တိဘက်ကို သွား
ကုလားအုပ်တစ်ကောင် စီး
သမ္မာကျမ်းစာ ဖတ်
ဖိနပ်ကို ဆေးပြာဆိုး
မုတ်ဆိတ်မွှေး ထား
ကမ္ဘာကို စက္ကူလှေနဲ့ ပတ်
သတင်းစာ မှာဖတ်
ဘယ်ဘက်ခြမ်းနဲ့ပဲ အစာဝါး
ခြေတစ်ဖက်နဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဘရိတ်ထားထက်ထက်နဲ့ အမွှေးသတ်
ပြီးရင် မင်းနာမည်ကို သူ့ လက်မောင်းမှာ ထွင်း
ဓာတ်ဆီနဲ့ သွားတိုက်
တစ်နေကုန်အိပ်ပြီး ညမှာ သစ်ပင်တွေပေါ်လျှောက်တက်
ဘုန်းကြီးဝတ်ပြီး တူမီးကျည်ဂေါ်လီနဲ့ ဘီယာသောက်
ရေအောက်ထဲ ခေါင်းကိုအုပ်လို့ တယောထိုး
ဖယောင်းတိုင်ပန်းရောင်တွေရှေ့ ဗိုက်သားလှုပ် က
မင်းရဲ့ခွေးကို သတ်
မြို့တော်ဝန်အဖြစ် ၀င်အရွေးခံ
စည်ပိုင်းပြတ်ထဲမှာ နေ
မင်းခေါင်းကို ရဲဒင်းနဲ့ ခွဲ
မိုးရေထဲ ခတ္တာ စိုက်
ကဗျာရေးရလောက်အောင်ပဲ မမိုက်နဲ့။
တေဇာ (လရောင်လမ်း)
Friendly advice to a lot of young men by Charles Bukowski ကို ဆီလျော်သလို

Comments
Post a Comment