အိမ်မြောင်အမြီးပြတ်လေးဟာ
ခုန်ဆွခုန်ဆွသာ လုပ်နေတယ်
ဘာအတွေးအခေါ်မှ မရှိဘူး
ငါတို့က ဒီလိုဘယ်ဟုတ်မလဲ။
ခေါင်းပြတ်ပြီး (၇) စက္ကန့်အကြာထိ
ဦးနှောက်မှာ အသိစိတ်ရှိနေသေးတယ်ဆိုတာ
ခင်ဗျားလည်း ကြုံမိခဲ့မှာပေါ့ မာဆိုး [*] … ။
ဆိုကြပါစို့..
ညှီစို့စို့ခြင်းတောင်းထဲ
ဦးခေါင်းချည်းသက်သက် ခုန်ချလိုက်မယ်
မျက်နှာနဲ့အပ်ပြီး ကျမယ်
နှာခေါင်းနဲ့ထောက်နေလို့ ဦးခေါင်းဟာ
တုံးလုံးအနေအထားဖြစ်အောင် လည်သွားမယ်
ပြူးကျယ်တဲ့ အပေါ်ဘက်မျက်လုံးတစ်ဖက်က
သွေးပွက်ပွက်ထနေတဲ့ လည်ချောင်းငုံးတိကြီးကို ပြန်မြင်နေရမယ်
`ဟာ… သွားပါပြီ´
ဒီလိုနည်းနည်းတော့ နှမျောမိနိုင်တာပေါ့
ကိုယ့်လည်ချောင်းသွေးတွေဟာ ကိုယ့်မျက်နှာပြန်စင်
မျက်လုံးထဲပါ ၀င်တဲ့အထိ စပ်ဖျင်းဖျင်း
အနီရောင်အတိ
အညှီနံ့အတိ
တစ်စက္ကန့်…၊ နှစ်စက္ကန့်…၊ …… ။
တစ်ခါတည်းပျောက်သွားတာနဲ့စာရင်
ငရဲခံရတာက တော်သေးတယ် [-]
ဒီအရောင်
ဒီအနံ့တွေမှာ
ငါတို့တွေ တပ်မက်လို့ မဆုံးဘူးမဟုတ်လား
မသေပျော်ပေမယ့်
ပျော်ပျော်ကြီး သေသွားခဲ့ကြသူချည်း
နှလုံးခုန်သံလေးနဲ့ တစ်ဖက်စီခြားသွားရတောင်
ဖြစ်နိုင်ရင်…
နောက်ထပ်တစ်ခါ သေချင်ပါသေးတယ်
နောက်ထပ်တစ်ခါ သေချင်ပါသေးတယ်။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၁၂) ၂၀၁၀
[*] ကမူး၏ The Stranger ပါ သေဒဏ်ချခံရသူ ဇာတ်ကောင်။
[-] အဆိုပါဝတ္ထုမှ မာဆိုး၏ ပြောစကား။
ခုန်ဆွခုန်ဆွသာ လုပ်နေတယ်
ဘာအတွေးအခေါ်မှ မရှိဘူး
ငါတို့က ဒီလိုဘယ်ဟုတ်မလဲ။
ခေါင်းပြတ်ပြီး (၇) စက္ကန့်အကြာထိ
ဦးနှောက်မှာ အသိစိတ်ရှိနေသေးတယ်ဆိုတာ
ခင်ဗျားလည်း ကြုံမိခဲ့မှာပေါ့ မာဆိုး [*] … ။
ဆိုကြပါစို့..
ညှီစို့စို့ခြင်းတောင်းထဲ
ဦးခေါင်းချည်းသက်သက် ခုန်ချလိုက်မယ်
မျက်နှာနဲ့အပ်ပြီး ကျမယ်
နှာခေါင်းနဲ့ထောက်နေလို့ ဦးခေါင်းဟာ
တုံးလုံးအနေအထားဖြစ်အောင် လည်သွားမယ်
ပြူးကျယ်တဲ့ အပေါ်ဘက်မျက်လုံးတစ်ဖက်က
သွေးပွက်ပွက်ထနေတဲ့ လည်ချောင်းငုံးတိကြီးကို ပြန်မြင်နေရမယ်
`ဟာ… သွားပါပြီ´
ဒီလိုနည်းနည်းတော့ နှမျောမိနိုင်တာပေါ့
ကိုယ့်လည်ချောင်းသွေးတွေဟာ ကိုယ့်မျက်နှာပြန်စင်
မျက်လုံးထဲပါ ၀င်တဲ့အထိ စပ်ဖျင်းဖျင်း
အနီရောင်အတိ
အညှီနံ့အတိ
တစ်စက္ကန့်…၊ နှစ်စက္ကန့်…၊ …… ။
တစ်ခါတည်းပျောက်သွားတာနဲ့စာရင်
ငရဲခံရတာက တော်သေးတယ် [-]
ဒီအရောင်
ဒီအနံ့တွေမှာ
ငါတို့တွေ တပ်မက်လို့ မဆုံးဘူးမဟုတ်လား
မသေပျော်ပေမယ့်
ပျော်ပျော်ကြီး သေသွားခဲ့ကြသူချည်း
နှလုံးခုန်သံလေးနဲ့ တစ်ဖက်စီခြားသွားရတောင်
ဖြစ်နိုင်ရင်…
နောက်ထပ်တစ်ခါ သေချင်ပါသေးတယ်
နောက်ထပ်တစ်ခါ သေချင်ပါသေးတယ်။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၁၂) ၂၀၁၀
[*] ကမူး၏ The Stranger ပါ သေဒဏ်ချခံရသူ ဇာတ်ကောင်။
[-] အဆိုပါဝတ္ထုမှ မာဆိုး၏ ပြောစကား။
အဲဒါဖတ်ပြီး စိတ်ထဲမှာ တဖျဉ်းဖျဉ်းဖြစ်လာသလိုပဲ။
ReplyDeleteကျောချမ်းလိုက်တာ။