လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၆၁)

ရာဘာလို တွဲလျောင်းကျနေတဲ့ လက်ကို
တခြား သူ့လက်တစ်ဖက်နဲ့ ဆွဲမ, နေတယ်
ကျနော်ပြောချင်တာက
သူဟာ စက်ရုပ်မဖြစ်နိုင်ပါဘူး
#Anosognosia

အမှောင်ထဲကနေ ငါ့ကို တယောက်ယောက်
စောင့်ကြည့်နေတယ်
သူက ငါ့ကို ခြောက်လှန့်ဖို့ သိပ်လွယ်ပြီး
ငါက သူ့ကို စိတ်ညှို့ဖို့ သိပ်လွယ်တာပဲ
#Manipulation

"ခင်ဗျား ဘယ်လောက်အတ္တကြီးပါသလဲ"
"ကျနော့် ဦးနှောက် ယိုယွင်းမှုပုံစံကို
ကျနော် သဘောကျပါတယ်"
#IdentityVII

ပျင်းရိတဲ့ ညတွေမှာ
သူ့အသားစတွေကိုဖဲ့ပြီး အမှိုက်ပုံးအပေါက်ဝဆီ
လက်တည့်စမ်းလေ့ရှိတယ်
တိတ်ဆိတ်ခြင်းမှာ ဖြစ်တတ်တာတွေ
#Decay

မယ်နကင်ရုပ်ယောင်ဆောင်ပြီး ရယ်ကြတယ်
ခွေးကို နေကာမျက်မှန်တပ်ပေးပြီး
ရယ်ကြတယ်
ဖြစ်နိုင်ဖွယ် ဖြေရှင်းချက်တစ်ခုက
လူတွေဟာ လူဖြစ်ရတာ မပျော်ဘူး
#BaboonI
တေဇာ (လရောင်လမ်း)
Image: www.beautylish.com

0 comments:

Post a Comment