Skip to main content

စေတနာရှင်မလေးများ



အနည်းငယ်ထူးဆန်းနေဟန်ရှိပေမဲ့ တစ်ဒါဇင်ခန့်မျှရှိတဲ့ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေဟာ “အဖော်အချွတ်” (Stripe off) လုပ်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ (Topless) ပြည်ပနိုင်ငံများမှာ တိုက်ပွဲဝင်နေကြတဲ့ ဗြိတိသျှစစ်သားများကို ထောက်ခံအားပေးတဲ့အနေနဲ့ မန်ချက်စတာမြို့ကိုဖြတ်ကာ လှည့်လည်ချီတက် ခဲ့ကြပါတယ်။

သားရေဘောင်းဘီရှည်ကျပ်ကျပ်များသာ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ ရင်ဘတ်မှာ ကိုယ်ခန္ဓာပန်းချီ (Body Paint) ရေးဆွဲပုံဖျက်ထားပြီး သူတို့ရဲ့ အကာအကွယ်မဲ့ “ရတနာ” တွေနဲ့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ကြည့်ရှုသူများနဲ့ ပြည်သူလူထုကို ဗြိတိသျှစစ်သားတွေအတွက် အလှူငွေများ ဒလဟောရရှိလာအောင် ဆွဲဆောင်ခဲ့ကြတယ်လို့ သတင်းများက ဆိုပါတယ်။

ဒီလုပ်ရပ်ကို အနုပညာရှင်တစ်ဦးဖြစ်တဲ့ မန်ချက်စတာမြို့ ဝေါ့စလေ (Worsley) မှ ဖန်နီဂို့ဖ် (Fanny Gogh) ဆိုသူက “စစ်သားများ ကူညီပံ့ပိုးရေး” (Support Our Soldiers) S.O.S လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ S.O.S ဟာ စစ်တပ်နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကူညီထောက်ပံ့ဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဒီအစုအဖွဲ့လိုက်လှုပ်ရှားမှုဟာ ဗြိတိသျှတပ်မတော်အတွက် ပိုကောင်းတဲ့လက်နက်ကိရိယာများ ရရှိရေးနဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်စတဲ့ပါဆယ်ထုပ်တွေကို အာဖဂန်နစ္စတန်မှာရှိတဲ့ တပ်ဖွဲ့တွေဆီ ပို့ဆောင်ပေး ပါတယ်။ အဆိုပါအဖွဲ့က ဗြိတိသျှစစ်တပ်ဟာ သူတို့ကိုယ်ပိုင် လက်နက်ပစ္စည်းတွေ ၀ယ်ဖို့အတွက် ရန်ပုံငွေရှာရာမှာ “ဒုတိယအလုပ်” (Second Job) တွေ လုပ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ချီတက်လှည့်လည်မှုအတွင်း တပ်မတော်မှာ အစ်ကိုဖြစ်သူက တာဝန်ထမ်းဆောင်နေတဲ့ မော်ဒယ်တစ်ဦး ဖြစ်သူ ဆာရာက “ကျွန်မတို့နိုင်ငံရဲ့ အမျိုးသားတွေကို သင့်တင့်တဲ့အသုံးအဆောင်တွေ ရရှိစေလိုပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ရင်သားကို လှစ်ပြရဖို့ဆိုလိုတယ်ဆိုရင်လည်း ကျွန်မတို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

“ကျွန်မတို့ဟာ နိုင်ငံရေးအရ ဂုဏ်ပြုမှုတစ်ခုခု ရရှိဖို့လုပ်နေတာ လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ သူတို့ကို လျစ်လျူရှုထားခြင်းမရှိဘူးဆိုတဲ့ လေးနက်တဲ့ အမှတ်အသားတစ်ခုအတွက်သာ သူတို့ကို ကြည့်ရှုစောင့်ရှောက်တဲ့ အနေနဲ့ ကျွန်မတို့ ဒီနေ့ဒီနေရာမှာ ရောက်ရှိနေရခြင်း ဖြစ်ပါတယ်” လို့ သူမက ဆိုပါတယ်။

Source: Glamour girls strip of for British soldiers!

သတင်းနောက်ဆက်တွဲ အတွေး

အပြောကလေးကတော့ ဟုတ်နေတာပဲ မမဆာရာရယ်…။ ဒီသတင်းဖတ်ပြီးတော့ အမျိုးသမီးတွေရဲ့ အပေါ်ပိုင်းဗလာ (Toplessness) အကြောင်း စဉ်းစားရင်း အနည်းအကျဉ်း လေ့လာကြည့်မိတယ်။ တိရိစ္ဆာန်များ နှိပ်စက်ညှင်းပန်းမှုကာကွယ်ရေး လှုပ်ရှားမှုတွေအဖြစ် “သားမွှေးအ၀တ်အထည်တော့ မ၀တ်ဘူး၊ ကိုယ်တုံးလုံးနေမယ်” အော်ပြီး ၀တ်လစ်စလစ် ဆန္ဒပြမှုတွေ၊ ဓာတ်ပုံအရိုက်ခံတဲ့ မော်ဒယ်တွေ အကြောင်း ဖတ်ခဲ့ရဖူးတယ်။ သတင်းစာတစ်ခုမှာပါတဲ့ အဲဒီပုံကြီးကို ရုံးကအစ်မကြီးတစ်ယောက်က မှတ်ချက်ချတာ ကတော့ “တိရိစ္ဆာန်လေးတွေအတွက်က နည်းနည်းပါ၊ အလှပြချင်တာက များများပါ” လို့ ကြားခဲ့ရဖူးတယ်။ ဟုတ်ချင်လည်း ဟုတ်နိုင်တာပဲ။ ဒီလိုဓာတ်ပုံအရိုက်ခံတဲ့ ကောင်မလေးတွေတော်တော်များများက လှတပတလေးတွေချည်းပဲ :P ဖက်တီးပုပ်မတွေကျတော့ လုပ်မှ မလုပ်ကြပဲ…။

ဒါပေမဲ့ အမျိုးသမီးများ Toplessness လှုပ်ရှားမှုကျတော့ တစ်မျိုး…။ သူတို့ကျတော့ “အမျိုးသမီးအခွင့်အရေး” ရယ်လို့ တံဆိပ်ကပ်ထားတယ်။ ပင်လယ်ကမ်းခြေတွေမှာ အမျိုးသမီးတွေ အပေါ်ဗလာမကျင်းရ စည်းကမ်းတွေကို ဆန့်ကျင်တာ။ ယောက်ျားလေးတွေ လူမြင်ကွင်းမှာ အင်္ကျီမပါတာကျတော့ ဘယ်ဥပဒေနဲ့မှ မညိဘူး။ မိန်းကလေး တွေကျတော့ ဥပဒေမညီလို့ ဖမ်းဆီးခံရတာတွေရှိတယ်။ ယောက်ျားမိန်းမ တန်းတူအခွင့်အရေးမရှိဘူးလို့ ပြောကြတယ်။ သြဂုတ်လ (၂၃) ရက်နေ့ကို Topless Day လို့ သတ်မှတ်ပြီး အမေရိကန်အပါအ၀င် (ထုံးစံအတိုင်း ထိပ်ဆုံးကပေါ့) ဥရောပနိုင်ငံအတော်များများနဲ့ အရှေ့ကဆိုရင် ဂျပန်နိုင်ငံတွေမှာ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အံမယ် မိန်းကလေးတွေက အပေါ်ဗလာကျင်းပြီး ခပ်တည်တည်နဲ့ လူမြင်ကွင်းမှာ လမ်းသလား ဆန္ဒပြနေကြတယ် :P အင်္ကျီချွတ်ခွင့်ရရှိရေး သမီးတို့အရေးပေါ့… :P

တကယ်တော့ ဒီကိစ္စဟာ သူတို့ပြောသလောက်တော့ မရှင်းလင်းတာ အမှန်ပဲ။ ယောက်ျားလေးတွေ အင်္ကျီ ချွတ်ခွင့်ရလို့ သူတို့လည်း ချွတ်ခွင့်ရရမယ်ဆိုတာ ယေဘုယျကျလွန်းတယ်။ ပြီးတော့ ဒီကိစ္စအတွက် ဥပေဒေဆိုတာတွေလည်း ချမှတ်ထားတာရှိပေမယ့် တင်းတင်းကြပ်ကြပ်ကြီး မဟုတ်ပါဘူး။ အခြေအနေရ အလျဉ်းသင့်သလို လက်ခံနေတာပဲ။ အဆင့်အတန်းရှိတဲ့ ရုပ်ရှင်တွေမှာလည်း (ဥပမာ- Titanic ထဲက Kate Winslet) အပေါ်ပိုင်းတင်မက အောက်ပိုင်းတောင်ပါသေး...၊ ချွတ်တာပဲ။ ဇာတ်လမ်းအရ လိုအပ်လို့နော်...။ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ရင်သားဆိုတာ လိင်ပိုင်းဆိုင်ရာ စိတ်လှုံ့ဆော်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါငြင်းလို့မရဘူး။ ကဲ.. နေချင်သလိုနေကြပါတော့ဗျာဆိုပြီး ခွင့်ပေးလိုက်လို့ မုဒိန်းမှုတွေ ပိုများလာရင် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရမှာ သူတို့ပဲ။

တစ်ဘက်မှာလည်း အ၀တ်အစားအမြဲတမ်းဝတ်ထားခြင်းဟာ ရင်သားကင်ဆာ၊ ဘာညာ၊ ကျန်းမာရေးနဲ့ မညီညွတ်ပါ… ဒီအချက်တွေကိုလည်း သူတို့က ထောက်ပြပြောဆိုသေးတယ်။ “ယောက်ျားလေးတွေ လုပ်တာမှန်သမျှ၊ မိန်းကလေးတွေ လုပ်နိုင်ရမယ်။ ဒါမှသာ ယောက်ျားလေးနဲ့မိန်းကလေး အခွင့်အရေးတန်း တူညီမျှရှိမယ်။ ဒီယုတ္တိကို အခြေခံပြီး တောင်းဆိုကြတယ်။ ပုဂ္ဂိုလ်ရေးအမြင်အရပြောရရင်တော့ ဒီကိစ္စအတွက် ဥပဒေတွေရှိပေမဲ့ ချွတ်ချင်ဖော်ချင်တဲ့လူကတော့ ဖော်နေတာပါပဲ။ တင်းကြပ်မှုရှိလှတာလည်း မဟုတ်ဘူး။ လုံးဝလွှတ်ပေးလိုက်မယ် ဆိုရင် အကျိုးထက် အဆိုးက ပိုများဖို့သာ ရှိတယ်လို့ ထင်ပါတယ်။ သိပ်လေးလေးနက်နက်ကြီးမဟုတ်ဘဲ အပျင်းပြေ ဦးနှောက်ဆေးတဲ့အနေနဲ့ စဉ်းစားမယ်ဆိုရင် စဉ်းစားကြည့်ကြဖို့ပါ…။ Toplessness အကြောင်း လေ့လာချင်တယ်ဆိုရင်တော့ ဒီကို တစ်ချက်လောက် ရဲရဲတင်းတင်း Click လိုက်နော်။ ခုတော့ ဒီပို့စ်ကို ကျွန်တော် အပေါ်ဗိုင်းဗလာ (Toplessness) နဲ့ ရေးနေတာပါ… ဟိဟိ… :P Topless နဲ့ ဖတ်ကြမယ့် မမတွေတော့ ရှိလောက်မယ်မထင်ဘူး…. :P

◄ တေဇာ ► အောက်တိုဘာ (၂) ၂၀၀၉

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ