ကြွက်ကလေးက ပြောလိုက်တယ်။
"အားလားလား၊ ကမ္ဘာကြီးတစ်ခုလုံးဟာ တစ်နေ့တခြား သေးသေးလာတယ်။ အစတုန်းကတော့ ကြီးလွန်းလို့ ငါ့မှာ ကြောက်မိခဲ့သေးတာ၊ ငါ မရပ်မနား ပြေးတယ်, ပြေးတယ်၊ လက်ဝဲလက်ယာ ခပ်လှမ်းလှမ်းမှာ နံရံတွေကို မြင်လာရတော့ ငါ့မှာ ၀မ်းသာခဲ့မိတယ်၊ ဒါပေမဲ့ အဲဒီ နံရံကျယ်တွေဟာ အလျင်အမြန် ကျဉ်းမြောင်းလာလိုက်တာ နောက်ဆုံးတော့ အလုံပိတ်အခန်းထဲ ငါရောက်လာခဲ့ရပြီ၊ ပြီးတော့ ဒီအခန်းရဲ့ အစွန်းမှာ ငါဝင်တိုးရမယ့် ထောင်ချောက်တစ်ခု ရှိနေတယ်"
"မင်းရဲ့ ဦးတည်ရာကို ပြောင်းလိုက်ဖို့ပဲ လိုပါတယ်"
ပြောပြောဆိုဆို ကြောင်ကကြွက်ကို စားလိုက်တော့တယ်။
တေဇာ (လရောင်လမ်း)
Franz Kafka by A Little Fable ကို ဆီလျော်သလို
Image: http://www.elke-rehder.de

Comments
Post a Comment