Skip to main content

ချောကလက်နှင့် လိင်စွမ်းဆောင်ရည်

ချောကလက်သည် လိင်စိတ် နိုးကြွထက်သန်စေသည့် အကျိုးဆက် ရှိကြောင်း ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ မက္ကဆီကို အင်ပါယာ (Aztec) မွန်တီဇူးမားတွင် ချောကလက်အား ယနေ့ လိင်စိတ်နှိုးဆွ ဆေးများနည်းတူ အသုံးပြုခဲ့ကြောင်း ပြောကြသည်။ လိင်ကိစ္စနှင့် ချောကလက်ကြား ဖြစ်နိုင်စရာ ဆက်သွယ်ချက်သည်ပင် ချစ်သူများနေ့နှင့် နီးနီးကပ်ကပ် ဆက်နွယ်လာစေသော အကြောင်းရင်း ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပါ။ ၎င်းဆက်သွယ်ချက်သည် သိပ္ပံနည်းကျ ဖော်ပြချက်လော၊ ဖြေရှင်းမပြနိုင်သည့် မြို့ပြဒဏ္ဍာရီတစ်ခုမျှသာလော ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

အီတာလျံ ဆရာဝန် ဒေါက်တာ Andrea Salonia နှင့် သူမ၏ အပေါင်းပါများ ပုံနှိပ်ထုတ်ဝေခဲ့သည့် လိင်မှုဆေးပညာဂျာနယ်ပါ လေ့လာချက် တစ်ရပ်တွင် နေ့စဉ် ချောကလက် စားသုံးသည့် အမျိုးသမီးများနှင့် မစားသုံးသူများအကြား လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် စိတ်ကျမှုကို  တိုင်းတာပြီး နှိုင်းယှဉ်လေ့လာခဲ့သည်။ တွေ့ရှိချက်အရ ချောကလက် နေ့စဉ် စားသုံးသူ အမျိုးသမီးများသည် “မ လိင်စွမ်းဆောင်ရည် စာရင်း” (ရမ္မက်နှင့် အမှတ်စုစုပေါင်း) တွင် မစားသုံးသူ အမျိုးသမီးများထက် အမှတ်ပိုမို မြင့်မားကြောင်း တွေ့ရှိရသည်။ ထို့ပြင် နေ့စဉ် ချောကလက် မှီဝဲသူများ အုပ်စုသည် အနည်းငယ်မျှ ပိုမိုနုပျိုသည် ဖြစ်ရာ ၎င်းအချက်ကြောင့်ပင် လိင်စွမ်းဆောင်ရည်တွင် ပိုမိုအမှတ်များခြင်းလည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သို့ရာတွင် အုပ်စုနှစ်စုအကြား ဖြစ်နိုင်သည့် အသက်နှင့် ကိုယ်အလေးချိန် စာရင်း ကွာခြားချက်ကို ထပ်မံလေ့လာရာတွင် အဆိုပါအချက်မှာ အားပျော့သွားပြီး ကွာဟချက် မဆိုစလောက် လေးသာ ရှိကြောင်း တွေ့ရှိရသည်။


ချောကလက်၏ ကောင်းကျိုးများကို ဖော်ထုတ်တွေ့ရှိသော လေ့လာမှုအများအပြားအကြား ဤတွေ့ရှိချက်မှာ တစ်နည်းတစ်ဖုံ စိတ်ဝင်စားဖွယ်ရာ ကောင်းနေပါသည်။ အထူးသဖြင့် အရောင်ရင့် ချောကလက်များသည် ကျန်းမာရေးအတွက် အထောက်အကူ များစွာဖြစ်စေသလို စိတ်အခြေအနေကိုလည်း တိုးတက်ကောင်းမွန်စေနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ချစ်သူများနေ့ ရိုးရာ၏ အဓိကကျသော အမှတ်အသား တစ်ရပ်မှာ အဘယ်ကြောင့် ချောကလက် ဖြစ်နေခြင်းကို ထင်ရှားလောက်ပြီ ဖြစ်ပါသည်။ ပျော်ရွှင်သော ချစ်သူများနေ့ ဖြစ်ပါစေ။

Comments

  1. တို့ထင်တာကတော့ချောကလက်က ဘဘာစိတ်ညာစ်ီတ်များတယ်ဆိုတာကိုပါ။
    သုတေသန မဖတ်ဘူးပါဘူး သာမန်စိတ်ကူးနဲ့ဘဲစဉ်းစားကြည့်မိတာ ကဖင်းလိုဓါတ်မျိုးသူ့ဆီမှာများပါလသလားလို့ပါ

    ပါခဲ့တယ်ဆိုရင် စိတ်က တက်ကြွလာမယ် ပျော်ရွင်လာမယ်စွမ်းရည်တွေ မြင့်တက်လာမယ် ချောကလက်မှရယ်မဟုတ်ပါဘူ ကော်ဖီ လက်ဘက်ရည်ကိုကာ ကိုလာသောက်ကြည့်ပါလား ပုံမှန်ထက်တော့စွမ်းဆောင်ရည်တက်လာမှာပါ။

    တို့စောစောက နွမ်းနယ်နေတယ် အခု ကိုကာကိုယလာသောက်ပြီးသကာလ လန်းဆန်းလာတယ် ဒီလိုသဘောဘဲလို့ထင်ပါတယ်။

    ReplyDelete
  2. ဒီလိုအချက်မျိုးရေးရာ..မှာပြောကြသည်.တွေ့ရှိရသည် ပြောရုံနဲ့။ မလုံလောက်ပါဘူး
    လုံလောက်သောကျမ်းကိုးထည့်သင့်ပါသည်။
    References:
    ကျမ်းကိုးတင်မက review ပါလိုအပ်ပါသေးသည်။

    ယခုကော်ဖီသောက်ပြီး အုပ်စုနှင့်ကော်ဖီမသောက်ရသေးသူအုပ်စုကိုယှင်္ဥင်္ကြည့်ပါလေ. ။
    ကွာခြားမည်ဖြစ်သည်။

    ချောကလက်ကိုချည်းပုံမချသင့်။

    ReplyDelete
  3. http://www.supplementgenius.com/2008/08/08/chocolate-improves-sex-drive-health/

    ရှာဖတ်တယ်။
    ချောကလက်က ရောင်းကောင်းချင်လို့ကြော်ငြာတာကောမဖြစ်နိုင်ဘူးလား။

    ReplyDelete
  4. http://www3.interscience.wiley.com/journal/118592951/abstract?CRETRY=1&SRETRY=0

    သုတေသီအဖွဲ့ဝင်များသည် ချောကလက်ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး ၀န်ထမ်းများ ဟုတ်မဟုတ် ဆိုသည်ကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်လိမ့်မည် ထင်သည်။

    ReplyDelete
  5. ကိုယ် မကြိုက်တဲ့ အစားအသောက် မရှိသလောက်နည်းတယ်။ နည်းနည်းကြိုက်တာနဲ့ များများကြိုက်တာပဲ ရှိတာ။

    ဒါပေမဲ့ ချောကလက် လုံးဝမကြိုက်။ လှည့်တောင်မကြည့်။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA