Skip to main content

နဂါးဂူထဲက လီတစ်ထောင်မြင်း

လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင် အဲဒီမြင်းကို သူတို့ထဲရောနှောလာရင် မကြိုက်ချင်ကြဘူး။ ထယ်ထိုးခိုင်းပြန်တော့လည်း နွားတစ်ကောင်လောက် ခံနိုင်ရည်မရှိ။ ဒါကြောင့် နွားတင်းကုပ်မှာထားတယ်ဆိုပေမယ့် နွားတွေကြားမှာ အပယ်ခံပဲ။

သိပ်မကြာခင်မှာပဲ မြင်းအကြောင်းနားလည်သူအချို့ဟာ လီတစ်ထောင်မြင်းကို တွေ့သွားကြတယ်။ သူတို့က မြင်းကို ဂျုံနှစ်ကော်စာကျွေးလိုက်တာ မြင်းကြီးဟာ ချက်ချင်းပဲ ကဆုန်ပေါက်ထပြေးတယ်။ သူ့ခွန်အားကို နွားတွေ၊ မြည်းတွေ၊ လားတွေနဲ့ ၀က်တွေတောင် အံ့သြကြရတယ်။
သိပ်မကြာပါဘူး။ မြင်းပြိုင်ပွဲမှာ လီတစ်ထောင်မြင်းက ပထမနေရာက ပန်းဝင်တယ်။ သူ့အတွက် အထူးနဂါးဂူလုပ်ပေးရတယ်။ တစ်ရက်တည်းနဲ့ လီတစ်ထောင်ပြည့်အောင် ပြေးနိုင်တဲ့မြင်းဆိုရင် ကောင်းကင်ဘုံက နှင်ထုတ်ခံရတဲ့ နဂါးဖြစ်တယ်ဆိုတာကို လူတိုင်းသိတယ်လေ။ ဂျုံနဲ့မြက်အစား လီတစ်ထောင်မြင်းကြီးက အလေးမသူတွေစားတဲ့ အာဟာရကို စားတယ်။ ဆန်ကောင်းကောင်းကိုစားတယ်။ ငါးအသည်းအဆီကို စားတယ်။ ပြီးတော့ ကယ်စီယမ်ပါတဲ့ အာဟာရတွေဘာတွေတောင် စားသေး။ နွေရာသီတိုင်းသူ့ကို ဘီယာအပြည့်ထားတဲ့ အ၀ီစိတွင်းကနေ ခပ်တိုက်ရပြီး ဆောင်းမှာတော့ "မောင်းတိုင်း" နဲ့ "စပါးငါးခက်အရက်" ကို သောက်တယ်။
သူ့ရဲ့ နဂါးဂူထဲကို သာမန်မြင်းတစ်ကောင် မှားပြီးရောက်မသွားလိုက်နဲ့ တစ်ချက်အကန်ခံရပြီး အပြင်ပြန်ထွက်လာရမယ်မှတ်။
ဒီလိုနဲ့ မြင်းကြီးက ၀ပြီးလေးလံလာတယ်။ ကဆုန်ပေါက်မပြေးနိုင်တော့သလို သူဟီရင်လဲ အသံက ကွဲကွဲကြီး။ သူ့ကိုမြင်တဲ့အခါ မြင်းသားရောင်းတဲ့ဆိုင်ကို ကျွန်တော် သတိရမိတယ်။

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

⏰ Linkin Park posted a story that expires soon

  The story will expire tomorrow at 11:07 AM, so don’t miss out on the opportunity to see it.                               See Linkin Park 's recent story while it's still available.   ...

About Eain and others: check out 18 updates about them