ရုံးတော်၏ ရှေ့တွင် တံခါးစောင့်တစ်ဦး ထိုင်နေသည်။ ထိုတံခါးစောင့်ဆီသို့ နယ်ဝေးမှလူတစ်ဦး ရောက်လာကာ ရုံးတော်အတွင်းသို့ ၀င်ခွင့်တောင်းခံသည်။ သို့သော် တံခါးစောင့်က သူ့အနေဖြင့် ယခုလောလောဆယ်တွင် ၎င်းအား ၀င်ခွင့်မပြုနိုင်သေးဟု ပြောဆိုသည်။ ထိုသူက စဉ်းစားလိုက်ပြီး နောက်ခဏအကြာတွင်ရော သူဝင်ခွင့်ရနိုင်ပါမည်လားဟု ဆက်လက်မေးမြန်း လိုက်သည်။ `ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး´ ဟု တံခါးစောင့်က ပြောသည်။ ရုံးတော်၏ တံခါးဝသည် အစဉ်အမြဲရှိခဲ့သလိုပင် ပွင့်လျက်သား တည်ရှိနေပြီး တံခါးစောင့်က ဘေးတစ်ဘက်သို့ လျှောက်သွားသည်။ ထို့ကြောင့် ထိုသူက ဂိတ်ပေါက်ဝကိုဖြတ်ကာ အတွင်းသို့ မြင်လိုမြင်နိုင်ငြား ကိုယ်ကိုကိုင်းညွတ်၍ မျှော်ကြည့်လိုက်သည်။ ထိုအဖြစ်အား တံခါးစောင့်က မြင်သော် ဤသို့ ရယ်မော ပြောဆိုလိုက်သည်။ `တကယ်လို့ ခင်ဗျား အရမ်းဝင်ချင်နေတယ်ဆိုရင် ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ၀င်သွားကြည့်ပါလား။ ဒါပေမဲ့ တစ်ခုတော့လည်း မှတ်သွားဦး။ ကျွန်တော်က သန်မာတယ်။ ဒါတောင်မှ ကျွန်တော်ဟာ တံခါးစောင့်တွေထဲမှာ အနိမ့်ဆုံးအဆင့်မျှပဲ။ အခန်းတိုင်း အခန်းတိုင်းမှာ တံခါးစောင့်တွေ ရှိပြီး တစ်ယောက်ဟာ အခြားတစ်ယောက်ထက် ပိုမိုသန်မာသွားကြတယ်။ တတိယလူကိုဆို ကျွန်တော် အကြည့်ချင်းတောင် ရင်မဆိုင်ရဲဘူး´
နယ်ဝေးမှလူအနေဖြင့် ဤသို့သော အခက်အခဲများအား မမျှော်လင့်မိခဲ့။ ရုံးတော်သည် လူတိုင်း အမြဲတစေ ၀င်ထွက်သွားလာနိုင်သည်ဟုသာ သူက ထင်မြင်ခဲ့သည်။ သို့သော် ယခု သားမွှေးကုတ်အင်္ကျီ ၀တ်ထားသော တံခါးစောင့်၊ သူ၏ ချွန်ထက်ကြီးမားသော နှာခေါင်း၊ ရှည်လျားပါးလွကာ နက်မှောင်နေသော ကျင်စွယ်များကို အနီးကပ်မြင်တွေ့ရသောအခါတွင်သော် သူ၏ ခွင့်ပြုချက်ရမှသာ အတွင်းသို့ဝင်ခြင်းသည် ပိုကောင်းမည်ဟု သူက ဆုံးဖြတ်လိုက်သည်။ တံခါးစောင့်က သူ့အား ခွေးခြေခုံတစ်လုံးပေးကာ တံခါးဝရှေ့ ဘေးတစ်ဘက်တွင် ထိုင်ခွင့်ပြုလိုက်သည်။ ထိုနေရာတွင် သူ ရက်ပေါင်း၊ နှစ်ပေါင်းများစွာကြာအောင် ထိုင်နေခဲ့သည်။ မကြာခဏဆိုသလို တံခါးစောင့်က၊ သူ၏ ဇာတိနှင့် အခြားအရာများအကြောင်း တိုတောင်းစွာ မေးခွန်းထုတ်လေ့ရှိသော်လည်း ၎င်းတို့မှာ ဖော်ရွေကြင်နာသော လူအများ ပြုနေကျ ထူးမခြားနား မေးခွန်းများသာ ဖြစ်ပြီး အဆုံးတွင် သူ့အား အတွင်းသို့ ၀င်ခွင့်မပြုနိုင်သေးကြောင်းကိုသာ အမြဲတစေ ထပ်ပြောလေ့ရှိခဲ့သည်။ သူ၏ ခရီးတွင် ပစ္စည်းပစ္စယ အများအပြား သယ်ဆောင်ထုပ်ပိုးလာခဲ့သော ထိုသူက မည်မျှ တန်ဖိုးကြီးသော အရာကိုမဆို တံခါးစောင့်အား ကျော်လွန်ဖြတ်သန်းနိုင်ရန်အတွက် သုံးစွဲခဲ့သော်လည်း အချည်းအနှီးသာ ဖြစ်ခဲ့သည်။ တံခါးစောင့်က ပေးသမျှအား လက်ခံပြီး ဤသို့ ပြောပါလိမ့်မည်။ `တစ်ခုခုလုပ်ဖို့ ပျက်ကွက်သွားတယ်လို့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မထင်အောင်ဘဲ ကျွန်တော်ယူရတာပါ´။ နှစ်ပေါင်းမြောက်များစွာအတွင်း ထိုသူသည် တံခါးစောင့်အား အဆက်မပြတ်နီးပါး စောင့်ကြည့်နေခဲ့သည်။ အခြားသော တံခါးစောင့်များအကြောင်းကိုပင် သူ မေ့လျော့သွားခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် ဤပထမဦးဆုံး တစ်ယောက်သည်သာ ရုံးတော်သို့ဝင်ခွင့်အတွက် တစ်ခုတည်းသော အတားအဆီး ဖြစ်နေဟန် ရှိတော့သည်။ ပထမနှစ်များအတွင်း သူက ကံဆိုးလှသော အခြေအနေအား ကြံရာမရ၊ ကျယ်လောင်စွာ ရေရွတ်ကျိန်ဆဲနေခဲ့သည်။ ထို့နောက် သူအိုမင်းလာစဉ်တွင် သူ့နားကြားနိုင်ရုံလောက်သာ ရေရွတ်မြည်တမ်းနိုင်တော့သည်။ သူသည် ကလေးဆန်လာပြီး၊ ရှည်လျားသောနှစ်ပေါင်းများစွာ တံခါးစောင့်အား ကြည့်ရှုလေ့လာခဲ့သည် ဖြစ်သည့်အလျောက် သူ၏ သားမွှေးကော်လာမှ သန်းများကိုပါ သိကျွမ်းလာခဲ့ပြီ ဖြစ်သည်။ တံခါးစောင့်ကို သူ့အတွက် ၀ိုင်းဖြောင်းဖျပေးရန်ပင် ထိုသန်းများအား တောင်းဆိုခဲ့ဖူးသည်။ နောက်ဆုံးတွင် သူ၏ အမြင်အာရုံ အားနည်းလာခဲ့ပြီးနောက် သူ့ပတ်ဝန်းကျင်မှအရာများမှာ အမှန်တကယ် မှောင်မိုက်ခြင်းလား၊ သူ့မျက်လုံးများ၏ လှည့်စားမှုသက်သက်မျှလား ဆိုသည်ကိုပင် သူ မဝေခွဲနိုင်တော့။ သို့ရာတွင် ယခုအခါ အမှောင်ထုထဲတွင်ပင် ရုံးတော်၏ တံခါးပေါက်ဆီသို့ မငြိမ်းသတ်နိုင်အောင် ဖြာထွက်နေသော အရောင်ပြေး တလက်လက်အား သူ သိရှိနေရသည်။ ယခုသော် သူ့တွင် အသက်ရှင်ရန် အချိန်သိပ်မကျန်တော့။ သူ မသေဆုံးမီ သူ၏ ကာလယန္တယားတစ်ခုလုံး၏ အတွေ့အကြုံအားလုံးတို့အား သူ၏ ခေါင်းထဲတွင် စုဆောင်းကာ တံခါးစောင့်အား သူ မမေးဖြစ်ခဲ့သေးသော မေးခွန်းတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်။ သူ၏ တောင့်တင်းနေသော ကိုယ်ခန္ဓာအား ထူမခြင်းမပြုနိုင်တော့သည့်အလျောက် ထိုသူ့ဆီသို့ သူက လက်ဝှေ့ယမ်းပြလိုက်သည်။ ကြီးမားသော ခြားနားမှုများသည် အိုမင်းမစွမ်းတစ်ဦးအား အရာရာ ပြောင်းလဲစေခဲ့ပြီဖြစ်ပြီး တံခါးစောင့်က သူ့ဆီသို့ ကိုင်းညွတ်ငုံ့လျှိုးကာ ကြည့်ရှုရလေသည်။ `အခုထိ ခင်ဗျား ဘာသိချင်နေသေးတာလဲ။ ခင်ဗျားဟာ လိုဘမပြည့်နိုင်ဘူး´ ဟု တံခါးစောင့်က မေးမြန်းလိုက်သည်။ `လူတိုင်းဟာ ရုံးတော်နဲ့သက်ဆိုင်တာပဲ။ ဒါတောင် ဒီနှစ်ပေါင်းများစွာမှာ ၀င်ခွင့်တောင်းခံတဲ့သူ ကျွန်တော်ကလွဲလို့ အခြားတစ်ယောက်မှမရှိတာဟာ ဘာကြောင့်လဲ´ ဟု ထိုသူက မေးမြန်းလိုက်သည်။ တံခါးစောင့်သည် ထိုသူ သေဆုံးတော့မည်ဖြစ်ကြောင်း သိရှိပြီးနောက်တွင် သူ၏ ချို့တဲ့နေသော အကြားအာရုံအား ထိုးဖောက်နိုင်ရန် အော်ဟစ်ပြောဆိုလိုက်သည်။ `ဒီတံခါးပေါက်ကို ခင်ဗျားအတွက်သာ သတ်မှတ်ထားတာဖြစ်လို့ အခြားဘယ်သူမှ ၀င်ခွင့်မရနိုင်ဘူး။ အခု ကျွန်တော် တံခါးပိတ်တော့မယ်´
တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၂၅) ၂၀၁၀
Franz Kafka ၏ Before the Law အား ဘာသာပြန်ဆိုသည်။
Further Reading:
ကိုယ်တိုင်ရေးသမိုင်းကျမ်း၊ ရုံးတော်မှတစ်ဆင့် ကာ(ဖ)ကာကိုချဉ်းကပ်ခြင်း
သူ့အတွက် သတ်မှတ်ထားတဲ့ တံခါးပေါက်ဟာ သူကိုယ်တိုင်နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့တယ်။ သန်းတွေကိုတောင် တောင်းဆိုခဲ့ပေမယ့်။ နောက်ဆုံးတော့ တံခါးစောင့်က တံခါးပိတ်တော့မယ်ဆိုတော့ သူက အထဲရောက်သွားမလား ။ အပြင်မှာပဲလား ဆိုတာ ကို စဉ်းစားနေတာ အဖြေမရသေးဘူး။
ReplyDeleteဟာ ...
ReplyDeleteခင်ဗျားနှယ်။
ကြောက်စရာဗျာ။ ကျုပ်လည်း အဲ့လို ခွေးခြေပုကလေးပေါ်ထိုင်ပြီး ငုတ်တုတ်မေ့နေခဲ့တာမျိုး မနည်းပါလား။
မူရင်းကိုပါတွဲညွှန်းထားပေးလို့ ကျေးဇူးတင်သဗျာ။
“I am taking this only so that you do not think you have failed to do anything.”
တစ်ခုခုလုပ်ဖို့ ပျက်ကွက်သွားတယ်လို့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မထင်အောင်ဘဲ ကျွန်တော်ယူရတာပါ´။
ကောင်းရောဗျာ။ ကောင်းရော
ထိုင်ရာ မထသေးပဲ ရေးသွားတယ် ကိုယ့်လူ ။
ခင်ဗျား ရေးသမျှ မဖတ်နိုင်ခဲ့တာတချို့နဲ့ ဖတ်ဖြစ်ပြီး လိုက်မတွေးနိုင်ခဲ့တာ တချို့အတွက်တော့ ဆောရီးဗျာ။
ဖတ်နေပါဦးမယ်။
ဘာတွေကို နိမိတ်ပုံပြုပြီး ပြောချင်တာလည်း နားလည်ပေမယ့် နားလည်တာက တပိုင်း။ အဲဒီစာမျိုး ခပ်ဆင်ဆင် ဖတ်မိတိုင်း အူတူတူ ခံစားချက် ဝင်မိတယ်။
ReplyDeleteတံခါးစောင့်သာ "ယခုလောလောဆယ်တွင် ၀င်ခွင့်မပြုနိုင်သေး" လို့ ပြောမယ့်အစား "ယခုလောလောဆယ်" ဆိုတာမပါဘဲ ပြောရင် အခြေအနေက တမျိုးဖြစ်နိုင်တယ်။ "ယခုလောလောဆယ်တွင် ၀င်ခွင့်မပြုနိုင်သေး" ဆိုတာ ကြားရတာ တားဆီးတဲ့သဘော၊ အနှောက်အယှက်ပြုမယ့်သဘောမှ မပါတာ။ "ခဏလောက် သည်းခံပြီးစောင့်ပါဦးနော်၊ စိတ်မရှိပါနဲ့ ကျွန်တော် မအားသေးလို့ပါ" ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ ခံစားရတယ်။
တစ်ဘ၀စာ ရှည်တဲ့ကြိုးနဲ့ လှန်ထားခံရခြင်း။
ReplyDeleteမည်သည့်အခါမျှ ၀င်ခွင့်မရခဲ့သော ကျွန်တော်တို့ရှေ့မှ တံခါးပေါက်များ။
အိုမင်း၊ တွင်းဆုံး.. နောက်ဆုံး ဘာမှမရ...။
ကာဖ်ကာရဲ့ အရေးအသားတိုင်းက Absurd သဘောတွေ ပါနေလို့ အူကြောင်ကြောင်ချည်းပါပဲ။
၃/၄ နှစ်လောက်စောပြီး ကြိုပြန်ထားနိုင်တာ အကြားအမြင်ရနေတာပဲဖြစ်မယ်။
ReplyDelete