Skip to main content

#ည၂နာရီ၂၆

တိတ်ဆိတ်တယ်
မှောင်တယ်
မခန့်မှန်းတတ်ဘူး
ကြားရလား
အဲဒီက
မမြင်ရတဲ့ ပုရစ်တစ်ကောင်
အော်နေတဲ့ ပုံသဏ္ဌာန်

တကယ်လို့
အိပ်မက်ဟာမြန်ပြီး လေတဟူးဟူးတိုးပြီး
ငါက ရာဇဝတ်သား ဖြစ်ပြီး
ငါထွက်ပြေးသွားခဲ့တာ အဆုံးမှာ
ဂိမ်းစီးတီးက ဆိုင်ကယ်ကြီးဖြစ်မနေဘူးဆိုရင်
ဘာလို့ ပြန်မအိပ်ရဲ ရမှာလဲ
ဒီလိုပဲ ငါ့ကိုယ်ငါ အားပေးတယ်

ယုံကြည်ဖို့
ဒါမှမဟုတ်လည်း မိုင်ကုန်ဖြဲပြီး
ဘယ်ဆီမှ မရောက်တဲ့ကိစ္စကို
ခံနိုင်ရဲဖို့။

တေဇာ (လရောင်လမ်း)
Image: wall.alphacoders.com

Comments