ဘ၀ပေါင်းများစွာထဲ ငါဖြတ်လျှောက်ခဲ့ဖူးတယ်
တချို့ကတော့ ငါ့ကိုယ်ပိုင်
လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့
အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့
ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။
ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင်
ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့
ငါ နောက်လှည့်ပြန်ကြည့်တော့
မိုးကုပ်စက်ဝိုင်းတူရှူ
တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊
စွန့်ပစ်ခံလယ်တောကွင်းတွေဆီက
ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ
အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့
အစာရှာနတ်စေတမန်တွေ ငါမြင်ရ။
ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ
မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့
အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။
သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ
ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။
လေပြင်း တိုးတက်တိုက်ခတ်လာနေချိန်
လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့ ငါ့သူငယ်ချင်းတွေ
သွေးရူးသွေးတန်းဖုံမှုန့်တွေလို
ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။
သို့တိုင် ငါကတော့
တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့
ချိုးမြဲချိုးကွေ့နေဆဲ
ငါသွားရမယ့် ဘယ်နေရာကိုမဆို
ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့
ပြီး လမ်းပေါ်တွေ့သမျှ ငါ့အတွက်
ကျောက်စလစ်တစ်စမကျန် တန်ဖိုးရှိနေမြဲ။
အမှောင်မိုက်ဆုံး ငါ့ညရဲ့
လမင်းဖုံးကွယ်ထားတဲ့ အခိုက်
ပျက်စီးအကြွင်းအကျန်များကိုဖြတ် ငါ ဦးတည်ရာမဲ့ခရီးဆက်တုန်း
မိုးဒေ၀ါအသံတစ်ခုက ညွှန်ကြားတယ်၊
"အလွှာကြားထဲ အသက်ရှင်၊
ဖွာရာကြဲပေါ် အသက်မရှင်နဲ့" တဲ့။
အနက်ဖော်ဖို့အတွက် အနုပညာအား
ငါ ပါးရှားပေမယ့်
ငါ့ အသွင်ပြောင်းလဲခြင်း စာအုပ်ထဲက
နောက်တစ်ခန်းကို ရေးသားထားပြီးဖြစ်ပါလိမ့်မယ်။
ငါ့ ပြောင်းလဲခြင်းတွေကိုတော့ လက်စမသတ်နိုင်သေးဘူး။
တေဇာ (လရောင်လမ်း)
~Stanley Kunitz ၏ The Layers ကို ဆီလျော်သလို ပြန်ဆိုပါသည်။
Image: www.listofimages.com
******
အလွှာများကဗျာကို ကျွန်တော့်အသက် ခုနစ်ဆယ်ကျော်နှောင်းပိုင်းနှစ် တွေမှာ၊ ကျွန်တော့်ကဗျာခရီး နှစ်ခြောက်ဆယ်ကို ကောက်ချက်တစ်ခုထုတ်ကြည့်ဖို့အတွ က်
ကျွန်တော်ရေးပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်အခင်မင်ရဆုံး
မိတ်ဆွေများစွာ ဆုံးရှုံးခဲ့တာကို ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ကျွန်တော့်ကဗျာအလုပ်တွေနဲ့၊ ဘ၀ရဲ့ နောက်ဆုံးအပိုင်းအခြားကို
ရောက်နေပြီလို့ ခံစားရပါတယ်။ မိုးဒေ၀ါက ပြောလိုက်သလို၊
ကျွန်တော့်အိပ်မက်ထဲကို ၀င်ရောက်လာတဲ့ စာသားလေးနှစ်ကြောင်းနဲ့ ဒီကဗျာကို
အစပြုခဲ့ပါတယ်။ "အလွှာကြားထဲ အသက်ရှင်၊ ဖွာရာကြဲပေါ် အသက်မရှင်နဲ့" တဲ့။
~Stanley Kunitz
တချို့ကတော့ ငါ့ကိုယ်ပိုင်
လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့
အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့
ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။
ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင်
ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့
ငါ နောက်လှည့်ပြန်ကြည့်တော့
မိုးကုပ်စက်ဝိုင်းတူရှူ
တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊
စွန့်ပစ်ခံလယ်တောကွင်းတွေဆီက
ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ
အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့
အစာရှာနတ်စေတမန်တွေ ငါမြင်ရ။
ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ
မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့
အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။
သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ
ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။
လေပြင်း တိုးတက်တိုက်ခတ်လာနေချိန်
လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့
သွေးရူးသွေးတန်းဖုံမှုန့်တွေလို
ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။
သို့တိုင် ငါကတော့
တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့
ချိုးမြဲချိုးကွေ့နေဆဲ
ငါသွားရမယ့် ဘယ်နေရာကိုမဆို
ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့
ပြီး လမ်းပေါ်တွေ့သမျှ ငါ့အတွက်
ကျောက်စလစ်တစ်စမကျန် တန်ဖိုးရှိနေမြဲ။
အမှောင်မိုက်ဆုံး ငါ့ညရဲ့
လမင်းဖုံးကွယ်ထားတဲ့ အခိုက်
ပျက်စီးအကြွင်းအကျန်များကိုဖြတ်
မိုးဒေ၀ါအသံတစ်ခုက ညွှန်ကြားတယ်၊
"အလွှာကြားထဲ အသက်ရှင်၊
ဖွာရာကြဲပေါ် အသက်မရှင်နဲ့" တဲ့။
အနက်ဖော်ဖို့အတွက် အနုပညာအား
ငါ ပါးရှားပေမယ့်
ငါ့ အသွင်ပြောင်းလဲခြင်း စာအုပ်ထဲက
နောက်တစ်ခန်းကို ရေးသားထားပြီးဖြစ်ပါလိမ့်မယ်။
ငါ့ ပြောင်းလဲခြင်းတွေကိုတော့ လက်စမသတ်နိုင်သေးဘူး။
တေဇာ (လရောင်လမ်း)
~Stanley Kunitz ၏ The Layers ကို ဆီလျော်သလို ပြန်ဆိုပါသည်။
Image: www.listofimages.com
******
အလွှာများကဗျာကို ကျွန်တော့်အသက် ခုနစ်ဆယ်ကျော်နှောင်းပိုင်းနှစ်
~Stanley Kunitz
Comments
Post a Comment