ဒွိဟ…။ ဒွိဟဆိုတာ ဘာများလဲ။ စိတ်နှစ်ခွလား။ လမ်းနှစ်မွှာလား။ မထွေးနိုင် မမျိုနိုင်လား။ ဆီတ၀င်းဝင်း သဲတရှပ်ရှပ်လား။ နှလုံးသားနဲ့ ဦးနှောက်လား။ စဉ်းစားရင်း `ဒွိဟ´ ဟာ ဒွိဟဖြစ်စရာ ဖြစ်လာတယ်။ ဒါဆို `ကျင့်ဝတ်´ ဆိုတာကရော ဘာလဲ။ ငါးပါးသီလလား။ ပဉာတ်တော် ဆယ်ပါလား။ လိုင်းကားပေါ် ဆေးလိပ်မသောက်ရတာလား။ လူတွေစားမယ့် သားငါးတိရိစ္ဆာန်တွေကို အနာအကျင်မရှိအောင် `ပေါ်´ (သတ်ဖြတ်) ရခြင်းလား။ ကျင့်ဝတ်ကို ဘယ်သူတွေက သတ်မှတ်ပြီး ဘယ်သူတွေက အတည်ပြု လက်မှတ်ရေးထိုးထားသလဲ။ ကမ္ဘာဦးကျောက်စာတိုင်ပေါ်မှာ ရေးထွင်းထားပါသလား။ စဉ်းစားရင်း ကျင့်ဝတ်ဟာ ခါးပေါ်က ကွင်းလုံးကျွတ်ကျသွားတယ်။ ဒီလို ခပ်ရှုပ်ရှုပ် အကြောင်းအရာနှစ်ခု သမအောင် ရောမွှေထားတဲ့ `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ (Moral Dilemma) အကြောင်းကို အနည်းငယ်မျှ တီးခေါက်ကြည့်ပါမယ်။
တစ်ခါတုန်းက ပင်လယ်ပြင်ကြီးမှာ သင်္ဘောတစ်စင်း ရွက်လွှင့်လာခဲ့တယ်။ ကံမကောင်းစွာပဲ သင်္ဘောဟာ ရေခဲတောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားခဲ့ပါတယ်။ ပိုပြီးအဖြစ်ဆိုးတာက လူ (၇) ယောက်သာ တင်ဆောင်နိုင်တဲ့ အသက်ကယ်လှေကလေး တစ်စင်းထဲ ရှိပြီး အသက်ရှင်ကျန်ရစ်သူက (၃၀) ကျော်တောင် ဖြစ်နေခဲ့တယ်။ အဲဒီ လှေကလေးတစ်စင်းပေါ်မှာ လူ (၃၀) ကျော် မဆံ့မပြဲ စုပြုံနေကြပါတယ်။ ရာသီဥတုကလည်း ဆိုးရွားနေလို့ ဆက်လက် ခရီးဆက်နိုင်ဖို့ဆိုရင် အသက်ကယ်လှေကို ပေါ့သွားအောင် လုပ်မှဖြစ်တော့မယ်။ ဒီလိုမှမဟုတ်ရင် အသက်ကယ်လှေပါ နစ်ပြီး ရှိသမျှလူအားလုံး ပင်လယ်အောက် ခေါင်းချရဖို့သာ ရှိတော့တယ်။ အဲဒီအခါမှာ သင်္ဘောမာလိန်မှူးက ဒီလိုအခြေအနေမှာ လုပ်သင့်တဲ့ကိစ္စက လူတချို့ကို လှေပေါ်က ကန်ချဖို့ပဲလို့ ဆင်ခြေပေးပါတယ်။ ဒါဆို ဘယ်သူတွေကို ကန်ချမလဲ။ လူကြီးလူကောင်းတွေပီပီ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေး ကန်ချမလား။ ရာသီဥတုက ဆိုးနေတယ်။ လှေဝန်ပေါ့သွားရင်တောင် အားကောင်းမောင်းသန် ယောက်ျားကြီးတွေ ၀ိုင်းလှော်မှ ကယ်သူပေါ်ဖို့ မျှော်လင့်နိုင်မယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလိုသာဆိုရင် ကန်ချခံရတဲ့သူတွေက သနားစရာ ကောင်းမနေဘူးလား။ သူတို့အတွက် မျှတပါ့မလား။ မာလိန်မှူးရဲ့ ဆင်ခြေက ကန်ချခံရတဲ့လူတွေအတွက် မမျှတဘူးလို့ မဆိုနိုင်ပါဘူးတဲ့။ ဘာဖြစ်လို့ဆို သူတို့ဟာ ကန်ချခံရရ၊ မခံရရ သေမှာက သေမှာပဲ ဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။ လှေပေါ်ဆက်နေလည်း လှေနစ်ပြီး သေကြရမှာပဲဆိုတော့ သူတို့အနေနဲ့က မထူးခြားလှပါဘူး။ ဆက်တွေးကြည့်ရအောင်။
မာလိန်မှူးအနေနဲ့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင် အသက်ရှင်နိုင်ချေရှိတဲ့ လူတချို့ရဲ့ သေဆုံးမှုအတွက် သူ့မှာ တာဝန်ရှိနေပါတယ်။ လူတချို့ကတော့ မာလိန်မှူးရဲ့ ဆင်ခြေကို ကန့်ကွက်ပါတယ်။ သူတို့အလိုအရ ဒီတိုင်းပဲနေပြီး အားလုံးသေသွားခဲ့ရင် ဒီသေဆုံးမှုအတွက် ဘယ်သူ့မှာမှ တာဝန်မရှိတော့ပါဘူး။ အခြားတစ်ဘက်မှာ အားနွဲ့သူတချို့ကို ရေထဲကန်ချပြီး လူတချို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ရင် သေဆုံးသူတွေအတွက် `တာဝန်ရှိမှု´ (Responsibility) ဟာ မာလိန်မှူးရဲ့ ငယ်ထိပ်ပေါ် ရောက်ရှိလာပါပြီ။ ဒီအခြေအနေဟာ ဘာမှမလုပ်ဘဲ အားလုံးသေသွားတာထက်ကို ပိုဆိုးတယ်လို့ သူတို့က အကြောင်းပြပါတယ်။ မာလိန်မှူးအနေနဲ့ လူတချို့ရဲ့ အသက်ကို `တာဝန်ရှိမှု´ ကို ပေးပြီး ၀ယ်ယူရမယ့် အနေအထား ဖြစ်ပါတယ်။ `အမှန်´ နဲ့ `အကောင်း´ လွန်ဆွဲနေရခြင်း ဖြစ်ပါတယ်။ ထိုမာလိန်မှူးဟာ `အမှန်´ ကို အနိုင်ပေးလိုက်ပြီး လှေပေါ်က အားအနည်းဆုံးလူအချို့ကို ရေထဲကန်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့ဆက် ရုန်းကန်ရဦးမယ့်ခရီးဟာ ကြမ်းတမ်းတဲ့အတွက် အားကောင်းမောင်းသန်တွေပဲ ကျန်နေမှ အသက်ရှင်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒီလိုနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ပလုံစီပြီး စတေးပစ်လိုက်တယ်ဆိုပါတော့။ အခြေအနေအရ မဲလိပ်နှိုက်ပြီး ဆုံးဖြတ်နေရမှာမျိုး မဟုတ်ဘဲကိုး။ နောက်ဆုံးမှာတော့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးထဲ အားသွန်ခွန်စိုက် လှော်ခတ်ရင်း မေခလာမဟုတ်ဘဲ `ဟယ်လီကော်ပတာ´ (Helicopter) [-] လာကယ်လို့ အသက်ချမ်းသာရာရသွားခဲ့တယ်။ ဒါနဲ့တစ်ဆက်တည်း အမှန်တရား မြတ်နိုးသူ မာလိန်မှူးကြီးလည်း လူသတ်တရားခံအဖြစ် တရားရုံးရောက်သွားခဲ့ပါတယ်။ သူကယ်ဆယ်ခဲ့တဲ့ လူတွေအတွက် ပေးဝယ်ခဲ့တဲ့ တာဝန်ရှိမှုကို သူပြန်ပေးဆပ်ရတော့မယ်။
ဒီ ဇာတ်လမ်းလေးဟာ ၁၈၄၂ ခုနှစ်ခုနှစ်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုဖြစ်ပါတယ်။ (မူရင်းမှာတော့ အားအနည်းဆုံးလူများလို့ပဲ ပါပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ကို ကျွန်တော်က စိတ်ကူးနဲ့ဖြည့်စွက်ပြီး ကန်ချလိုက်ပါတယ် :P) `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ နဲ့ပတ်သက်လို့ ဥပမာများစွာရှိတဲ့အထဲက ထင်ရှားလှတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ ကျင့်ဝတ်ဒွိဟအတွက် သာဓကပေါင်းများစွာ ရှိပေမယ့် `ဒွိဟ´ လို့ ဆိုထားတဲ့အတွက် (မှန်ကန်ကောင်းမွန်သော) အဖြေတစ်ခုကိုတော့ တွေ့ရလိမ့်မှာ မဟုတ်ဘူး။ နှလုံးသားနဲ့ ဦးနှောက်၊ အမှန်တရားနဲ့ ကောင်းမြတ်ခြင်းတရားတို့ ထိပ်တိုက်တိုးပြီး သူသေကိုယ်သေ သတ်ရတဲ့ ရက်စက်လှတဲ့ ဗိုလ်လုပွဲတစ်ရပ်သာ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို ဒီနေရာမှာ ကျင့်ဝတ်နဲ့ပတ်သက်လို့ လူ့ကျင့်ဝတ်ကို ဘယ်စံနဲ့ တိုင်းထွာမလဲ၊ ဘယ်တရားတော်နဲ့ အခြေတည်ပြီး ဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းဟာ အလွန် စဉ်းစားစရာကောင်းပါတယ်။ စာအုပ်တွေထဲမှာပါတဲ့ ကျင့်ဝတ် စံချိန်စံညွှန်းတွေနဲ့ တိုင်းထွာဆုံးဖြတ်လို့ လုံလောက်ပါသလား။ တချို့ကိုကယ်ဖို့ တချို့ကို သေခိုင်းပြီး တာဝန်ယူလိုက်မလား။ ဒါဆိုရင် အကြင်နာတရားကင်းမဲ့သူဘ၀ ရောက်ရမယ်။ ဒါမှမဟုတ် မျှတသွားအောင် အသက်ရှင်မယ့်သူ တချို့ကိုပါ သေစေလိုက်မလား။ တာဝန်တော့ကင်းပါတယ်၊ မှန်ကန်တဲ့လုပ်ရပ်လို့တော့ မဆိုနိုင်တော့ပြန်ဘူး။ [*] ဒီလို `အပေါက်ကျဉ်း´ အခြေအနေမျိုးမှာ ဘယ် ဘုရားဟောတရားကို အားကိုးရပါမလဲ။ အထက်က မာလိန်မှူးရဲ့အမှုကို ဆုံးဖြတ်ရမယ့် ဂျူရီလူကြီးမင်းနေရာမှာဆိုရင် မိတ်ဆွေရော ဘယ်လို ဆုံးဖြတ်မလဲ။ ကျွန်တော့်မှာတော့ ကိုယ့်ကျင့်ဒွိဟအတွက် ကြိုတင်ရွေးချယ်ထားမှုတစ်ခု ရှိမနေဘူး။ ဒါပေမဲ့ ထင်မြင်ချက် တချို့တော့ ရှိတယ်။ (ပုံပြင်အရ ပြောရရင်) အမှန်တရားဘက်တော်သားတွေ ရုံးရောက်ဂတ်ရောက် ဖြစ်တတ်တယ်။ ကောင်းမြတ်ခြင်းတရား လက်ကိုင်ထားရင် ရေနစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ လူ့အသက်ဟာ တန်ဖိုးတစ်စုံတစ်ရာတော့ ရှိနေတယ်လို့ မဆိုနိုင်ဘူးလား…။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၂) ၂၀၁၀
Ref: Moral Dilemmas: Overcrowded lifeboat
[-] စကားလှအောင် ရေးထားခြင်းသာ ဖြစ်ပါသည်။ ပထမဦးဆုံး “ဟယ်လီကော်ပတာ” သည် နှစ်ဆယ်ရာစု ဦးပိုင်း (၁၉၀၇, ၁၉၂၄) မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ Source: About.com
[*] ဒါကို မှန်ကန်ပါတယ်လို့ ဇွတ်ငြင်းချင်သူများ အထက်က ဇာတ်လမ်းလေးကိုပဲ ကမ္ဘာကြီးရေလွှမ်းလို့ လှေကလေးနဲ့ ပြေးရတယ်လို့ သဘောထားပြီး စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ် ရှိသမျှလူတွေအားလုံး ရေအောက်ရောက်သွားလို့ လူသားမျိုးနွယ် အသက်ဆက်ဖို့ နောက်ဆုံး အခွင့်အလမ်းလေး ဖြစ်မယ်ဆိုရင်တော့ (အားလုံးသေ လိုက်ခြင်းဟာ) မှန်ကန်ပါတယ်လို့ မျက်စိမှတ် ငြင်းနိုင်တော့မယ် မထင်ဘူး။ ယောက်ျားလေးတွေချည်းပဲ အသက်ရှင်တော့ရော ဘယ်လို လူသားမျိုးနွယ် အသက်ဆက်မလဲလို့ ထပ်မေးရင် ခုနက ရေထဲကန်ချထားတဲ့အထဲက ခပ်တောင့်တောင့် အမျိုးသမီးတစ်ယောက် နှစ်ယောက်လောက် ပြန်ဆယ်ပြီး အခု ငြင်းနေတဲ့သူကိုယ်တိုင် သူရဲကောင်းဆန်ဆန် ရေထဲခုန်ဆင်းလိုက်ပါ လို့ပဲ ဖြေရတော့မယ် :P ။
=)
ReplyDeleteဝင်ရှုပ်တယ်လို့ပဲ သဘောထားပါ။
ကမ္ဘာကြီးမှာရေလွှမ်ပြီး လူတွေအကုန်လုံး ရေအောက်ရောက်ကုန်တဲ့နောက်တော့ ရှင်ကျန်ရစ်ရမယ့် လူသားမျိုးနွယ်ထဲလည်း သိပ်မပါချင်ပါဘူး။ အကုန် တစ်က ပြန်စနေရမှာ။ ရေပြန်ကျသွားတယ်ဆိုရင်တောင် တာပေါ်မှာ ဗွက်ထကျန်ခဲ့ဦးမှာ။ ခက်ခဲလိုက်မယ့် ဖြစ်ခြင်း။ မြို့ကြီးတစ်မြို့စာလောက် အကောင်းပကတိကျန်ခဲ့ပြီး အဲဒီသွားနေလို့ရမယ်ဆိုရင်တော့လည်း တမျိုးပေါ့။
အဲဒီထဲက မာလိန်မှူးနေရာ ဘယ်တော့မှ မရောက်ပါစေနဲ့လို့ပဲ ဆန္ဒရှိတယ်။ (သူ့လုပ်ရပ်ကိုတော့ မှားတယ် မဆိုပါ)
ဟားဟားဟား။ တာပေါ်မှာ ဗွက်ထ..။ :)
ReplyDeleteဒါနဲ့ မေးချင်တာ တခု ရှိသေးတယ်။
ReplyDeleteကမ္ဘာပျက်ပြီးတဲ့နောက်တော့ ဘာလို့ လူသားမျိုးနွယ်ကျန်ရစ်ခဲ့ဖို့ အရေးကြီးနေတာလဲ။ ဘယ်သူတစ်ယောက်မှ မကျန်ရစ်ခဲ့တော့ရော ဘာအရေးကြီးလို့လဲ။
(post တခုလုံးက ဘာမှ ပြောစရာမရှိဘူး။ အောက်က မှတ်ချက်ကျမှ ဂွကျကျဖြစ်နေတယ်လို့ ထင်တယ်)
မှန်ပါတယ်။
ReplyDeleteလူသားမျိုးနွယ် ရှင်ကျန်ဖို့က ဘာလို့ အရေးကြီးနေသလဲ ဆိုတာက မေးရမယ်။
အဲဒီအတွက် လုံလောက်တဲ့ အကြောင်းရင်း (ဆင်ခြေ) ရှိမနေပါဘူး။
ကျွန်တော်ရေးလိုက်တာက အများလက်ခံထားတဲ့အမြင်နဲ့ ရေးလိုက်တာပါ။
“လူသားမျိုးနွယ် အဓွန့်ရှည်စေဖို့” ဆိုတာမျိုးက ပေါ်ပြူလာသဘောထားမျိုးပဲ မဟုတ်လား။
လူတစ်ယောက်အနေနဲ ဒီလိုကြွေးကျော်လိုက်ရင်ပဲ လူပီသသလို ဖြစ်နေတယ်။ တော်တည့်မှန်ကန်သလို ဖြစ်နေတယ်။ ဒီလိုမှမဟုတ်ရင်လည်း၊ ဆိုကြပါစို့ အနုမြူကိစ္စ၊ တတိယကမ္ဘာစစ် တစ္ဆေ၊ ကမ္ဘာကြီးပူနွေးလာမှု ဒါတွေကို ခေါင်းခြောက်ခံ စဉ်းစားနေစရာ မရှိတော့ဘူးလေ။ အချိန်တန် အားလုံး သေကြဆိုပြီး ပစ်ထားလိုက်ရုံပဲ။
ကိုယ်တိုင်မဟုတ်သော်မှ ကိုယ့်မျိုးဆက်စတဲ့ လူသားမျိုးနွယ်တွေ ကမ္ဘာပေါ် ဆက်လက်ရှင်သန်နေဖို့အတွက် အခြေခံသဘာဝသဘောထား၊ လူသားတိုင်းမှာ ရှိတတ်ကြတာကိုး။ (ဒါကပဲ တိုးတက်ပြောင်းလဲမှုတွေ၊ တီထွင်ကြံဆမှုတွေဖြစ်စေခဲ့တယ်)
အဲဒီ အများကြိုက်သဘောကို ယူပြီး “လူသားမျိုးနွယ်ရဲ့ နောက်ဆုံးအခွင့်အလမ်းလေး” ဆိုပြီး မဲတင်းပေးလိုက်တာပါ။ အများစကားနဲ့ အများနားလည်သလို ပြောလိုက်တဲ့သဘောပါ။ ယုတ္တိဆိုင်ရာ ဆင်ခြေတစ်ခု ပေးစရာမရှိဘူး။ အစ်မ အခုလို မေးတာကို အရမ်းသဘောကျပါတယ်။
အစထဲက ခပ်ဖြေချင်ချင်။ :P ဒီအချက်ကို တစ်ပါထဲ ထည့်ရေးချင်ပေမဲ့ မူရင်းအကြောင်းအရာနဲ့ လွဲပြီး Footnote တအားရှည်သွားမှာစိုးလို့ မရေးဖြစ်လိုက်ပါဘူး။
ကမ္ဘာပျက်ပျက် “မပျက်ပျက်” လူသားတစ်ဦး၊ ဒါမှမဟုတ် လူသားမျိုးနွယ် အသက်ရှင်ကျန်ဖို့ ဘာလို့အရေးကြီးတယ်ဆိုတာ ခိုင်လုံတဲ့ဆင်ခြေတစ်ခု မရှိပါ။ လူသား(တွေ)ကိုယ်တိုင်ရဲ့ အားကောင်းခိုင်မာလှတဲ့ သဘာဝ ရှင်ကျန်လိုစိတ် “မျှသာ” ဖြစ်တယ်လို့ ထင်ပါတယ်။ မေးခွန်းလေးအတွက် ကျေးဇူးအထူး အစ်မ။ :D
=) ပြန်ဖြေတာ ကျေးဇူး။
ReplyDeleteရှင်ကျန်လိုစိတ် ကိုတော့ ချွင်းချက်မရှိ နားလည်ပါတယ်။
ဒီအဖြစ်အပျက်ကို စိတ်နဲ့ လှမ်းတွေးပြီး ခုလိုပြောပေမယ့် တကယ်ဖြစ်တဲ့အခါ ရှင်ကျန်နေရစ်ချင်တဲ့ထဲ ကိုယ်က ထိပ်ဆုံးက ပါနေမှာ။
ကမ္ဘာကြီး အကောင်းအတိုင်းကျန်နေတုန်း ပိုပိုကောင်းအောင် နောင်လာနောင်သားတွေအတွက် အမြော်အမြင်ရှိရှိနေသင့်ကြတာလည်း လက်ခံပါတယ်။
ဒါပေမဲ့ ကမ္ဘာပျက်ပြီးတဲ့နောက်တော့လို့ စဉ်းစားရင်တော့ ကမ္ဘာတောင် ပျက်ပြီးမှပဲ ကျန်တာ ဘာမှ အရေးမကြီးတော့ဘူး တွေးမိတယ်။ ဒါဝင်သီအိုရီအရ အစက ပြန်စမှာပေါ့ သိပ်ပူစရာမရှိပါဘူး။ လူ ကျန်ခဲ့သည့်တိုင်အောင်လည်း အဓွန့်ရှည်စရာ သိပ်မျှော်လင့်ချက်မရှိဘူး။ ရှင်သန်နိုင်လောက်တဲ့ ပတ်ဝန်းကျင်မရှိတော့လို့။ ဒိုင်နိုဆောတွေတောင် မျိုးပြုတ်သေးတာ။
(ကိုယ်ကလဲ ပြောချင်နေတာ)
=)
I can't accept that store is true.
ReplyDeleteA Story is a story.
...it is a true story......
7 person for life boat was loaded 30 persons!
each place is 1 meter, the boat length must be 4 metres.
length, depth and breadth..
I've just calculated. Impossible to load 20persons.
Let me check the weight.
each person average 50kgs ( The standard is 75 kgs)
30 X 50 = 1500 kgs
Completed with provision and equipments....oh so much!
This is only my opinion...
1696 to 1734,the Phoenicians, through the Romans, venetians, Hanseatics ans onward marine insurers have been looking for some grantee of the fitness of a ship for the voyage to be undertaken.
Therefore, the underwriters set up some system of inspection of hull and equipments.
In 1760 a Committee was formed for the purpose.(See Lloyd's Register book 1764)
You can read THE BURMA MERCHANT SHIPPING ACT, 1st May 1923 (VOL H).
Also THE BURMA REGISTRATION OF SHIPS ACT ( 5th July 1841) said
An official log shall be kept in every ship registered in the Union of Burma.
An official log book shall be kept and filled up properly even ship was abandoned..eg.
detail.. injury or death or birth or marriage
If any person willfull destroys or fraudulent entry or omission from an official log-book, he shall be liable to imprisonment may extend to one year.
BINO
Dear Bino!
ReplyDeleteYour calculation and reasoning are great. In fact, I have poor knowledge about engineering and marine procedures. But you must know this “true” story was not happened in Burma. It was better if you typed the key words that I mentioned in my post, “overcrowded lifeboat” in Google, you will found out it is a ‘True Story” (Not a fiction) instead of calculating unimportant details. I do appreciate your serious comment and welcome to your further discussions. I here, copied & pasted the original case so that you can clear your doubt. Thank you.
Sincerely,
tazar
Alexander Holmes Trial: 1842 - Holmes Tried For Manslaughter -
Defendant: Alexander William Holmes
Crime Charged: Manslaughter
Chief Defense Lawyer: David Paul Brown
Chief Prosecutor: William M.Meredith
Judge: Baldwin (historical records do not indicate his first name)
Place: Philadelphia, Pennsylvania
Dates of Trial: April 13-23, 1842
Verdict: Guilty
Sentence: 6 months in prison and a $20 fine
SIGNIFICANCE: In the Alexander Holmes trial, the court held that self-preservation was not always a defense to homicide.
On March 13, 1841, an American ship, the William Brown, left Liverpool, England for Philadelphia, Pennsylvania. In addition to her cargo, she carried 17 crewmen and 65 passengers, who were mostly Scots and Irish emigrants. On the night of April 19, 250 miles from Newfoundland, the William Brown struck an iceberg and began to sink rapidly. There were two lifeboats, one small and one large. The captain and most of the crew took the small lifeboat, and the passengers crowded aboard the large lifeboat. There was not enough space on the large lifeboat for all the passengers, and 31 died on board the William Brown when it sank.
First Mate Francis Rhodes, Alexander William Holmes, and another seaman commanded the large lifeboat. The passengers were still dressed in their night clothes and suffered terribly in the cold Atlantic weather, which was made worse by a pelting rain. The two lifeboats stayed together through the night but separated the morning of the 20th because the captain, George L. Harris, thought there was a better chance of rescue if the two boats took different directions. Rhodes said that his boat was overcrowded and that some people would have to be thrown overboard to keep it from capsizing. Captain Harris said, "I know what you'll have to do. Don't speak of that now. Let it be the last resort." Throughout the day of the 20th and into the night, the rain and the waves worsened. The boat began to leak and fill with water, despite constant bailing. Around ten o'clock that night, Rhodes cried out in despair, "This work won't do. Help me, God. Men, go to work." Holmes and the other seaman began throwing people overboard. They threw 14 men and two women into the freezing water. They chose single men only, spared the married men on board, and threw the two women overboard only because they were sisters of a man already thus ejected and had demanded to be sacrificed with their kin. None of the crew was thrown out.
Source: http://law.jrank.org/pages/2482/Alexander-Holmes-Trial-1842.html
I also do appreciate for regarding to my comment. I afraid to say I can't come regularly in your blog due to nature of my work. Thanks for your link.I've read it.
ReplyDeleteMaster has override authority for the purpose of safety of life and ship.
We call that is Master's discretion.
Nobody restrict him if in case of emergency.
SOLAS, Safety Of Life At Sea Chapter V, regulation-34-1 say...
The owner, charterer, the company operating the ship or any other person shall not prevent or restrict the Master of the ship from taking or executing any decision which in the Master's professional judgment, is necessary for safety of life at sea and protection of the marine environment.
This regulation is current update used in international marine field.
In the Master point of view, he made a justifiable sacrifice to save lives.
But it must be reasonable.
Your idea come to this point.
Is it right?
BINO
You are quite right, as I approached by (at least) result oriented way, perhaps pragmatism. By the way, I was impressed your knowledge in marine field and thanking for your valuable comments.
ReplyDeletetazar
Comment တွေဖတ်လိုက်..Post ကို ပြန်ဖတ်လိုက်..။ Postတွေ ဖတ်လိုက်.. Comment ကို ပြန်ဖတ်လိုက်..။ ၅ကြိမ်လောက် လည်းကျရော..လူလည်း ဒီပို့စ်ထဲက ပုံလေးလို ဖြစ်သွားတယ်။ :) ကိုတေဇာ့ပို့စ်လေးတွေဖတ်တိုင်း ကိုယ်ကလိုက်မမှီလေတော့ အခုလို အပြန်အလှန် ဆွေးနွေးထားတာ အဆင်သင့်ဖတ်ရတာ အားရမိတယ်။
ReplyDeleteြဲခွင်းချက်။ ကြော်ငြာဝင်ခဲ့မယ်။ အတိုးဆုံးကဗျာလေးတွေလောက်တော့ ကျွန်မလိုက်လို့မှီသေးတယ်ရှင့်။ ကိုယ်တိုင်ရေးသမိုင်းကျမ်း..ဆီလည်း ရောက်ခဲ့တယ်ရှင်..။
ခင်မင်စွာ...
မြသွေးနီ
ကျေးဇူးပါဗျာ။ :)
ReplyDelete