Skip to main content

ကဗျည်းကျောက်တိုင် တစ်ခုမပိုင်ဘဲ

ပုတ်သင်ညို
ကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာ ကြောင်တွေ၊ ခူကောင်တွေ၊ သစ်ရွက်အခြောက်တွေ၊ ဂေါ်ဘီအဖြူထုပ်တွေ၊ သစ်တော်သီးတွေနဲ့ ခရုတွေကို ပန်းချီရေးဖို့ သင်ယူကြရတယ်။ ဒါပေမဲ့ ပုတ်သင်ညိုရေးဆွဲနည်းကို သင်ကြားဖို့ကိစ္စကျတော့ ဘယ်သူမှ မစဉ်းစားကြဘူး။ အကြောင်းပြချက်က ပုတ်သင်ညိုတစ်ကောင်ရေးဖို့ဆိုတာ အလွန်ခက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့ ယူဆချက်ထဲမှာ ရှိလေရဲ့။ ဒီလိုအယူအဆဟာ အမှန်တရားနဲ့ ဝေးလွန်းလှသပေါ့။ တကယ်က ပုတ်သင်ညိုတစ်ကောင်ရဲ့ပုံကို ရေးဆွဲရတာဟာ အခြားသောသတ္တ၀ါမှန်သမျှကို ရေးရတာထက် လွယ်ကူတယ်။ ပုတ်သင်ညိုကိုရေးတဲ့အခါ ဖယောင်းခဲ ဘယ်အရောင်ကိုသုံးရမလဲဆိုပြီး ပူပင်ကြောင့်ကြစရာ မလိုအပ်ဘူး။ ဘယ်အရောင်ကိုပဲသုံးသုံး အိုကေသွားမှာပဲ။
     ဟေ့.... ဒါကဘာစိတ်ကူးလဲ။ ကျုပ်က အ၀ါရောင်ဟာကို မင်းက အပြာရောင်နဲ့ ရေးဆွဲထားပါလားလို့ ပုတ်သင်ညိုတစ်ကောင်ကများ လာပြီး ပြဿနာရှာတယ်ဆိုပါတော့။ ဒီမယ် ကိုယ့်လူ၊ ဒါ ခင်ဗျားရဲ့ မနေ့ကပုံကို ရေးထားတာလို့သာ ပြန်ပြောပစ်လိုက်။ ဒါမျိုး ပြန်ပြောလိုက်လို့ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပုတ်သင်ညိုဟာ မနေ့က သူ့ရဲ့အရောင် ဘယ်လိုရှိခဲ့သလဲဆိုတာကို ကောင်းကောင်းမှတ်မိမှာ မဟုတ်လို့ပဲ။ ဒီအခါ သူက တခြားအကြောင်းကို ပြောင်းဆွေးနွေးလိမ့်မယ်။
     ခင်ဗျားအနေနဲ့ကတော့ ၀ိရိယနည်းနည်းပိုထည့်ပြီး ပုတ်သင်ညိုရဲ့ပုံတူကို အစောကြီး ကြိုရေးထားလို့တောင်ရတယ်။ ကဲ ရှေ့ဆက်တွေးကြည့်ရအောင်လား။ ပုတ်သင်ညိုတစ်ကောင်ဟာ လေးထောင့်အကွက်တွေပါတဲ့ စားပွဲခင်းတစ်ခုပေါ်မှာ ထိုင်နေတယ်ဆိုပါစို့။ ဒါဆိုရင် ကျုပ်တို့ကလည်း လေးထောင့်အကွက်တွေပါတဲ့ ပုတ်သင်ညိုပုံကို ရေးရုံပဲ။ ဒါဆိုရင် ကျုပ်တို့ဘက်က ရှုံးနိမ့်စရာ တစ်ခုမှ မရှိတော့ဘူး။
     နောက်တစ်ခုက အဲဒီပုံတူတွေကို ကျုပ်တို့ရေးထားပေမယ့် အကျိုးအမြတ်တော့ ရမယ်မထင်နဲ့။ ပုတ်သင်ညိုတွေမှာ သူတို့ရဲ့ ပုံတူပန်းချီကားကို ၀ယ်တဲ့ အလေ့အထမရှိဘူး။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပေဘူး။ သူတို့က သူတို့ကိုယ်သူတို့ ပြန်မှတ်မိတာမှ မဟုတ်တာ။ နောက်ထပ်စိတ်ပျက်စရာ ကိစ္စတစ်ခု ကျန်သေးတယ်။ ပုတ်သင်ညိုနှစ်ကောင် ဆုံတွေ့ကြပြီဆိုပါတော့ဗျာ။ ဒီကောင်တွေ တစ်ကောင်ကိုတစ်ကောင် အသိအမှတ်ပြုမယ် ထင်သလား။ ဝေးပါသေးရဲ့။ သူတို့က အချင်းချင်း မမြင်တတ်ကြဘူး။ ပုတ်သင်ညိုအုပ်စုကြီး တစ်ခုလုံး တစ်နေရာရာမှာ အတူရှိနေမယ်ဆိုရင်တောင် အဲဒီနေရာမှာ ဘယ်ပုတ်သင်ညိုမှ ရှိမနေဘူးဆိုတဲ့အပေါက်မျိုး ချိုးပြလိမ့်မယ်။ ဒါကြောင့်လည်း ပုတ်သင်ညိုကို ရှားပါးသတ္တ၀ါရယ်လို့ ယူဆချင်ကြတာနေမှာ။ တကယ်တော့ ပုတ်သင်ညိုဆိုတာ တခြားသတ္တ၀ါတွေနဲ့ အတူတူပဲ။ ခရု၊ ကြောင်၊ ခူကောင်တွေနဲ့အတူ ပန်းချီသင်ရိုးထဲ ထည့်သွင်းခံရတဲ့ကောင်ပဲ။ စိတ်ဝင်စားစရာတစ်ခုက ပုတ်သင်ညိုတွေဟာ သူတို့ သက်ရှိထင်ရှားရှိစဉ်က အလွန်လှပတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်၊ ပန်းရောင်စတဲ့ အရောင်တွေရှိခဲ့ကြပေမယ့် သေကြတဲ့အခါမှာတော့ တစ်ရောင်တည်းပဲ။ အဲဒီအခါကျတော့ အားလုံးက မထင်မရှား မီးခိုးရောင်။
    


(ချက်လူမျိုးစာရေးဆရာ မီးလော့စ်မာကူရက်၏ မူရင်းအရေးအသားကို ဆရာမောင်ဒေးဘာသာပြန်ပြီး တေဇာမှ သံဝေဂစိတ်ကလေးဖြင့် ဖော်ပြပေးပါသည်။)

ရှင်းလင်းချက်
ဒီအက်ဆေးမှာ အလေးအနက်ဖော်ထုတ်ပြထားတာက လူတွေရဲ့ နဝေတိမ်တောင်ဖြစ်မှုပါပဲ။ တစ်ခါခါမှာ ပြဿနာတစ်ခုဟာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေပြီဆိုရင် ဖြေရှင်းရတာ လက်ပေါက်ကပ်တတ်တာပေါ့။ အရောင်အမျိုးမျိုးပြောင်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ပန်းချီဆွဲရတာလိုလေ...။ ဒီအခါမှာ အဖြေက ရိုးရိုးလေးစဉ်းစားပါဆိုတဲ့ ဥပဒေသပါ။ ဘာအရောင်နဲ့ပဲဆွဲဆွဲ အလုပ်ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းစဉ်းစားကြဖို့ အကြံပြုချက်လေးဖြစ်ပါတယ်။ ပြဿနာဖြေရှင်းခြင်းကိစ္စမှာ လူတွေရဲ့စိတ်ထဲ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ပြဌာန်းထားတဲ့ စည်းကမ်းတွေနဲ့ ပြန်ပိတ်မိနေတတ်တယ်။ ငါဒီလိုတော့ လုပ်လို့မဖြစ်ဘူးလို ဟာမျိုးပေါ့။ ဒီတော့ ပုတ်သင်ညိုလိုမျိုး ပြဿနာတွေနဲ့များ အပြင်မှာ ဆုံခဲ့လို့ရှိရင်၊ ဘာမှကြောက်မနေနဲ့တော့ပေါ့။ နာရင်းလေးနှစ်ချက်လောက်ရိုက်ပြီး ပြန်လွှတ်လိုက်ရုံပဲ..ဟဲဟဲ။
      ပြီးတော့မှ အက်ဆေးဆရာဟာ ပုတ်သင်ညိုတွေရဲ့ စရိုက်သဘာဝနဲ့ အထီးကျန်ဆန်မှုကိုရေးဖွဲ့ပြီး နောက်ဆုံးမှာတော့ သံဝေဂရစရာလေးကို လှလှပပရေးဖွဲ့ခဲ့ပါတယ်။ ဒီအချက်ကလေးဟာ အရေးကြီးတယ်လို့ မြင်ပါတယ်။
      စိတ်ဝင်စားစရာတစ်ခုက ပုတ်သင်ညိုတွေဟာ သူတို့ သက်ရှိထင်ရှားရှိစဉ်က အလွန်လှပတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်၊ ပန်းရောင်စတဲ့ အရောင်တွေရှိခဲ့ကြပေမယ့် သေကြတဲ့အခါမှာတော့ တစ်ရောင်တည်းပဲ။ အဲဒီအခါကျတော့ အားလုံးက မထင်မရှား မီးခိုးရောင်တဲ့။ ကျွန်တော်တို့အတွက်ရော....။ အသက်ရှင်စဉ်အခါက ဂျင်းပန်နဲ့ အော်တာရှပ်နဲ့ လန်းနေလိုက်ကြတာ။ သေရင်ဘာကျန်မလဲ စဉ်းစားကြည့်စရာပါ။ တေဇာ့အတွက်တော့ သမိုင်းကြီးကိုပြောင်းလဲပစ်နိုင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်မလာမှာသေချာနေတဲ့အတွက် သူကိုယ်သူဘယ်လောက်ပျော်အောင်ထားခဲ့သလဲဆိုတာနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့လူများကို ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာလေးနှစ်ခုနဲ့ပဲ (ဘ၀ရဲ့တန်ဖိုးကို) ပေတံအဖြစ်ထားပြီး တိုင်းတာချင်ပါတယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အင်္ဂါဂြိုဟ်ကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ တေဇာ့မှာ မရှိပါဘူးဗျာ။ ပုတ်သင်ညိုကလေးများပြသောတရားကို နာ ကျစို့လား။

ကဗျည်းကျောက်တိုင်...
တစ်ခုမပိုင်ဘဲ...
ဘယ်နေရာမှာ ကျွန်ုပ်လဲလျောင်းရမည်...
ပြောပါလေ...
(အနော့်ပါပါ ဘာသာပြန်ထားတဲ့ ဆယ်တန်းကဗျာလေးပါဗျာ)

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”