Scan ဖတ်ထားတဲံ Image တွေဟာ များသောအားဖြင့် တည့်တည့်မဖြစ်တာများပါတယ်။ ဒီလိုဖြစ်တိုင်း တည့်အောင် Scan ပြန်ပြီးဖတ်နေရမယ်ဆိုရင်တော့ တော်တော်ပင်ပန်းမှာပါ။ အချိန်လည်းကုန်၊ မီးစက်နှိုးထားရတဲ့ ဆီဖိုးလဲ ကုန်မှာပေါ့....ဟဲဟဲ...။
ဒီပြဿနာကို Photoshop နဲ့ အလွယ်တကူဖြေရှင်းနိုင်ပါတယ်။
Scan ဖတ်ထားတဲ့ Image ကို Photoshop နဲ့ ဖွင့်လိုက်ရုံပါပဲ။
ဖွင့်ပြီးရင်.. File>>Automate>>Crop and Straighten Photos ကို လုပ်လိုက်ရုံပါပဲ...။
အလွယ်ကလေးပေမယ့် မသိတဲ့လူများအတွက် ဒုက္ခရောက်တတ်လို့ပါ...။ :-)

Comments
Post a Comment