Skip to main content

ပွဲကြည့်ပရိသတ်

အကောင်းအဆိုး အဆုံးအဖြတ်ပေးခြင်းနှင့် ပတ်သက်သည့် “ဈင်” (Zen) ပုံပြင်လေးတစ်ပုဒ် ရှိပါသည်။

နှစ်ပေါင်းများစွာ တောင်ယာလုပ်ငန်း လုပ်ကိုင်လာခဲ့သည့် လယ်သမားကြီး တစ်ယောက် ရှိသည်။ တစ်နေ့တွင် သူ၏ မြင်းမှာ ထွက်ပြေး လွတ်မြောက်သွား လေသည်။ ထိုသတင်းကို ကြားသော် သူ၏ အိမ်နီးချင်းများ ရောက်ရှိလာကြ၏။ “ကံဆိုးလိုက်တာဗျာ” ဟု ဂရုဏာသက်စွာ စုတ်တသပ်သပ် ပြုကြ၏။ “ဒီလိုပဲပေါ့ဗျာ” ဟု မတင်မကျ စကားတစ်ခွန်းသာ လယ်သမားကြီးက ပြန်ပြောသည်။ နောက်တစ်နေ့ နံနက်တွင် သူ၏ မြင်းမှာ တောတွင်းမှ အခြားမြင်းရိုင်း သုံးကောင်ကို အဖော်ပြုရင်း ပြန်လည်ရောက်ရှိ လာသည်။ “၀မ်းသာစရာ ကောင်းလိုက်တာ” “ကံကောင်းလိုက်တာ” စသည်ဖြင့် အိမ်နီးချင်းများက ထောပနာပြုကြ၏။ လယ်သမားကြီးက “ဒီလိုပါပဲ” ဟု သာ ပြန်လည် တုန့်ပြန်၏။ နောက်တစ်နေ့တွင် သူ၏သားမှာ တောတွင်းမှ ပါလာသော မြင်းရိုင်းများကို ကုန်းနှီးတပ်ပြီး ယဉ်ပါးအောင် ကြိုးစားရင်း မြင်းခါချခံရသဖြင့် ပြုတ်ကျပြီး ခြေထောက်ကျိုး သွားလေသည်။ အိမ်နီးချင်းများ တစ်ခါထပ် ရောက်လာပြီး ဂရုဏာသက်ကြ၊ စုတ်သတ် ကြပြန်သည်။ လယ်သမားကြီး၏ မှတ်ချက်မှာတော့ မပြောင်းမလဲ “ဒီလိုပါပဲ” မျှသာ။ နောက်တစ်နေ့ဝယ် စစ်တပ်မှ တာဝန်ရှိသူများ ရွာသို့ရောက်လာပြီး လူငယ်လူရွယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်လေသည်။ လယ်သမားကြီး၏ သားမှာ ခြေထောက်ကျိုးနေသဖြင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ ကံကောင်းလိုက်တာဟု အိမ်နီးချင်းများက ဂုဏ်ပြုကြပြန်၏။ လယ်သမားကြီး၏ မပြောင်းလဲသော အဖြေစကားမှာ “ဒီလိုပါပဲ” ဟူ၍သာ ဖြစ်၏။
§ § § § § § §

အလျင်စလို ဆုံးဖြတ်ချက်ချပြီး ၀မ်းနည်းဝမ်းသာ ခံစားခြင်းများအပေါ် သတိမူမိစေရန် ဤပုံပြင်ကို အသုံးပြုကြပါသည်။ အဖြစ်အပျက်တစ်ခုအား အကောင်းအဆိုး အကျိုးဆက်အဖြစ် သတ်မှတ်ဆုံးဖြတ်ရန်မှာ ရုတ်ချည်း အမြင်အားဖြင့် ပေါ်လွင်ထင်ရှားလှသည် မဟုတ်ကြောင်း ဆိုလိုရင်း ဖြစ်သည်။ ပုံပြင်တွင် ဖော်ပြထားသကဲ့သို့ အကောင်းအဆိုးဆုံးဖြတ်ရန် သိသာထင်ရှားလှသည့် အဖြစ်အပျက်များသည်ပင် တကယ်တမ်းအားဖြင့် ကံသေကံမ မရှိလှ။ စင်စစ် ပုံပြင်လေး၏ အဆုံးတွင်လည်း အခြားသော “ဒီလိုပါပဲ” တစ်ခုဖြင့် အဆုံးသတ်ထားခြင်းကြောင့် ရှည်လျားသော မြင်ကွင်းတစ်ရပ်ဖြင့်သော်မှ အဖြစ်အပျက်တစ်ခုအား အကောင်းအဆိုးဆုံးဖြတ်ဖို့ လုံလောက်မှုမရှိဟု ဆိုနိုင်ပါသည်။ နောက်တစ်နေ့တွင် အခြေအနေများ ပြောင်းပြန်ဇောက်ထိုးဖြစ်အောင် ပြောင်းလဲသွားနိုင်ချေ ရှိနေပေသေးသည်။ ထို့ကြောင့် “ဆုံးဖြတ်ခြင်း” ထက်စာလျှင် “လက်ခံခြင်း” က ပိုမိုဆီလျော်မှုရှိသည်ဟု ယူဆနိုင်ပေလိမ့်မည်။ ဖြစ်ရပ်၊ အခြေအနေတို့အား ကောင်းသည်ဆိုးသည် ဆုံးဖြတ်နေခြင်းထက် လိုက်လျောညီထွေရှိအောင် “ကြုံသလို က” ရန် သည်ပုံပြင်က ညွှန်းသည်။

ဤပုံပြင်နှင့် အကြံပေးချက်မှာ လက်ခံချင်စရာကောင်းပြီး ဆီလျော်မှုလည်း ရှိပါသည်။ ကမ္ဘာကျော် ဟာသဘုရင် “ချာလီချက်ပလင်” ၏ ထင်ရှားသည့်စကားတစ်ခွန်းကို သတိရမိသည်။ “ဘ၀ဟူသည်မှာ တစ်ကွက်ချင်းကြည့်လျှင် အလွမ်းဇာတ် (Tragedy) ဖြစ်ပြီး တစ်ခုလုံးအနေဖြင့် ခြုံကြည့်လျှင်မူ ဟာသတစ်ပုဒ်သာ” ဖြစ်ပါသတဲ့။ ဤအတွေးအခေါ်မှာ ဆရာမင်းသိင်္ခ၏ “ဖြစ်ချင်ရာဖြစ် မောင်ဘချစ်” ၀တ္ထုတစ်ပုဒ်ထဲမှ သဘောထားနှင့် ဆင်ဆင် တူသည်။ သို့သော် ပြန်လှန်မေးစရာ မေးခွန်းများလည်း ရှိနေသည်။ သည်တိုင်းဆိုသော် ကျွန်တော်တို့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလော။ ဆုံးဖြတ်ချက်၏ အကျိုးကျေးဇူးများ မရှိဘူးလော။ ဆုံးဖြတ်ချက်ဟူသည် ကျွန်တော်တို့အား “အကောင်အထည်ဖော်” (Take Action) ရန် လှုံ့ဆော်ပေးသည့် အရာ မဟုတ်ဘူးလော၊ စသည့်မေးခွန်းများကို မေးရန် လိုသည်။ ကျွန်စနစ်တွင် နေထိုင်ရခြင်းအပေါ် “ဒီလိုပါပဲ” သဘောထားနေလျှင်...၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို “ဒီလိုပါပဲ” သဘောထားနေလျှင် မောင်ဘချစ်၏ ဘ၀မှာ ဇာတ်နာလွန်းသည့် အလွမ်းအဆွေးဇာတ်က တက်နိုင်လိမ့်မည်မဟုတ်တော့။ ထို့ကြောင့် ဆုံးဖြတ်ချက်၊ ပိုင်းဖြတ်ချက်တို့၏ အရေးပါမှုနှင့် စွမ်းအားတို့ကိုလည်း ချောင်ထိုးထားရန် သင့်လိမ့်မည် မဟုတ်ပါ။

တကယ်တော့ ဖြစ်ရပ်တစ်ကန့်ချင်းစီအပေါ် အကောင်းအဆိုးသဘောထား ဆုံးဖြတ်ခြင်းတွင် “ခံစားချက်” (Emotion) ပါဝင်သည်။ လက်တွေ့သဘောဆန်သည်။ ထီပေါက်တာ မပျော်ပါဘူးဟု ပါးစပ်က ပြောနေရုံမျှဖြင့် ပြီးသည်မဟုတ်။ စိတ်တွင်းက ပျော်နေလျှင် အကောင်းဟု သဘောပေါက်ခြင်း၊ တစ်နည်း ဆုံးဖြတ်ခြင်းပင် ဖြစ်သည်ဟု ဆိုလို့ရသည်။ စင်စစ် ဖြစ်ရပ်များကို ဆုံးဖြတ်ရာတွင် အတွက်အချက် သီးသန့်အားဖြင့် သွေးအေးအေး၊ စနစ်တကျ ဆုံးဖြတ်လိုက်ခြင်းမျိုး မဟုတ်။ ခံစားချက်ဆိုင်ရာ ဉာဏ်ရည် (Emotional Quotient) သာ ဖြစ်ပါသည်။ သဘောတရားအရ ငြင်းပယ်စရာ မရှိသော်လည်း လက်တွေ့တွင် “အရာရာကို လက်ခံလိုက်ရန်” မှာ စိတ်ခံစားချက်ဆိုင်ရာ အကြပ်အတည်းများ ရှိနေပါသည်။ “အဖေသေ၊ အမွေရ” ၀မ်းနည်းဝမ်းသာ ကိစ္စရပ်တွင် “ဒီလိုပါပဲ” ဟု နှုတ်ကထွက်ဖို့ အခက်အခဲ ရှိမည်။ အဖေသေလို့ ၀မ်းနည်းရခြင်းနှင့် အမွေရလို့ ၀မ်းသာရခြင်း ဆန့်ကျင်ဘက် စိတ်ခံစားချက်နှစ်ခုကိုလည်း ချေလိုက်ရန် ဖြစ်နိုင်သည် မဟုတ်။ ဆင်ခြင်တုံတရားအရ ဖြေသာခြင်းသာ ဖြစ်ပြီး ခံစားအချက်အရ ဖြေသာခြင်းမျိုး မဟုတ်ပါ။

တကယ်တော့ ပုံပြင်တွင်းမှ အဘိုးအိုသည် ဖြစ်ရပ်များကို သွေးအေးအေးဖြင့် ဘေးမှထိုင်ကြည့်နေခြင်းမျိုး ဖြစ်ပါသည်။ ခံစားချက် ကင်းမဲ့စွာဖြင့် ဘေးမှ ထိုင်ကြည့်နေသည်။ အကယ်၍ အဆိုပါ ဖြစ်ချင်ရာဖြစ် သဘောထားအားဖြင့် ဘေးမှထိုင်ကြည့်နေသူ တစ်ယောက်သည် ၀မ်းနည်းပူဆွေးမှု ဖြစ်ခြင်းမှ သက်သာရာရသည်ဆိုသော် သူ၏ ပျော်ရွှင်မှုကိုလည်း တနည်းအားဖြင့် စတေးရတော့မည် ဖြစ်သည်။ စင်စစ် “ဘေးမှထိုင်ကြည့်သူ” (Watcher) တစ်ယောက်ကဲ့သို့ မိမိကိုယ်ကိုယ် သဘောထားရန် ကြိုးစားသင့်ပါသည်။ ထို့အတူ ဆုံးဖြတ်ချက်ချခြင်း အလုပ်ကိုလည်း ကျွန်တော်တို့ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်ပါ။ ဘောလုံးပွဲကြည့်လျှင်သော်မှ ရူနီကောင်းတယ်၊ ညံ့တယ် မိနစ်ကိုးဆယ်လေးအတွင်းပင် မရေတွက်နိုင် လောက်အောင် ဆုံးဖြတ်မိကြပေမည်။ ဤသည်မှာလည်း ယုတ္တိရှိပါသည်။ ဘောလုံးပွဲထိုင်ကြည့်သူ တစ်ယောက်သည် ဟာခနဲ၊ ဟင်ခနဲ အသံလေးထွက်ပြီး အားပေးမှ အရသာပေါ်ပါမည်။ ပြည်တွင်းသတင်း ထိုင်ကြည့်နေသလို မျက်နှာသေလေးဖြင့် ထိုင်ငေးနေခြင်းမျိုးသည် အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ ပုံပြင်တွင်းမှ ဘေးမှထိုင်ကြည့်နေသူ (Watcher) အဘိုးအိုသည် ဘ၀ကို ဖြုန်းတီးပစ်နေသလားဟု ကျွန်တော် အတွေးဝင်မိသည်။ ကျွန်တော့်အတွက်မူ အရာရာတိုင်းကို အကောင်းအဆိုး မဆုံးဖြတ်လိုပါ။ သို့သော် ကြုံလာသမျှအား ရင်နှင့်အမျှ ခံစားရခြင်းနှင့် ပတ်သက်၍လည်း ကျွန်တော် ဘာမျှ မတတ်နိုင်ပါ။ ဘ၀နှင့်ရင်းပြီး ဘေးမှ ထိုင်ကြည့်နေသူ တစ်ယောက်ဟု ဆိုလျှင် အစွန်းလွတ်ကောင်းသည်။ ကိုယ်ပိုင်ဘ၀အား ပွဲကြည့်ပရိသတ်ဆန်ဆန် ရှုမြင်ခြင်းမျိုး ဖြစ်ပေသည်။

◄ တေဇာ ► ဖေဖော်ဝါရီ (၆)

Ref: The Zen of Watchman

Comments

  1. ပွဲသိမ်း ခရာမှုတ်သံကို မကြားနိုင်လိုက်ရတဲ့ လူ့အဖြစ်ကို ရင်အနာရဆုံးပဲ..။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA