Skip to main content

အကြည်တော်လိုရယ်ချင်သလား

ဟာသလေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ ခေါင်းစဉ်ကိုယ်တိုင်ကကို စဉ်းစဉ်းစားစားရယ်ပါလို့ ပေးထားပါတယ်။ ရယ်တတ်မှသာ ရယ်လို့ရတဲ့ဟာမျိုးလို့ထင်ပါတယ်။ ရယ်တဲ့နေရာမှာလည်း တဟားဟားဖြစ်ကောင်းမှဖြစ်မယ်...ပြုံးစိစိလေးပေါ့ဗျာ...ကောင်းဘူးလား။ စပ်မိလို့ပြောပါရစေဦး။ အောင်မြင်မှုဆိုတာ အခြေအနေ၊ အချိန်အခါတွေနဲ့ အများကြီးဆိုင်တယ်ဗျ။ ကိုမျိုးကြီး (အဆိုတော်) စကားငှားသုံးရရင် ဒီအရပ်နဲ့၊ ဒီဇာတ်နဲ့ မနေတတ်တော့ဆဲခံရမယ်..ပေါ့..ဟိဟိ...။ အကြည်တော်ဘာကောင်းလဲ ဘာရယ်ရလဲကျွန်တော် (ကျွန်တော်တုံးတာလဲဖြစ်နိုင်တယ်...ဟဲဟဲ) စဉ်းစားမရပါ။ ပြစ်ပြစ်နှစ်နှစ်ရေးပြီး လည်ပင်းညှစ်ရယ်ခိုင်းသော စာများဟုသာ ကျွန်တော်မြင်ပါသည်။ (အနော် မျက်လုံးမှုန်တယ်နော်)။ သောက်ကြီးသောက်ကျယ် (တကယ်ပြောတာ ကျွန်တော်က သောက်လုံးလည်းကြီးတယ်၊ သောက်ပြီးရင်လဲ ကျယ်ကျယ်ကျယ်ကျယ်လုပ်တတ်တယ်) ပြောချင်တာလေးကတော့ “အခုခေတ်မှာ ပညာကိုယ်ခံအားကောင်းဖို့ တော်တော်လိုအပ်လှတယ်။ သူများလိမ်တာ၊ ညာတာ၊ ခေါင်းပုံဖြတ်တာမခံရဖို့ပါ။ ကိုယ့်ရဲ့ပညာကိုယ်ခံအား (အတွေးအခေါ်) အားနည်းလို့ကတော့ ခုခေတ်မှာ... သိပ်အဆင်ပြေလှမှာမဟုတ်ဘူး။... အင်...ဟာသဆိုပြီး ဘယ်လိုလုပ် လမ်းချော်သွားပါလိမ့်...ဒီအကြောင်း နောက်မှရေးပါတော့မယ်...။ အနော်က အဲလိုစာရေးကျွမ်းတဲ့လူပါ။ ဗွေယူကြပါနဲ့ဗျ။



ကျွန်တော့်ကို ၀ိုင်းဆော်ကြမယ့် အကြည်တော် ခရေဇီများအတွက် သူနိုင်ငံကျော်သွားလို့ ကျွန်တော်မနာလိုတာပဲလို့မှတ်ကြပါဗျာ။ :D



မပြောနဲ့နော်

အာကာသယာဉ်ဖြင့် ကမ္ဘာကို လပေါင်းများစွာပတ်ကာ သုတေသနအချို့ကို လုပ်ဆောင်ခဲ့သော အာကာသယာဉ်မှူး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ ဆိုဗီယက်ခေါင်းဆောင်များအားလုံး ကြိုဆိုကြသည်။ ကြိုဆိုမှုအခမ်းအနား ပြီးစီးသောအခါ ဆိုဗီယက်အာကာသအစီအစဉ် ကြီးကြပ်ရေးမှူးက အာကာသယာဉ်မှူးကို နှစ်ကိုယ်ကြားမေးသည်။
“ရဲဘော် ပီထရော့၊ အာကာသထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ရဲဘော် ကြည့်ရှုလေ့လာခွင့်ရခဲ့တယ်။ အရေးအကြီးဆုံး မေးခွန်းတစ်ခုကို ဖြေစမ်းပါ။ အဲဒီမှာ ရဲဘော် ဘုရားသခင်ကို မြင်ခဲ့ရသလား၊ မမြင်ခဲ့ရဘူးလား”
“အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော် မြင်ခဲ့ရပါတယ်ခင်ဗျာ”
“အင်း...၊ ကျုပ်ထင်တာ မှန်နေပြီပေါ့။ ဒါ အင်မတန်ဆိုးတဲ့ကိစ္စပဲ၊ ဒီအကြောင်းရဲဘော် ဘယ်သူ့ကိုမှမပြောနဲ့နော်၊ အန္တရာယ်များတယ်”
ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ထုတ်မပြောပါဟု အာကာသယာဉ်မှူး ကတိပေးလိုက်သည်။
နောက် အချိန်မကြာမီ ဆိုဗီယက်အာကာသယာဉ်မှူးကို ပုပ်ရဟန်းမင်းကြီးက လက်ခံတွေ့ဆုံသည်။ နှစ်ယောက်တည်းကျန်သောအခါ ပုပ်ရဟန်းမင်းကြီးက တိုးတိုးလေးမေးသည်။
“ငါ့သား.. သားဟာ အာကာသထဲမှာ အချိန်အကြာကြီး နေခဲ့သူဖြစ်တယ်။ ငါ့သားကို မေးခွန်းတစ်ခုပဲ မေးချင်တယ်၊ အဲဒီမှာ ဘုရားသခင်ကို မြင်ခဲ့ရသလား”
မိမိ၏အကြီးအကဲအား ကတိပေးခဲ့သည်ကို ဆိုဗီယက်ယာဉ်မှူး သတိရလိုက်သည်။
“ဟင့်အင်း၊ မတွေ့ခဲ့ရပါဘူး”
ပုပ်ရဟန်းမင်းကြီး သက်ပြင်းချပြီး ပြောသည်။
“အင်း၊ ၀မ်းနည်းစရာပဲ..၊ ထင်တဲ့အတိုင်းပါပဲလား။ ဒါပေမဲ့ ဒီကိစ္စကို တို့နှစ်ယောက်ဆွေးနွေးခဲ့တယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့နော်”

ခုဟာသလေးကို ကျွန်တော် လူတတ်ကြီးလုပ်ပြီး ဆွေးနွေးပါဦးမယ်။ လူတွေဟာ သူတို့ရဲ့ဟန်ပန်သွင်ပြင်ကတစ်မျိုး အတွင်းပိုင်းကတစ်မျိုး ဖြစ်နေတတ်ကြတာလေးပါ။ လူတွေဆိုရာမှာတောင် ကျွန်တော်တို့လိုပါမွှားများသာမက ပုပ်ရဟန်းမင်းကြီးလို လူမျိုးအထိပေါ့။ ဒါက ဟာသမျှသာဖြစ်ပေမယ့် အပြင်မှာလည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဒီလိုပဲတွေးနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ နှစ်ရှည်လများ၊ ဂုဏ်သိက္ခာနဲ့ သြဇာတိက္ကမကြီးစွာ ခံယူချက်တစ်ခု (ဘုရားသခင်ရှိကြောင်း) ကို မလွှဲမရှောင်သာ မငြင်းဆန်နိုင်စွာ စွဲကိုင်ခဲ့ရပေမယ့်လည်း... သူကိုယ်တိုင်ကတော့ အတွင်းမှာကြိတ်ပြီး သံသယပွားနေနိုင်တယ် မှတ်လား။ တစ်ဖက်မှာလည်း ဆိုဗီယက်ခေါင်းဆောင် ကွန်မြူနစ်များကတော့ တိုက်ပွဲဝင်မယ်၊ သတ်မယ်ဖြတ်မယ်၊ အသေခံမယ် ကြွေးကြော်နေခဲ့ကြပေမယ့် လက်တွေ့ကျတော့ ဘုရားသခင်ရှိမှာပါလို့ ထင်နေတယ်လေ။ လူတွေရဲ့သဘောသဘာဝလေးကို သပ်သပ်ရပ်ရပ်ပြထားပါတယ်။ ကြိုက်ပါတယ်။ ဟားဟားဟားလို့ ရယ်ချင်သူများအတွက်ကတော့ အကြည်တော်ဖတ်ကြပါလို့ တိုက်တွန်းပါတယ်။ ညစ်စုတ်စုတ် ပုပ်အက်အက်ဓာတ်ခံလေးတော့ အားကောင်းဖို့လိုတာပေါ့ဗျာ :P ။

(စာကြွင်း)
သိသည်နှင့်လျှော်ညီစွာ “ကျင့်” ဆိုသော ဆိုဆုံးမစကားအတိုင်း ကျွန်တော်လိုက်နာလိုက်ပါတယ်။ ကိုအာကာကြီးသင်ပေးထားတဲ့ ဘလော့ဂ်ခေါင်းစဉ်ပေးနည်းလေးကို လက်တွေ့အသုံးချလိုက်ပါတယ်။ အကြည်တော်နဲ့ ဘာမှသိပ်မဆိုင်လှပေမယ့် ခေါင်းစဉ်မှာ သူ့နာမည်ကို ခုတုံးလုပ်လိုက်ပါတယ်ခင်ဗျား။ လာဖတ်မိတာ အချိန်ကုန်သွားတယ် ထင်သောသူငယ်ချင်းများ... ကိုအာကာ့ကိုဆဲကြပါ။ သားသား သူမြှောက်ပေးလို့လုပ်ရတာပါဗျာ...ဟဲဟဲ...။

Comments

  1. ဘလော့ဂ်ခေါင်းစဉ်ပေးနည်းဆိုပါ့လား။ ညီလေး ကို့လဲ သင်ပေးဦးလေ။

    ReplyDelete
  2. စာဖတ်သူSeptember 29, 2009 at 6:14 PM

    အမြင်တူပါတယ်။
    ကျေက်သင်ပုန်းတွေ မိုးတဲ့အိမ်လား အဲဒါလေးတော့ ကြိုက်ပါတယ်။
    အကြည်တော်ရဲ့ အခုနောက်ပိုင်းရေးနည်းကို လုံးဝမကြိုက်ဘူး။မဖတ်ဖြစ်တော့ဘူး။

    တစ်ခုပဲ။ ဖွင့်ထားတဲ့သီချင်းထဲက ပထမတစ်ပုဒ်ကို အမြဲရပ်ပစ်ရတယ် :P

    ReplyDelete
  3. ဒါတော့ ဘယ်လိုပြောရမယ် မသိဘူး..ဗျ..။ခုခေတ်မှာတော့ အကြည်တော် ဝတ္ထုကို တကူးတက စောင့်ဖတ်နေကြတဲ့ သူတွေ ဒုနဲ့ဒေးပါပဲ..။ဟိုလူကလည်း
    သူလုပ်ရင် ရွှေဖြစ်တယ်လိုံပဲ ထင်နေလားမသိပါဘူး..ပေါက်တတ်ကရမှန်းသမျှ လျှောက်လုပ်တာပဲ....

    ReplyDelete
  4. ကိုယ်လဲ အကြည်တော် ကို ဉာဏ်မမီဘူး။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

⏰ Linkin Park posted a story that expires soon

  The story will expire tomorrow at 11:07 AM, so don’t miss out on the opportunity to see it.                               See Linkin Park 's recent story while it's still available.   ...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...