Skip to main content

လိပ်ပတ်မလည်

ဝိရောဓိအဆို (Paradox) ဟူသည့် စကားလုံးအား The Chambers Dictionary 2006 တွင် ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုသည်။

အများ နားလည် လက်ခံနိုင်သည့် ယူဆချက် တစ်ရပ် ရရှိရန် ဆန့်ကျင်ငြင်းဆန် နေသည့် အရာ။ ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်း ပေါ်လွှင်ထင်ရှား နေသော်လည်း တကယ်တမ်းတွင် မှန်ကန်သည့်၊ သို့မဟုတ် မှန်ကန်နိုင်ချေ ရှိသည့် အရာ။ လိပ်ပတ် မလည်သော၊ အချင်းချင်း ဆန့်ကျင်နေသော (Self-contradictory) အဆို။

အဆိုပါ ၀ိရောဓိအဆို (Paradox) များနှင့် ပတ်သက်၍ အကျဉ်းမျှ ဖော်ပြလိုပါသည်။

§ § § § § § §



Catch-22 

Catch-22 ဆိုသည်မှာ Joseph Heller ၏ ၀တ္ထုတစ်ပုဒ်မှ ဆင်းသက်လာသည့် စကားရပ်တစ်ခု ဖြစ်သည်။ ဒုတိယကမ္ဘာစစ် နောက်ခံကား အမေရိကန်လေတပ်အား ကျောရိုးပြုထားသည်။ လေတပ်သားများတွင် ရူးသွပ်နေသည်ဟု ယုံကြည်ရသူများကိုသာ အန္တရာယ်ကြီးသည့် လေကြောင်းတာဝန်များမှ ကင်းလွတ်ခွင့်ပေးရန် စည်းမျဉ်း ပြဌာန်းထားသည်။ သို့သော် အန္တရာယ်ကြီးသည့် စစ်ဆင်ရေးအား ဆောင်ရွက်လိုခြင်းမရှိ၍ မိမိကိုယ်ကိုယ် အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိ၊ ရူးသွပ်နေပါသည်ဟု လျှောက်ထားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူအား ရူးသွပ်နေသူအဖြစ် မသတ်မှတ်နိုင်တော့။ ကိုယ့်ကိုယ်ကိုယ် ရူးကြောင်းပြောဆိုသူသည် မရူး။ ထို့ကြောင့် မူလ တာဝန်ပေးသည့် အတိုင်း ဆက်လက်ထမ်းဆောင်ရပေမည်။ အရေးကြီးရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ခြင်း ပြုနိုင်လောက်သော ပုံမှန်စိတ်အခြေအနေ မရှိပါဟု အကြောင်းပြနိုင်ခြင်းသည်ပင် အဆိုတပ်သားသည် ပုံမှန်တွေးခေါ်နိုင်စွမ်း ရှိသေးကြောင်း သက်သေပြနေသလို ရှိသည်။ ချည်ပြီးတုပ်ပြီး ချောင်ပိတ်ရိုက်ထားသည့် အခြေအနေတစ်ရပ် ဖြစ်ပါသည်။ အဆိုပါစာအုပ်၏ ဇာတ်သိမ်းပိုင်းတွင် ရောမမြို့မှ အမျိုးသမီးကြီးက “တကယ်တော့ သူတို့လုပ်ချင်ရာ သူတို့လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ဖွင့်ဆိုခဲ့သည်။ အာဏာပိုင်တို့၏ အာဏာအလွဲသုံးစားပြုမှု၊ မိမိလက်အောက်ငယ်သားများ၏ ဆန္ဒနှင့်ခံစားချက်တို့အား မျက်ကွယ်ပြုမှုတို့သည် အဆိုပါဝတ္ထု၏ အဓိကအကြောင်းအရာ (Theme) ဖြစ်သည်။ အရပ်သုံးတွင်မူ Catch-22 အား ကျိုးကြောင်းမဆီလျော်မှုနှင့်၊ ချောင်ပိတ်အခြေအနေ (No-win Situation) တို့တွင် သုံးစွဲသည်။ ၎င်းသည် ၀ိရောဓိအဆို (Paradox) တစ်ခု ဖြစ်သည်။

ဝိရောဓိ ကြော်ငြာစာများ

အလားတူ ၀ိရောဓိဖြစ်နေသည့် ကြော်ငြာတစ်ခုအကြောင်း ဖတ်ခဲ့ရဖူးသည်။ “သင် ဤစာအား မဖတ်တတ်ပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ” ဟူသည့် စာမတတ်သူ ပပျောက်ရေး ကြော်ငြာတစ်ခု ဖြစ်ပါသည်။ စာမဖတ်တတ်သူများအား ရည်ရွယ်၍ အမျှော်အမြင်ကြီးစွာ ရေးထား ဟန်တူ၏။ နောက်တစ်ခုမှာ “ဤဆိုင်းဘုတ်အား ဂရုမစိုက်ပါနှင့်” ဟူ၍လည်း တွေ့ရသည်။ ဖတ်ပြီးသည်နှင့် ဂရုစိုက်လိုက်မိပြီး ဖြစ်သည့်အတွက် လျစ်လျူရှုခွင့် မရှိတော့ပါ။

ဝိရောဓိ သက်သေပြချက် အချို့

ထာဝရပျော်ရွှင်မှုနှင့် ဟမ်ဘာဂါ ဘယ်သင်းပိုကောင်းသနည်း။ အပေါ်ယံကြည့်သော် ထာဝရပျော်ရွှင်မှုသည် ပိုကောင်းဟန် ထင်ရ၏။ သို့သော် ဤသို့လည်း မဟုတ်သေး။ တကယ်တမ်းတော့ အဆုံးမဲ့ပျော်ရွှင်မှုထက် ပိုကောင်းသော အရာသည် “ဘာမျှမရှိ”။ ထို့အတူ “ဘာမျှမရှိခြင်း” ထက်စာလျှင် ဟမ်ဘာဂါသည် ပိုကောင်း၏။ ထို့ကြောင့် ဟမ်ဘာဂါသည် ထာဝရပျော်ရွှင်မှုထက် ပိုကောင်း၏ဟု နိဂုံးချုပ်သည်။

ဗျတ်ဝိ ဗျတ္တ

ဗျတ်ဝိဗျတ္တ တစ်ဦးဦးရှိကြောင်း သက်သေပြချက်

(၁) ဗျတ်ဝိ မရှိ။
(၂) ဗျတ္တ မရှိ။
(၃) ဤ၀ါကျ သုံးကြောင်းအနက် အနည်းဆုံး တစ်ခုသည် မှား၏။

ဝါကျ (၃) တွင် အနည်းဆုံး ၀ါကျတစ်ကြောင်းသည် “မှားသည်” ဟု ဆိုထားသည့်အတွက်...
ဝါကျ (၁) မှားသော် ဗျတ်ဝိ ရှိလိမ့်မည်။ ၀ါကျ (၂) မှားသော် ဗျတ္တ ရှိလိမ့်မည်။
ဝါကျ (၃) မှားသော် (၀ါ) “၀ါကျသုံးကြောင်းအနက်မှ အနည်းဆုံး တစ်ခုမှားသည် ဆိုသော အဆိုမှားသော်” ၀ါကျတစ်ခုမှအထက် မှားရတော့မည်။ ထိုအခါ ၀ါကျ (၁) သို့မဟုတ် (၂) တစ်ခုခုပါ မှားရတော့မည်။ ထို့ကြောင့် ဗျတ်ဝိ (သို့မဟုတ်) ဗျတ္တ တစ်ဦးဦး ရှိရတော့မည်။ တစ်နည်းအားဖြင့် “ဗျတ်ဝိ မရှိ” ဟူသည့် ၀ါကျ (၁) မှားသော် ဗျတ်ဝိ ရှိရပေမည်။ ဗျတ္တမရှိဟူသည့် ၀ါကျ (၂) မှားသော် ဗျတ္တ ရှိရပေတော့မည်။

ဗျတ္တရှိကြောင်း သက်သေပြချက်

(၁) ဗျတ္တ ရှိသည်။
(၂) ဤ၀ါကျ နှစ်ခုလုံး မှားသည်။

ဝါကျ (၂) အရ ၀ါကျနှစ်ကြောင်းလုံးမှာ အမှားဖြစ်သည်ဟု ဆိုထားသည့်အတွက် ...
ဝါကျ (၂) ပါ “၀ါကျနှစ်ခုလုံး မှားသည်” ဆိုသော အဆိုကိုယ်တိုင် မှားနေသည်ဟု ယူဆရတော့မည်။ ၀ါကျနှစ်ခုလုံး မှားသည်ဟူသော အဆို မှားနေသည်ဆိုလျှင် ၀ါကျနှစ်ခုလုံးသည် မှန်ကန်မှုရှိသည်ဟု တစ်နည်းဖြစ်နိုင်သည်။ သို့မဟုတ်  ၀ါကျနှစ်ခုအနက် တစ်ခုခုသည် မှန်ကန်မှုရှိသည်ဟု နောက်တစ်နည်း ဖြစ်နိုင်သည်။ ပထမ ဖြစ်နိုင်ချေအတိုင်း ၀ါကျနှစ်ခုလုံး မှန်ကန်သည်ဆိုခဲ့လျှင် ၀ါကျ (၁) သည် မှန်ကန်မှုရှိသည့် အတွက် ဗျတ္တ ရှိရပေတော့မည်။ ထိုသို့မဟုတ်ဘဲ ဒုတိယ ဖြစ်နိုင်ချေအရ ၀ါကျနှစ်ခုအနက် တစ်ခုခုသာ မှန်ကန်သည်ဆိုပါလျှင်...

ဝါကျ (၁) တွင် “ဗျတ္တိရှိသည် ဟု ဆိုထားသည့်အတွက် ၀ါကျ (၁) မှန်ခဲ့သော် ဗျတ္တိရှိကြောင်း ရှင်းနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ၀ါကျ (၂) မှန်သည်ဆိုပါလျှင်၊ တစ်နည်း “၀ါကျနှစ်ခုလုံး မှားသည်ဆိုသော ၀ါကျ” မှန်ကန်နေပါလျှင် အဆိုပါဝါကျတွင် အဆိုပြုထားသလို မှားနေသောဝါကျနှစ်ခုတွင် နံပါတ် (၂) ၀ါကျပါ ပါဝင်နေသည့်အတွက် နံပါတ် (၂) တွင် ဖော်ပြထားသည့် ၀ါကျနှစ်ခုလုံး မှားသည် ဟူသည့် အဆိုသည်လည်း မှားရပေတော့မည်။ ၀ါကျနှစ်ခုလုံး မှားသည်ဟူသည့် အဆို မှားသော် ၀ါကျနှစ်ခုအနက် အနည်းဆုံး တစ်ခုတော့ မှန်ရပေတော့မည်။ တစ်မှန်သော် ဗျတ္တရှိသည်။ (၂) မှန်ခဲ့သော် လိပ်လို တစ်ပတ်ပြန်လည်ပြီး အစပြန်ရောက်သွားပြီ ဖြစ်သည်။

ဇော်ဂျီရှိကြောင်း သက်သေပြချက်

ဤ၀ါကျ မှန်ကန်ခဲ့သော် ဇော်ဂျီ အမှန်တကယ် တည်ရှိသည်။

ဤ၀ါကျသည် မှားယွင်းသည့်ဝါကျဖြစ်ပြီး ဇော်ဂျီအမှန်တကယ် မရှိပါ။


Ref: Some Paradox - an anthology

Comments

  1. လိပ်ပတ်တော့မလည်ဘူး။ မျက်စေ့တော့လည်တယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA