Skip to main content

အရေးပေါ်သတိပေးချက်

ဤစာမှာ အားလုံးအတွက် `အရေးပေါ်သတိပေးချက်´ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဂရုတစိုက်ဖတ်ရှုပေးပါ။

အခုလောက်ဆိုရင် စာဖတ်သူများလည်း `ဟောကိန်းထုတ်စက်´ ဆိုတဲ့ စက်အကြောင်း သိပြီး ဖြစ်ချင်ဖြစ်မှာပေါ့။ ယခု ဤစာကို ဖတ်ရှုနေချိန်မှာ ထိုစက်အား ကမ္ဘာတစ်ဝှမ်း သန်းဖြင့်ချီ၍ ရောင်းချပြီး ဖြစ်လောက်ပါတယ်။ 

မသိသေးဘူးဆိုရင် ကျွန်တော် ရှင်းပြပါ့မယ်။ သူ့ ပုံစံအသွင်အပြင်ကတော့ ကားတံခါးဖွင့်တဲ့ အဝေးထိန်းခလုတ်နဲ့ ဆင်ပါတယ်။ သူ့မှာပါတာက ခပ်ကြီးကြီး အစိမ်းရောင်မီးလုံးတစ်လုံးနဲ့ နှိပ်စရာ ခလုပ်တစ်ခုပါပဲ။ ခလုတ်ကို နှိပ်လိုက်ရင် မီးစိမ်းလင်းသွားပါမယ်။ ဒါပဲလားဆိုတော့ အဲဒီလောက်ထိလည်း မရိုးစင်းပြန်ပါဘူး။ အဲဒီမီးစိမ်းက ခလုတ်ကိုမနှိပ်ခင် တစ်စက္ကန့်အလိုမှာ အရင်လင်းတာပါတဲ့…။


ပထမဆုံး စမ်းသပ်ကြည့်တဲ့လူ တော်တော်များများကတော့ ထူးခြားတဲ့ ကစားနည်း (Game) တစ်ခုကို ကစားနေရသလိုပဲ ခံစားရပါတယ်။ မီးလင်းတာ မြင်တာနဲ့ ခလုတ်ကို လိုက်နှိပ်ရမယ်… အလွယ်လေးပေါ့။ ဒါပေမဲ့ ထူးခြားတာက အဲဒီစည်းကမ်းကို ချိုးဖောက်လို့လည်း မရပြန်ပါဘူး။ မီးစိမ်းတာမမြင်ဘဲ ခလုတ်ကိုနှိပ်ဖို့ကြိုးစားတာနဲ့ တစ်ပြိုင်နက် မီးက လင်းလာပါတယ်။ စမ်းသပ်ကြည့်သူအနေနဲ့ ဘယ်လောက်မြန်အောင် နှိပ်နှိပ်၊ ခလုတ်ကိုမနှိပ်နိုင်ခင် တစ်စက္ကန့်အလိုမှာ မီးစိမ်းက အမြဲပြပါတယ်။ ဒီလိုမှမဟုတ်ဘဲ မီးလင်းလာရင် ခလုတ်မနှိပ်ဘူးဆိုတဲ့အကြံနဲ့ စမ်းသပ်သူက မီးလင်းတာကို စောင့်ပြန်တော့လည်း မီးက လုံးဝမလင်းလာတော့ပါဘူး။ စမ်းသပ်သူတစ်ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့ပဲနှိပ်နှိပ် မီးလင်းပြီးတဲ့နောက်မှသာ ခလုတ်နှိပ်တာ လိုက်ပါတယ်။ သူ့ကို တစ်ပတ်ရိုက်လို့ လုံးဝမရပါဘူး။

စိတ်ဝင်စားလာပြီလား။ ဒီ `ဟောကိန်းထုတ်စက်´ရဲ့ အသက်ကတော့ `ပြောင်းပြန်ကြာချိန်´ နဲ့ တည်ဆောက်ထားတဲ့ ဆားကစ်ပြားလေးပါပဲ။ ပြောင်းပြန်ကြာချိန်က အချိန်မီ အချက်ပြမှုကို ထုတ်လွှတ်တယ်။ ဒီနည်းပညာကို ဘယ်လိုအသုံးချမယ်ဆိုတဲ့ သူ့ရဲ့ အသုံးဝင်မှု အပြည့်အစုံကိုတော့ ပြောင်းပြန်ကြာချိန်ကို တစ်စက္ကန့်မကပိုကြာအောင် စွမ်းဆောင်နိုင်မှပဲ အပြည့်အစုံ သိရပါမယ်။ အခု ကျွန်တော် သတိပေးလိုတာက ဒီနည်းပညာနဲ့ မပတ်သက်ပါဘူး။ ပတ်သက်နေတဲ့ ပြဿနာက ဒီ `ဟောကိန်းထုတ်စက်´ ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (သို့) လွတ်လပ်သောဆန္ဒ (Free Will) လိုမျိုးအရာ မရှိဘူးလို့ အခိုင်အမာ သက်သေပြရာရောက်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

စာဖတ်သူများလည်း ကြားဖူးပါလိမ့်မယ်။ လူသားတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free Will) ဆိုတာ အာရုံမှားမှုတစ်ခုပါဆိုတဲ့ ငြင်းခုန်မှုတွေကိုလေ။ ရူပဗေဒနည်းနဲ့ဖြစ်ဖြစ်၊ ယုတ္တိဗေဒနည်းနဲ့ဖြစ်ဖြစ် ဒီလိုမျိုး အခြေတင်ဖြစ်မှုတွေကို လူအများစုကတော့ မငြင်းနိုင်ဘူးလို့ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free Will) မရှိဘူးဆိုတဲ့ အချက်ကိုတော့ ဘယ်လူသားကမှ လက်မခံနိုင်ကြပါဘူး။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိခြင်းရဲ့ စွမ်းပကားတွေကို ကြုံတွေ့သိရှိခဲ့တဲ့ လူသားတွေအဖို့ ပြောင်းပြန်ဖြစ်နေတဲ့ အမှန်တရားကို မယုံကြည်နိုင်ဖြစ်နေတာ မဆန်းပါဘူး။ ဒီလိုဆို `ဟောကိန်းထုတ်စက်´ ရဲ့ အလားအလာက ဘာလဲ..။ သူက လူတွေကို ဘယ်လိုရလာဒ်တွေ ပေးမှာလဲ….။

ပုံမှန်အားဖြင့်တော့ `ဟောကိန်းထုတ်စက်´ ကို စမ်းသပ်ကြည့်တဲ့လူတစ်ယောက်ဟာ တစ်ပတ်လောက် စိတ်ဝင်တစားနဲ့ အရူးအမူး ကြိုးစားကြည့်ပါတယ်။ သူငယ်ချင်းတွေကိုပြလိုက်။ ဘယ်လိုအဖြေရှာရမလဲဆိုတာ ကြံဆလိုက်နဲ့ပေါ့။ ကြာတော့လဲ ဒီစက်ကို စိတ်ဝင်စားမှု လျော့သွားချင်လျော့သွားလိမ့်မယ်ပေါ့။ ဒါပေမဲ့ စက်ကပြောတဲ့ အဓိပ္ပာယ်ကိုတော့ သူ့ဦးနှောက်ထဲမှာ သံမှိုစွဲသလို ၀င်သွားပါလိမ့်မယ်။ တစ်ပတ်ကျော် ကြာလာတဲ့အခါမှာ ထိုသူဟာ သူ့မှာ မပြောင်းလဲနိုင်တဲ့ အနာဂတ် တစ်ခုတည်းရှိတယ်ဆိုတဲ့ အတွေးနဲ့ပဲ နစ်မျောနေတော့တယ်။ တစ်ချို့ဆိုရင် သူတို့ရဲ့ ရွေးချယ်မှုတွေဟာ ဘာမျှ အရေးမပါဘူးဆိုတာ သိလိုက်ရတဲ့အတွက် ရွေးချယ်ရတဲ့အလုပ်တွေလုပ်ဖို့ ငြင်းဆန်လာပါတယ်။ လူတစ်ယောက်ရဲ့ နိစ္စဓူဝ (ရေချိုး/ထမင်းစား) အလုပ်တွေကိုတောင် လုပ်ဖို့ စိတ်မ၀င်စားကြတော့ဘူး။ `ဟောကိန်းထုတ်စက်´ ကို စမ်းသပ်မိတဲ့လူတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ နောက်ဆုံးမှာ ထမင်းတောင်မစားတော့တဲ့အတွက် ဆေးဝါးကုသမျှတွေ ပေးရတော့တယ်။ ဒီထက်ပိုဆိုးသွားတဲ့အဆင့်ကတော့ စကားမပြောတော့တဲ့အထိဆိုပါတော့။ တစ်ခါတစ်ခါ နည်းနည်းပါးပါးလှုပ်ရှာတာလေးကလွဲပြီး မျက်လုံးသူငယ်အိမ်ကပဲ လှုပ်နေပြီး ကျန်တာ ဘာဆိုဘာမှမလုပ်တော့ပါဘူး။ ခန္ဓာကိုယ်က လှုပ်နိုင်စွမ်းရှိနေသေးပေမဲ့ လှုပ်ရှားဖို့အတွက်စေ့ဆော်မှုကတော့ သူတို့မှာ ကွယ်ပျောက်သွားကြရှာပြီဖြစ်ပါတယ်။

ဟောကိန်းထုတ်စက်နဲ့ ကစားနည်း မပေါ်ခင်အချိန်ကဆိုရင် ဦးနှောက်ချို့ယွင်းမှု ကြောင့်ဖြစ်တဲ့ စကားမပြောတဲ့ရောဂါဟာ အလွန်ရှားပါးပါတယ်။ အခုအချိန်မှာတော့ ပုလိပ်ရောဂါလို အလျင်အမြန် ကူးစက်ပျံ့နှံ့နေပါပြီ။ လိင်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရလို့ လူ့ရဲ့ဆင်ခြင်မှုစနစ်ပျက်စီးပြီး စကားမပြောနိုင်ဖြစ်သွားတဲ့ ဝေဒနာရှင်တွေ ရှိကြောင်း ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ အခု နောက်ထပ် စိတ်ရောဂါတစ်မျိုး လာပါပြီ။ အဲဒါကတော့ လူသားမှာ လွတ်လပ်သောဆန္ဒ (Free will) မရှိဘူးဆိုတဲ့ အတွေးပေါ့။ ဒီအတွေးဟာ မယုံကြည်သရွေ့တော့ သူ့အတိုင်းတိုင်း အန္တရာယ်မရှိပါဘူး။

စိတ်ရောဂါကုဆရာဝန်တွေကတော့ စကားပြောနေကြဆဲ ဝေဒနာရှင်တွေနဲ့ အကျိုးအကြောင်းပြ ဖြောင်းဖြဖို့ ကြိုးစားကြပါတယ်။ `ကျွန်တော်တို့ အရင်က ပျော်ပျော်ရွှင်ရွှင်၊ လှုပ်လှုပ်ရှားရှား နေထိုင်ခဲ့ကြတယ်မဟုတ်လား။ အခုမှ ဘာလို့ အားလုံးပြောင်းလဲသွား ရတာလဲ။ လွန်ခဲ့တဲ့နှစ်လတုန်းက ခင်ဗျားတို့ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုဟာ၊ ဒီနေ့ ပြုလုပ်တဲ့ ရွေးချယ်မှုထက် ဘာမျှပိုပြီး မလွတ်လပ်ပါဘူး။ အရင်တုန်းကအတိုင်း အခုလည်း ခင်ဗျားတို့ ပြုမူနေထိုင်နိုင်တာပဲ´ လို့ ဆရာဝန်တွေက ယုတ္တိကျကျ ရှင်းပြကြပါတယ်။ ဝေဒနာရှင်တွေရဲ့ တုန့်ပြန်မှုကတော့ အားလုံးအတူတူပါပဲ။ `ဒါပေမဲ့အခု ကျွန်တော် သိသွားပြီလေ´ တဲ့။ အချို့ကတော့ ဘာမျှတောင် တုန့်ပြန်ပြောဆိုမှု မပြုကြတော့ဘူး။

ကံမကောင်းအကြောင်းမလှစွာပဲ ဒီလိုမျိုးဆင်ခြေကန်မှုတွေမှာလည်း ထောက်ပြစရာ အားနည်းချက်တွေ ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ မည်သည့်အပြုအမူကိုမဆို `သတ်မှတ်ပြဌာန်းပြီးဝါဒ´ (Determinism) ဘောင်ထဲ ဆွဲသွင်းလို့ရတယ်။ လူတစ်ယောက်အနေနဲ့ အဖြူကိုရွေးရွေး၊ အနက်ကိုရွေးရွေး၊ ပြီးသွားရင်တော့ အဲဒီလူရွေးတာဟာ သူ့ရဲ့အတွေးမဟုတ်ဘူး၊ ရွေးကိုရွေးရမှာမို့လို့ ပြောနိုင်နေပါတယ်။ ဒီအခါ ဘာမျှမတတ်နိုင်တော့ဘူး။

အမှန်အတိုင်းပြောရရင် ဒီသတိပေးချက်ကို နောင်လာမယ့်အနာဂတ် တစ်နှစ်ကျော်ကျော်လောက်ဆီကနေ စာဖတ်သူဆီသို့ ပို့လွှတ်ပေးနေတာဖြစ်ပါတယ်။ မဂ္ဂါစက္ကန့်အတွင်းက ပြောင်းပြန်ကြာချိန်ကို ဆက်သွယ်ရေးကိရိယာတွေမှာ သုံးပြီး ရှည်ရှည်လျားလျားပို့လွှတ်နိုင်တာ ယခု ပထမဆုံးအကြိမ်ပါ။ တခြားကိစ္စရပ်တွေကိုတော့ သီးခြားသတိပေးမှုတွေ လာပါလိမ့်မယ်။ အခုလောလောဆယ် ပြောချင်တဲ့ အရေးကြီးသတိပေးချက်က ဒီလိုပါ။ အလေးအနက် ပြောချင်ပါတယ်။

`စာဖတ်သူမှာ လွတ်လပ်စွာရွေးချယ်ခွင့် (Free Will) ရှိသကဲ့သို့ ဟန်ဆောင်ပါ။ အမှန်စင်စစ် အရေးမပါလှဘူးလို့ သိနေပေမဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် (သို့မဟုတ်) ရွေးချယ်မှုတွေဟာ အရေးပါသကဲ့သို့ ပြုမူနေထိုင်ဖို့ရာ အလွန်ပဲအရေးကြီးပါတယ်။ အမှန်တရားက အရေးမကြီးလှပါဘူး။ တကယ် အရေးကြီးတာက ယုံကြည်မှုဖြစ်ပါတယ်။ မမှန်တဲ့အရာတစ်ခုကို ယုံကြည်နေခြင်းသည်သာ စကားမပြော၊ ထမင်းမစားဖြစ်ခြင်းမှ ရှောင်ရှားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ လူသားမျိုးနွယ်ဟာ အခုဆိုရင် ကိုယ့်ကိုယ်ကိုလှည့်စားနိုင်မှုဆိုတဲ့ အရည်အချင်းတစ်ခုတည်းကိုပဲ အားကိုးရပါတော့မယ်။ လှည့်စားလည်း လှည့်စားနိုင်ကောင်းပါတယ်။´

ဟုတ်ပါတယ်။ စာဖတ်သူစိတ်ထဲမှာ မေးချင်နေတဲ့မေးခွန်းကို ကျွန်တော်လည်း ရိပ်မိပါတယ်။ လွတ်လပ်သောရွေးချယ်ပိုင်ခွင့် (Free will) ဟာ အာရုံမှောက်မှားမှုတစ်ခုမျှသာ ဆိုရင် ဘယ်သူတွေက `ဟောကိန်းထုတ်စက်´ကြောင့် ဆွံ့အသွားမယ်၊ ဘယ်သူတွေကတော့ လွတ်မြောက်မယ်ဆိုတာကို ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေပြီပေါ့။ ဘယ်သူကမျှ မဟန့်တား မကယ်တင်နိုင်ဘူးပေါ့။ `ဟောကိန်းထုတ်စက်´ရဲ့ တစ်စုံတစ်ယောက်အပေါ် သက်ရောက်နိုင်မယ့် အကျိုးဆက်ကို ဘယ်လိုမျှ မရှောင်လွှဲနိုင်ဘူးပေါ့။ ရှင်းရှင်းပြောရရင် စာဖတ်သူတို့ထဲက ဆွံ့အသွားသူသွားမယ်၊ လွတ်မြောက်တဲ့လူလည်း လွတ်မြောက်ပါမယ်။ ကျွန်တော့် အခုသတိပေးစာကြောင့်တော့ ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါဆို… ဘာကြောင့် ကျွန်တော် ဒီစာကိုရိုက်နေတာလည်း…. ဆိုတော့….။
ကျွန်တော့်မှာလည်း ရွေးစရာလမ်းမရှိဘူး……။
 
◄ တေဇာ ►

What expected of us by
Ted Chiang

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

⏰ Linkin Park posted a story that expires soon

  The story will expire tomorrow at 11:07 AM, so don’t miss out on the opportunity to see it.                               See Linkin Park 's recent story while it's still available.   ...