Skip to main content

ပင်လယ်ကြီးသို့ မှတ်ချက်

ကျွန်တော်တို့သည် ပင်လယ်ကြီးအား နားလည်နိုင်ရန် ကြိုးစားနေသော ရေစက်ကလေးများသာ ဖြစ်သည်။
_၀ီဒူးရန့်_

ဤစကြ၀ဠာကြီးတွင် များစွာသော အစီအစဉ်၊ အဖွဲ့အစည်း၊ စနစ်၊ နိယာမတို့နှင့် လုပ်နည်းလုပ်ဟန်များကို ကျွန်တော် မြင်တွေ့ခဲ့ရာ လောကဆိုင်ရာ ဉာဏ်အမြင်အား ယုံကြည်သည့်အလျောက် ဘ၀၊ စိတ်၊ ကမ္ဘာကြီး၏ နိယာမနှင့် အစီအစဉ်တို့အား ဘုရားသခင်အဖြစ် ကျွန်တော့်အနေဖြင့် ယူမှတ်ခဲ့ပါသည်။

သဘာဝနှင့် သမိုင်းတို့တွင် ဖုံးကွယ်မရသော ဒုစရိုက်၊ အစီအစဉ်မကျမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ရည်ရွယ်ရင်းမဲ့ခြင်းများအား မြင်တွေ့ခဲ့ရသည့်အတွက် ကျွန်တော်၏ ဘုရားသခင်အား ကျွန်တော် နားမလည်နိုင်ပါ။ သို့သော် ယင်းတို့အား ကျွန်တော့်အနေဖြင့် အလွန် ကန့်သတ်ထားသည့် ဘောင်ကလေးအတွင်းမှသာ သိမြင်နိုင်ခြင်းဖြစ်ပြီး အလုံးစုံသော လောကကြီး၏ မြင်ကွင်းကျယ်မှ ကြည့်လျှင်မူ တစ်မျိုးတစ်ဖုံ ပုံပေါ်နေနိုင်ကြောင်းကို ကျွန်တော်သိပါသည်။ စကြ၀ဠာကြီး၏ မမြင်နိုင်လောက်အောင် သေးငယ်သည့် အနုမြူအမှုန်အမွှားလေးတစ်ခုမှ အလုံးစုံအား မည်သို့နားလည်နိုင်ပါမည်လဲ။ ကျွန်တော်တို့သည် ပင်လယ်ကြီးအား နားလည်နိုင်ရန် ကြိုးစားနေသော ရေစက်ကလေးများသာ ဖြစ်ကြပါသည်။

ကျွန်တော်သည် သဘာဝဆင့်ကဲ့ဖြစ်စဉ်၏ ထုတ်ကုန်တစ်ခုသာဖြစ်သည်ဟု ယုံကြည်သည်။ ဆင့်ကဲဖြစ်စဉ် ယုတ္တိက သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒအား အုပ်စီးလိုက်သယောင်ရှိသော်လည်း ကျွန်တော့်အနေဖြင့် တိုက်ရိုက်သိရှိနေရသည့် လွတ်လပ်သော `စိတ်ဆန္ဒ´ ၏ အကန့်အသတ်သဘောအား ကျော်လွှားနိုင်ခြင်း မရှိသေးပါ။ မိမိစိတ်အားရှုမှတ်နေသည့်အခါတွင် မြင်ရသကဲ့ပင် အကယ်၍ အခြားမည်သည့် ၀တ္ထု ပုံစံအားမဆို အတွင်းမှပြန်လည် ကြည့်ရှုနိုင်သည်ဆိုလျှင် အဆိုပါ ၀တ္ထုပုံစံများအားလုံးတွင်လည်း ကျွန်တော်တို့၏ စိတ်နှင့် လွတ်လပ်မှုတို့နှင့် မနှီးရိုးစွဲအရာတစ်ခုကို မြင်ရလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ကောင်းမြတ်ခြင်းတရားအား ကျွန်တော့်အနေဖြင့် `ရှင်ကျန်မှုအတွက် လုပ်ဆောင်သည့် မည်သည့်အရည်အသွေးမဆို´ ဟု အဓိပ္ပါယ်သတ်မှတ်သော်လည်း အစုအဖွဲ့လိုက် ရှင်ကျန်မှုမှာ တစ်သီးပုဂ္ဂလရှင်ကျန်မှုထက် ပိုမိုအရေးကြီးသည့်အလျောက် အမြင့်မားဆုံး ကောင်းမြတ်ခြင်းတရားသည် ချစ်ခြင်းတရား၊ ဂရုဏာတရား၊ အကြင်နာတရား၊ သဟဇာတဖြစ်မှု စသည့် အစုအဖွဲ့လိုက်ရှင်ကျန်မှုကို ဖြစ်ပေါ်သည့်အရာများသာဖြစ်သည်ဟု ယူဆပါသည်။ အကယ်၍ ကျွန်တော်၏ဘ၀အား ကျွန်တော်၏ စိတ်ကူးစံများအတိုင်း ချယ်မှုန်း၍ရလျှင် ကွန်ဖြူးရှပ်နှင့် ခရစ်တော်တို့၏ ကျင့်ဝတ်များကို ပေါင်းစပ်ချင်ပါသည်။ ဖွံ့ဖြိုးနေသော တစ်သီးပုဂ္ဂလ ကောင်းမြတ်ခြင်းတရားများနှင့် အဖွဲ့အစည်းတစ်ခု၏ အသင်းဝင်တစ်ဦးအဖြစ်ကို ဆိုလိုသည်။

ကျွန်တော်သည် ငယ်စဉ်က ဆိုရှယ်လစ်တစ်ဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်အင်ပါယာအား ထောက်ခံခဲ့သည်မှာ ၁၉၃၂ ခုနှစ်တွင် ရုရှားပြည်အား သွားရောက်လည်ပတ်ခြင်း မပြုခဲ့ခင်အထိဖြစ်ပါသည်။ ထိုနေရာတွင် ကျွန်တော်မြင်တွေ့ခဲ့ရသည်များက ကျွန်တော့်အား အဆိုပါစနစ် အခြားမည်သည့်ဒေသသို့မျှ ပြန့်နှံမသွားရန် တားဆီးလိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ အတွေ့အကြုံနှင့် သမိုင်းတို့က ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ယှဉ်ပြိုင်မှုတို့၏ စီးပွားရေးဆိုင်ရာ လိုအပ်ချက်နှင့် ဗီဇစိတ်အခြေခံများကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်။ ကျွန်တော်၏ မြေလှန်ပြုပြင်ရေး သို့မဟုတ် ရှေးရိုးစွဲသူငယ်ချင်းအချို့ကဲ့သို့ ကျွန်တော်သည် လွတ်လပ်ခြင်းအား အရူးအမူး မြတ်နိုးကိုးကွယ်သူတစ်ဦး မဟုတ်ပါ။ လွတ်လပ်ခြင်းဟူသော အရာသည် ဉာဏ်ပညာအား ကျော်လွှားဖုံးလွှမ်းပစ်လိုက်သော် ပရမ်းပတာများ မွေးဖွားလာတတ်သည်။ အာဏာပိုင်စိုးမှုစနစ်အား မွေးဖွားစေတတ်သည်။ ကျွန်တော်တို့၏ လွတ်လပ်ကျယ်ပြန့်သော နယ်မြေဒေသများနှင့် အခြားသူများနှင့် နှိုင်းယှဉ်သော် ပြင်ပကမ္ဘာ၏ ခြိမ်းခြောက်မှု အန္တရာယ်မှ ကင်းလွတ်ခွင့်ရနေခဲ့ခြင်းတို့ကြောင့် (အမေရိကကို ဆိုလိုသည်) ဆယ့်ကိုးရာစု နှောင်းပိုင်းတွင် များစွာသော စီးပွားရေး လွတ်လပ်မှုများ ရှိခဲ့ပါသည်။ ယနေ့အခါတွင် ဘာသာရေးယုံကြည်ချက်များအား ဖယ်ရှားခြင်းနှင့် ဥစ္စာဓန ကြွယ်ဝလာခြင်းတို့ကြောင့် ကျင့်ဝတ်ဆိုင်ရာ လွတ်လပ်မှုများလည်း များပြားလှပါသည်။ အဆိုပါ လွတ်လပ်ခြင်းခေတ်သည် ပြင်ပကမ္ဘာ၏ ခြိမ်းခြောက်မှုအန္တရာယ်၏ ဖိအားအောက်တွင် ကုန်ဆုံးလာနေသည်။ အစိတ်အပိုင်းတစ်ရပ်၏ လွတ်လပ်ရေးသည် တစ်ခုလုံး၏ လုံခြုံမှုကိစ္စနှင့် ကွဲပြားပါသည်။

ဘ၀အခက်အခဲများနှင့် ပဋိပက္ခများအား ကျွန်တော် မကျေမနပ်မဖြစ်မိပါ။ ကျွန်တော့်တစ်ဦးတည်းအနေဖြင့်မူ ၎င်းတို့မှာ ကောင်းမွန်သည့် ဥစ္စာဓနပိုင်ဆိုင်မှု၊ သင့်တင့်သည့် ကျန်းမာရေး၊ သစ္စာရှိချစ်မိတ်ဆွေများနှင့် ပျော်ရွှင်သောမိသားစုဘ၀လေးတစ်ခုတို့ကြောင့် အလွန်ပေါ့ပါးသွားခဲ့ပါသည်။ လူသား၏ ဆိုးယုတ်မှုမိစ္ဆာတရားအပေါ်တွင် မယုံကြည်နိုင်တော့လုနီးနီးဖြစ်အောင် ကောင်းမွန်သည့်လူ အများအပြားနှင့် ကျွန်တော် ဆုံတွေ့ခဲ့ရသည်။

ကျွန်တော် သေဆုံးချိန်တွင် ကျွန်တော်သေသွားလိမ့်မည်ဟု သံသယရှိပါသည်။ [*] Flying Dutchman နှင့် Wandering Jew ပါ ကျိန်စာကဲ့သို့ အဆုံးမဲ့ ဖြစ်တည်မှုအား ကျွန်တော် မျှော်မှန်းကြည့်ပါမည်။ သေခြင်းတရားဟူသည် ဘ၀၏ အကြီးမားဆုံး တီထွင်ဖန်တီးမှုသာ ဖြစ်သည်။ ဆွေးမြေ့ခြင်းအား အသစ်တို့ဖြင့် အစဉ်ထာဝရ အစားထိုးနေခြင်း ဖြစ်ပါသည်။ အတွဲနှစ်ဆယ်အကျော်တွင် အိပ်စက်အနားယူရန် ချိုမြိန်ပါလိမ့်မည်။

တေဇာ (လရောင်လမ်း)
Ref: This I Believe, Will Durant

[*]  I suspect that when I die I shall be dead.

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”