ညှော်နဲ့များ
စီးကရက်မီးခိုးများ
အဖုံးတွင်း ကံစမ်းမဲများ။
တစ်နေကုန် အသည်းအသန်ရှင်သန်ခဲ့သမျှ
တစ်နေကုန် အပြင်းအထန် သေဆုံးခဲ့သမျှ။
သူငယ်ချင်းတစ်ယောက်ရဲ့
အိတ်ထောင်ထဲ ငွေစကြေးစကလေးလည်း
ချွေးတွေစိုလို့။
မှားမှန်းသိလျက် ခေါင်းညိတ်ခဲ့ရတာတွေ
မှန်မှန်းသိလျက် ငြင်းဆန်ခဲ့ရတာတွေ
ကိုယ့်အပူနဲ့ကိုယ်
ကိုယ်တွေ ခြစ်ခြစ်တောက်ပူလို့။
ဝင်္ကပါမှာ
သံသရာလည်ကြ
ဆံပင်ရှည်ထားသလို
စိတ်ရှည်ရှည်ထားနိုင်ရင်လည်းကောင်းမယ်။
ရေခဲတုံးလေးများလို
အရည်ပျော်၊ ပျော်ဝင်သွားနိုင်ရင်လည်း ကောင်းမယ်။
ဘယ်လိုပြောမလဲ
ဘာမှမပြောတာဘဲ ကောင်းမယ်။ ။
ကြည်ဇော်အေး
ကဗျာဆရာတွေဟာ အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကို စာပေထဲမှာမဟတ်ုဘဲ မြို့ပြရဲ့ လမ်းကြိုလမ်းကြားတွေထဲမှာ တွေ့ရတယ်။ ၁၉ လမ်းဟာ အက်(ရှ်)ဘယ်ရီ ကဗျာတစ်ပုဒ်ထက် ကဗျာဆရာရဲ့ အသည်းနှလုံိးကု ပိုထိခိုက်စေတယ်။ ၁၉လမ်း ကဗျာဟာ `မြို့ပြလူသားတွေရဲ့ အောက်တန်းကျတဲ့ ရှင်သန်မှု´ နဲ့ စထားတယ်။ (ညှော်နဲ့များ၊ စီးကရက်မီးခိုးများ၊ အဖုံးတွင်းကံစမ်းမဲများ)။ ကဗျာဆုံးမှာတော့ ရေခဲတုံးလေး အရည်ပျော်သွားသလိုမျိုး ကဗျာဆရာရဲ့အသံ တိမ်ဝင်သွားတာကို တွေ့ရတယ်။
ဆရာအောင်ခင်မြင့်ရဲ့ ကြည်ဇော်အေးကဗျာအပေါ် ရှင်းလင်းချက်ကို ထုတ်နှုတ်တင်ပြပါသည်။ ကျွန်တော့်အမြင်ကိုလဲ ရေးချင်သေးပေမယ့် ခုတော့ခေါင်းကိုက်နေလို့ မရေးနိုင်သေးပါ..ဟဲဟဲ....။

Comments
Post a Comment