ အချင်းချင်းကို မြဲမြဲမြံမြံ မှီတည်ထားတဲ့အတွက် ခွဲနေရတဲ့ခဏမှာတောင်မှ အတွေးချင်းတစ်ထပ်တည်း တည်ရှိနေဆဲပါပဲ။ အဲဒီနှောင်ကြိုးကပဲ ကျွန်မတို့ကို လွတ်မြောက်စေပါတယ်။ ဒီလွတ်လပ်မှုထဲမှာပဲ ကျွန်မတို့ရဲ့နှောင်ကြိုးကို တတ်နိုင်သမျှနီးကပ်အောင် ချည်နှောင်ထားခဲ့ပါတယ်။

ဆတ်က သူတို့နှစ်ဦးကြား ကတိသစ္စာတစ်ခုကို ပြုလုပ်ထားရန် အဆိုပြုသည်။ အခြားတော့မဟုတ် တစ်ဦးကိုတစ်ဦး အရာရာဖွင့်ပြောဖို့လိုသည်ဆိုသော ကတိသစ္စာပင်ဖြစ်သည်။ ထိုသို့ ဒီဘိုးဗွားကို ကတိထားခိုင်းသကဲ့သို့ “ကျွန်တော်တို့မှာ ရှိတာက အချစ်ရဲ့ အနှစ်သာရပါ။ ဒါပေမဲ့ ဒီအတွေးအခေါ်ကြောင့်ပဲ နောက်ဆက်တွဲ သာမန်အချစ်ကိစ္စ (လိင်ကိစ္စကို ဆိုလိုခြင်းဖြစ်သည်) ကို တွေ့ကြုံခံစားနိုင်အောင် အကူအညီပေးပါတယ်” ဟု သူကဆိုသည်။ ဤသို့သောအခြေအနေထိရောက်ရန် ဒီဘိုးဗွား၏ ဘ၀တစ်လျှောက်လုံးမှာ မိသားစု၏ ဗိုင်းကောင်းကျောက်ဖိ အယူအဆမှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်မှုများ ဖြစ်ခဲ့လေသည်။ သူမ၏ မိခင်မှာ သီလရှင်ကျောင်းထွက်ဖြစ်ပြီး ဖခင်မှာ ရှေးရိုးစွဲ အမြင်ကျဉ်းပြင်သစ်ရှေ့နေ တစ်ဦးဖြစ်သည်။ သမီးဖြစ်သူ၏ စိတ်ဓာတ်အတွက် ဂုဏ်ယူသော်လည်း သူမ၏ ဒဿနပညာရပ်အပေါ် စိတ်ဝင်စားမှုကို အားမပေးခဲ့။ သူသာ “သမီးစရိတ်” (Dowry) ထောက်နိုင်ခဲ့လျှင် အလုပ်အကိုင်တစ်ခုခု လုပ်ရန်အတွက်ပင် သူမကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ (သမီးစရိတ်သည် တချို့သော ယဉ်ကျေးမှုများတွင် သမီးရှင်က ယောက်ျားလေးဘက်သို့ ထောက်ကူရသော ငွေကြေး၊ ပိုင်ဆိုင်မှု စသည်တို့ ဖြစ်သည်) ထို့ကြောင့် သူမနေဖြင့် အဆိုပါ အများလက်ခံကျင့်သုံးကြသည့် ဗိုင်းကောင်းကျောက်ဖိစံများကို ဆတ်၏ စီစဉ်တင်ပြမှုအတိုင်း ဆန့်ကျင်ပုန်ကန်ရန် စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ပြင် တွေးခေါ်ရှင်တစ်ယောက်အနေဖြင့် ဆတ်၏ ဉာဏ်ရည်ထက်မြက်မှုကိုလည်း သူမက အထင်ကြီးလေးစားခဲ့သည်။ “အနှစ်သာရ” (Essence) နှင့် “နောက်ဆက်တွဲအကျိုးဆက်” (Contingency) ဟူသည့် ဝေါဟာရများအပေါ်တွင် အခြေခံ တည်ဆောက်ထားသည့် ဆင်ခြေစနစ်တစ်ရပ်သည် သူမအတွက် လက်ထပ်လက်စွပ်တစ်ကွင်းပမာ အဓိပ္ပာယ် ရှိနေသည်။ ထိုဂတိသည် မည်သည့်အခါမှ ယုံကြည်ရမည်မဟုတ်ဟု သူမသိသည့် ယောက်ျားတစ်ယောက် ထံတွင် တစ်ဘ၀စာအတွက် သူမကိုချည်နှောင်ထားခဲ့ကြောင်း နောက်ပိုင်းတွင် သူမ ပြန်လည် တွေ့ရှိခဲ့ရလေသည်။ (အဆိုပါအချက်ကို ဆတ်မတွေ့ရှိမီ ဒီဘိုးဗွားက အရင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် တချို့နေရာများတွင်လည်း ဒီဘိုးဗွားက ဆတ်ထက်ပင် ပိုမိုဉာဏ်များခဲ့ပေသေးသည်)

အခြေအနေအပေါ်မူတည်၍ ထိုဂတိအရ ဆတ်စိတ်ဝင်စားသော မိန်းကလေးများအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်းမပြုဟု ဒီဘိုးဗွားက သတ်မှတ်ခဲ့သည်။ သူမကိုယ်တိုင်ကမူ မိန်းကလေးမိတ်ဆွေအချို့နှင့် အတွင်းကျသည့်ဆက်ဆံရေးများ မကြာခဏ ရှိခဲ့သည်။ အစတွင် မနာလိုစိတ်ကို မကြာခဏခံစားရကြောင်း တွေ့ရှိရသဖြင့် သူမ စိတ်ဓာတ်ကျခဲ့သည်။ ဆတ်က သူမအား မနာလိုဝန်တိုမှုသည် အခြားသောကိလေသာ များကဲ့သို့ လွတ်လပ်မှု၏ ရန်သူဖြစ်ပြီး မိမိကို ထိန်းချုပ်နေကြောင်း၊ ထို့ကြောင့် ကိုယ်ကပင် ၎င်းစိတ်ကို ထိန်းချုပ်ထားသင့်ကြောင်း အကြံပြုခဲ့သည်။ မကြာခင် ဆတ်က သူမနှင့်အိပ်စက်ခြင်းကို ရပ်တန့်ခဲ့သည်။ သူမတွင်လည်း နယ်ဆင်အယ်ဂရန် (Nelson Algren) ဆိုသူနှင့်ပတ်သက်၍ အရေးပါသည့် ကိုယ်ပိုင်ကိစ္စ တစ်ရပ် ရှိနေခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်၍ ဣန္နရာချောင်းခြား ဇာတ်လမ်းခင်းနေသည့် ထိုသူနှင့်သူမ၏ ဆက်ဆံရေးမှာ ၁၉၄၇ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး လက်ဇမန်ဆိုသူနှင့်လည်း ၁၉၅၂ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အတူနေထိုင်ခဲ့သည်။ ထိုသူနှစ်ဦးလုံးနှင့် သူမ၏ဆက်ဆံရေးအကြောင်းများကို “အခြေအနေ၏ အား” တွင် သူမက ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သည်။ သို့သော် ဆတ်နှင့်ပြုလုပ်ခဲ့သည့် ဂတိသစ္စာကို သူမက ထိန်းသိမ်းထားဆဲဖြစ်ပြီး ဤနည်းနှင့်ပင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ “အတွဲ” (Partner) များနှင့် ကော်ဖီစားပွဲများသာ ပြောင်းလဲသွားခဲ့သော်လည်း ၅၁ နှစ်တိုင်အောင် တည်မြဲခဲ့လေသည်။

◄ တေဇာ ► နိုဝင်ဘာ (၅) ရက် ၂၀၀၉

Comments

  1. ဒီလောက် မြန်မြန်ဆန်ဆန် ဘာသာပြန်ဖတ်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကျေးဇူးအထူး ...အထူး =)

    ReplyDelete
  2. ယန်းပေါဆက်အကြောင်းလည်းဖတ်သွားတယ်

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA