Skip to main content

ရွှေမင်းသမီး၏ ဈာပန

ခဏခဏ ခဏခဏ မေ့ထား... သေခြင်းသေခြင်း သေခြင်းသေခြင်းရဲ့ တရား... ♪ ~The Ants~

ဤစာသားမှာ The Ants အဖွဲ့၏ “သတိ” သီချင်းမှ ဖြစ်ကြောင်း လူငယ်တိုင်း သိကြပါသည်။ အများစု နှစ်သက်ကြသည့် သီချင်းလည်း ဖြစ်ပါသည်။ ထူးခြားသည့်တစ်ချက်က ဤသီချင်းကို ခဏခဏ နားမထောင် ဖြစ်သလို နားထောင်ဖြစ်လိုက်သည့် အချိန်ကျမှသာ “သေခြင်း” အကြောင်း ရုတ်တရက် သတိရမိသွားတတ်ခြင်း ဖြစ်ပါသည်။ သို့သော် သီချင်းစာသားတွင် စွပ်စွဲထားသလို သေခြင်းတရားကို ခဏခဏမေ့ထားသည်ဟုတော့ ကျွန်တော်က ကိုယ့်ကိုယ်ကို မယူဆမိပါ။ ကျွန်တော့်အနေဖြင့် သေခြင်းတရားကို သတိမရခြင်း၊ တစ်နည်း “သတိရဖို့ သတိမရခြင်း” သာ ဖြစ်ပါသည်။ သေခြင်းတရားကို မေ့ထားခြင်းမဟုတ်ပါ။

တကယ်တော့ မေ့ထားသည် ဟူသည့်စကားရပ်တွင် အားထုတ်ရခြင်းသဘော ပါဝင်နေသည်။ တမင်သက်သက် မေ့ဖျောက်ထားရခြင်းမျိုး ဖြစ်ပါသည်။ ရှင်းရှင်းဆိုရလျှင် သေမှာကြောက်လို့ မေ့ထားခြင်းမျိုးဖြစ်ပါသည်။ ကျွန်တော်က ဤသို့ မေ့ထားခြင်းမျိုး မဟုတ်ပါ။ ဘာသိဘာသာ သေခြင်းတရားကို သတိမရခြင်းသာ ဖြစ်ပါသည်။ ဤသို့ သတိမရခြင်းအတွက် ပြဿနာမရှိဟုလည်း ထင်သည်။ သေဖို့အရေး တွေးပူနေရခြင်းဖြင့် အချိန်ကုန်ဆုံးလိုစိတ် မရှိသလို၊ ကျန်းမာနေခြင်းအကြောင်းလည်း တခုတ်တရ ဂုဏ်ယူမိခြင်းမျိုးမရှိပါ။

အမှန်အတိုင်း ၀န်ခံရပါလျှင် “သေခြင်းတရား” သည် ကျွန်တော့် စိတ်ကြိုက် ခေါင်းစဉ် (Topic) တစ်ခုဖြစ်ပါသည်။ မည်သည့်ပယောဂကြောင့်မျှ မဟုတ်ဘဲ သေခြင်းတရားအပေါ် စိတ်ဝင်စားနေခြင်းသာ ဖြစ်သည်။ အသုဘတစ်ခု လိုက်ပါပို့ဆောင်ပြီးနောက် ဂယောင်ကတမ်း ဗြုန်းခနဲတွေးမိပြီး ရက်လည်မုန့်ဟင်းခါး စားရချိန်တွင် မေ့ပျောက်သွားတတ်သည့် အတုအယောင် သံဝေဂမျိုးမဟုတ်ပဲ စိတ်ထဲတွင် စွဲစွဲထင်ထင် ရှိနေခဲ့မိသည့် ၀င်စားမှုတစ်ရပ်သာ ဖြစ်ပါသည်။ မွေးဖွားလာရခြင်းအကြောင်းသည် စိတ်ဝင်စားဖို့ကောင်းသလို သေခြင်းတရားသည်လည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ မနက်ဖြန်များ၏ အဆုံးသတ်တစ်နေရာတွင် အနက်အဓိပ္ပာယ် တစ်စုံတစ်ရာရှိနေသလော ဆိုသည့်မေးခွန်းမှာ မည်သည့်ပညာရှိမျှ ဖြေဆိုနိုင်ခြင်းမရှိသေးသည့် ပုစ္ဆာတစ်ရပ်သာ ဖြစ်သည်။ ပုံစံကျ အဖြေမှန်များ ပေါများလွန်းလှသော်လည်း ဤသည်တို့မှာ သက်သေပြနိုင်ခြင်းမရှိသလို ယုံကြည်ဖို့ရန်လည်း ပေးဆပ်ရသည့်တန်ဖိုးက ကြီးလွန်းလှသည်။ အကယ်၍ ထိုပုစ္ဆာ၏ ရှိပြီးသားအဖြေမှန်တစ်ခုခုကို ယုံကြည်လိုက်မည်ဆိုလျှင် ကျွန်တော်တို့၏ ရိုးသားမှု (သို့မဟုတ်) ဆင်ခြင်တုံတရားကို တန်ဖိုးအဖြစ် ပေးအပ်ရ ပေတော့မည်။ နှစ်ခုစလုံးမှာ ကျွန်တော်ပေးဆပ်နိုင်ခြင်းမရှိသော တန်ဖိုးများဖြစ်သဖြင့် ဘ၀တစ်လျှောက် စာမရသည့်ကျောင်းသားပမာ ခပ်ကုပ်ကုပ်သာ ရှင်သန်နေထိုင် ရပေတော့မည်။ သို့သော် ကျွန်တော်က ကြိမ်လုံးကို ကြောက်တတ်သည့် ကျောင်းသားလည်း မဟုတ်ခဲ့ပါ။

တကယ်တော့ အသက်ရှင်သန်နေသူ တစ်ဦးတစ်ယောက်က ပြောသည့် “သေခြင်းတရား” အကြောင်းသည် ယုတ္တိယုတ္တာရှိနိုင်သော်လည်း သေခြင်းတရားဆန်လိမ့်မည်မဟုတ်ပါ။ မျက်မမြင်တစ်ယောက်ပြောပြသော အလင်း၏ဂုဏ်သတ္တိသဏ္ဍာန်သာ ဖြစ်နေပါလိမ့်မည်။ မရဏာနုဿတိကို ပွားများခြင်းအားဖြင့် သက်ရှိထင်ရှားအချိန်တွင် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရကောင်းရနိုင်ပါလိမ့်မည်။ သို့သော် သေခြင်းတရား၏ အခြားမဲ့၌ အကျိုးကျေးဇူးတစ်ခုခု ရှိလိမ့်မည်ဟုတော့ မယူဆကောင်းပါ။ သေခြင်းတရားအကြောင်း ရှင်သန်ခြင်းအတွင်းမှ သက်သေပြချက်များအား သေခြင်းတရားသည် လှောင်ပြောင်ရယ်မောနေလိမ့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် စိတ်ဝင်စားနေမိသည့် သေခြင်းတရားကို တိတ်တခိုးသာ စွဲလန်းနေမိရသည်။ မည်သူ့ကိုမျှ ဖွင့်ပြောရဲသည့်သတ္တိ မရှိခဲ့။ ပမာအားဖြင့် ရွှေမင်းသမီးကို အတွင်းကြိတ်ချစ်နေသည့် အညတရ လူငယ်တစ်ယောက်နှင့် တူပါသည်။ လှောင်ပြောင်မှုများကို ရှက်ရွံ့သည့်အတွက် မျိုသိပ်ထားရသည်။ သို့သော် မျိုသိပ်ထားလေ အစွဲအလန်းကြီးလေ ဖြစ်တတ်သည့်သဘာဝအရ ကျွန်တော်သည် သေခြင်းတရားကို အရူးအမူး စွဲလန်းနေခဲ့ရသည်။ သို့သော် ၎င်းအကြောင်းကို ကျွန်တော် ဖွင့်ပြောဖြစ်လိမ့်မည် မဟုတ်ပါ။

ကျွန်တော်က ခဏခဏ မေ့နေသည့် တစ်ချိန်တည်းတွင်ပင် ခဏခဏ သတိရနေမိသူသာ ဖြစ်သည်။ ဤသည်မှာ ကြောက်ရွံ့ခြင်း အလျင်းကင်းမဲ့သော “စိတ်ဝင်စားမှုသက်သက်” မျှသာ ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်တော်သည် သေခြင်းတရားအား ကြောက်ရွံ့သည်ဟု အထင်ခံရခြင်းအပေါ် ကလေးဆန်လှစွာ ရွံရှာမုန်းတီးမိကြောင်း ၀န်ခံလိုပါသည်။ ငယ်စဉ်ဘ၀ သူရဲကောင်းဝါဒ ၀တ္ထုများ၏ လောင်းရိပ်အောက်မှ မထွက်နိုင်ခဲ့သလား ကျွန်တော် ဝေခွဲမရပါ။ ဤသို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မာနကြီးပြီးရက်စက်လှသည့် ရွှေမင်းသမီးကို စိုးရွံ့စိတ်ရှိသော်လည်း ချစ်မေတ္တာက အနိုင်ယူလွှမ်းမိုးထားသည့် အညတရတစ်ဦးပမာ သေခြင်းတရားအပေါ် ကြောက်ရွံ့စိတ်ကို စိတ်ဝင်စားမှုက လွှမ်းမိုးထားသည်ဟု ဆိုနိုင်ပါလိမ့်မည်။ သို့သော် ကျွန်တော်သည် သေခြင်းတရားအကြောင်းပြောဖို့ ဆွံ့အနေခဲ့ရလေသည်။

မရဏာနုဿတိနှင့် အသုဘကမ္မဌာန်းတို့သည် ရှင်သန်နေချိန်တွင် တစ်စုံတစ်ရာ အကျိုးရှိကောင်း ရှိနိုင်ပါသည်။ သို့သော် သေခြင်းတရား၏ နောက်ကွယ်တွင် ၎င်းတို့သည် အသုံးမ၀င်တော့ပါ။ အမှောင်အတိချထားသော အဆိုပါရပ်ဝန်း၏ အနက်အဓိပ္ပာယ်တစ်ခုခုကို စဉ်းစားတွေးတောခြင်းသည် စင်စစ် မိုက်မဲလှပေသည်။ တကယ်တော့ လူသားများသည် အနာဂတ်ကို မဖြစ်မနေ အလိုရှိကြရသည်။ မျှော်လင့်ချက်ဖြင့် ရှင်သန်ကြရသည်။ အမှောင်ရပ်ဝန်း၏ အဓိပ္ပာယ်ကို အသာထား၍ အမှောင်ရပ်ဝန်းကိုယ်တိုင်သည်ပင် ရှိမရှိ တွေးတောနိုင်စွမ်းသည် လူ့ဦးနှောက်၏ အကန့်များအတွင်း လစ်လပ်နေခဲ့သည်။ ဤသို့လည်း ဖြစ်သင့်ပါသည်။ သေခြင်းတရားသည် ကျွန်တော့်၏ အနာဂတ်ဖြစ်သည့်အတွက် သေခြင်းတရား၏ အဓိပ္ပာယ်ကို ကလေးဆန်ဆန် ကျွန်တော် စိတ်ဝင်စားနေမိခြင်းသည် မနုဿသဘာဝတစ်ရပ်သာ ဖြစ်ပေသည်။ ထို အနာဂတ်ရပ်ဝန်းအတွင်း ကျွန်တော် “တည်ရှိ” နေလိမ့်ဦးမည်ဟု မသိစိတ်က သတ်မှတ်ပြဌာန်းထားပြီး တွေးနေမိခြင်းသာဖြစ်သည်။ Wishful Thinking ဖြင့် စဉ်းစားတွေးခေါ်ခြင်းသည် အမှန်တရားမှ သွေဖည်နေနိုင်သော်လည်း လူသားဆန်လှပါသည်။ ထို့ကြောင့် ကျွန်တော် စိတ်ဝင်စားသည့်အတွက် ခွင့်လွှတ်စေလိုပါသည်။

တကယ်တော့ အညတရတစ်ဦး၏ စိတ်ကူးယဉ်အိပ်မက်ထဲမှ ရွှေမင်းသမီးမှာ သေဆုံးခဲ့ပြီး ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။

◄ တေဇာ ►  နိုဝင်ဘာ (၂၀) ၂၀၀၉

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA