“ကျဆုံးလေပြီးသော ဂျင်းဘောင်းဘီ”
လူငယ်ဘ၀ ကော်ဖီခါးခါး
ဂျင်းဘောင်းဘီရဲ့ တစ်ကိုယ်ရေအလွမ်းများ
အဝေးပြေးလမ်းရဲ့ ချုပ်ရိုးတွေ
တောစိမ်းလေစိမ်းတွေကို ကိုယ်ကျပ်ဝတ်လို့
အိပ်ဇောပိုက်ထဲက ညတွေ
စီးကရက်ဖွာနေတဲ့ ကြယ်ပူစူးလေးတွေနဲ့
ကျောပိုးအိတ်ထဲက လ၀န်းလဲ့ပြာလေးခမျာ
ဒိုင်ယာရီကြားထဲ ခေါင်းထိုးပြီး
အိပ်ဆေးကြောင် မျန်ဝန်းခြောက်ကပ်နဲ့ ငိုနေတယ်။
ငါ့ကိုထမ်းထားတဲ့ ဂစ်တာ
ဗုဒ္ဓမြတ်စွာရဲ့ တရားဒေသနာ
တစ်ချိန်မှာတော့ သူရောငါရော ကျကွဲရမှာပါ
မြန်နှုန်းမြင့်ဘ၀တွေ
တောင်ပတ်လမ်းနဲ့ အသူတစ်ရာချောက်တွေပေါ်
ရူးရူးမူးမူး
စည်သွပ်ဗူးထဲက အိပ်မက်
နှင်းဆီတစ်ပွင့်မှာ အဖျားတက်နေချိန်
ငါ့ခြေဦးနဲ့ဒူး ပြန်ကွေ့ခဲ့ပေါ့ အမေ့အိမ်။ ။
ခက်သီ
လူငယ်ဘ၀ ကော်ဖီခါးခါး
ဂျင်းဘောင်းဘီရဲ့ တစ်ကိုယ်ရေအလွမ်းများ
အဝေးပြေးလမ်းရဲ့ ချုပ်ရိုးတွေ
တောစိမ်းလေစိမ်းတွေကို ကိုယ်ကျပ်ဝတ်လို့
အိပ်ဇောပိုက်ထဲက ညတွေ
စီးကရက်ဖွာနေတဲ့ ကြယ်ပူစူးလေးတွေနဲ့
ကျောပိုးအိတ်ထဲက လ၀န်းလဲ့ပြာလေးခမျာ
ဒိုင်ယာရီကြားထဲ ခေါင်းထိုးပြီး
အိပ်ဆေးကြောင် မျန်ဝန်းခြောက်ကပ်နဲ့ ငိုနေတယ်။
ငါ့ကိုထမ်းထားတဲ့ ဂစ်တာ
ဗုဒ္ဓမြတ်စွာရဲ့ တရားဒေသနာ
တစ်ချိန်မှာတော့ သူရောငါရော ကျကွဲရမှာပါ
မြန်နှုန်းမြင့်ဘ၀တွေ
တောင်ပတ်လမ်းနဲ့ အသူတစ်ရာချောက်တွေပေါ်
ရူးရူးမူးမူး
စည်သွပ်ဗူးထဲက အိပ်မက်
နှင်းဆီတစ်ပွင့်မှာ အဖျားတက်နေချိန်
ငါ့ခြေဦးနဲ့ဒူး ပြန်ကွေ့ခဲ့ပေါ့ အမေ့အိမ်။ ။
ခက်သီ
Comments
Post a Comment