Skip to main content

စိတ်ဝင်စားစရာ လူ့သဘောထား စမ်းသပ်လေ့လာချက်များ

(၁) မိုးခါးရေသောက်

စိတ်ပညာရှင် ဆော်လမွန်အက်ခ်ျ၏ ကျော်ကြားခဲ့သော စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။ ပါဝင်ကူညီများကို ရိုးရှင်းသည့် မေးခွန်းတစ်ခုမေးသည်။ သို့သော် တကယ့်အစစ် အမှန်စမ်းသပ်မှုကို နောက်ကွယ်တွင် ၀ှက်ထားပါသည်။ အဖြေမှားကို ဖြေကြားရန် ညွှန်ကြားထားသော “သူလျှို” များပါဝင်သည့် အစုအဖွဲ့တွင် ကျန်ရှိသည့် ဘာမျှမသိသည့် ပါဝင်ကူညီသူ အနည်းငယ်ကိုသာ အမှန်တကယ် စမ်းသပ်ခြင်း ဖြစ်ပါသည်။

အဖြေပေးရာတွင် “သူလျှို” များ၏ မှားယွင်းသောဖြေကြားမှုကို ကျန်လူများ ကြားနိုင်စေရန် အုပ်စုကို အစီအစဉ်ချထားသည်။ အစမ်းသပ်ခံလူများ၏ အများစု (အယောက် ၅၀ တွင် ၃၇ ယောက်) က သူလျှိုများ မှားယွင်းဖြေဆိုပြထားသည့် အားသာရာဘက်ကို အနည်းဆုံး တစ်ကြိမ်တော့ လိုက်ပါဖြေဆိုကြသည်။ အက်ခ်ျ (Asch) က မိုးခါးရေသောက် တိမ်းညွတ်မှုသည် ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းအတွင်း အားကောင်းစွာ တည်ရှိနေသည်ဟု နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဤအချက်ကြောင့် ကျွန်တော်တို့၏ “အပြုအမူ” များကို ဦးဆောင်သည့် “တန်ဖိုးများ” အကြောင်း မေးခွန်းထုတ်မှုများ မြင့်တက်လာရပေသည်။

(၂) သန်းခေါင်ထက် ညဥ့်မနက်

စိတ်ပညာဆိုင်ရာ ဥပမေယျ နည်းနည်းလေးသာပါပြီး ပိုက်ဆံပွားယူနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းက “ဒေါ်လာလေလံ” (Dollar Auction) ဖြစ်သည်။ ဤဥပမာတွင် လူတစ်ယောက်က ကြမ်းခင်းဈေး (Minimum Bid) သတ်မှတ်ထားခြင်းမရှိဘဲ တစ်ဒေါ်လာတန်ကို လေလံပစ်သည်။ ပြဿနာက လေလံအနိုင်ရသူရော၊ ဒုတိယ အများဆုံးကြေးပေးထားသူပါ သူတို့၏ ခေါ်ကြေးများကို ပေးရမည်ဖြစ်သည်။ ကြမ်းခင်းဈေးမှ ဆင့် ၈၀၊ ၉၀ အထိ လျင်မြန်စွာ မြင့်တက်သွားသည်။ ဤအထိ နှစ်ဦးစလုံး အကျိုးအမြတ် ရနိုင်နေသေးသည်။ (အနည်းဆုံး ဆင့် ၁၀၊ ၂၀ မြတ်နိုင်သေးသည်) သို့သော် ခေါ်ကြေးများသည် တစ်ဒေါ်လာ ကျော်လွန်လာသည်နှင့် တစ်ပြိုင်နက် ရှုံးသွားပြီ ဖြစ်သော်လည်း ရပ်တန့်မသွားခဲ့။ အဘယ်ကြောင့်ဆိုသော် ကြေးအများဆုံးပေးသူက ၁.၁၅ ဒေါ်လာ ဆိုခဲ့သော် သူ၏ ဆုံးရှုံးမှုက ၁၅ ဆင့်ဖြစ်မည်။ သို့သော် ဒုတိယ ရသူကလည်း သူ၏ ခေါ်ကြေးများကို ပေးအပ်ရမည်ဖြစ်ရာ အလုံးစုံ ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် အလျှော့မပေး။ အရှုံးခံပြီး ဆက်၍ လိုက်သည်။ ဤသို့လေလံပွဲအများစုတွင် နောက်ဆုံးဈေး ၃ ဒေါ်လာမှ ၅ ဒေါ်လာတွင် အဆုံးသတ်တတ်သည်။ တစ်ပြိုင်နက်တည်း လေလံဆွဲမိသူများသည် ၁ ဒေါ်လာနှင့် ကျော်လွန်သွားသဖြင့် များစွာစိတ်ပျက်တတ်ကြပြီး တစ်ခါတရံ ငိုကြွေးမိခြင်းများပင်ရှိသည်။ (Brockner & Rubin, 1985)

(၃) အနေသာကြီး

၁၉၆၄ ခုနှစ်က ကစ်တီဆိုသော မိန်းမပျိုသည် သူမနေထိုင်ရာ တိုက်ခန်းအနီးတွင်ပင် ဓားဖြင့်ထိုးသတ်ခံရသည်။ နယူးယော့မြို့ Queens အရပ်တွင် ဤသို့သော ဖြစ်ရပ်မျိုးမှာ ထူးခြားဖြစ်စဉ်မျိုး မဟုတ်တော့။ ထူးခြားသည်က ဤသို့ဖြစ်နေသည်မှာ နာရီဝက်ခန့်ကြာမြင့်ပြီး အနည်းဆုံး အိမ်နီးချင်း ၃၈ ယောက်ခန့်က သူမ၏ အော်ဟစ်သံကို ကြားသည့်တိုင်အောင် လာရောက်အကူအညီပေးခြင်းနှင့် ရဲဌာနသို့ အကြောင်းကြားခြင်းများ မပြုလုပ်ခဲ့။ အိမ်နီးချင်းတစ်ဦးက “ကောင်မလေးကို လွှတ်လိုက်” ဟု အော်ဟစ်လိုက်စဉ်တွင် ထိုသူက လွှတ်လိုက်ပြီး မိနစ်ပိုင်းအတွင်း ပြန်ရောက်လာပြီး ဆက်လက်တိုက်ခိုက်မှု ပြုလုပ်ခဲ့လေသည်။ နောက်ဆုံးတွင် အခြားသော မျက်မြင်သက်သေတစ်ဦးက ရဲဌာနသို့ အကြောင်းကြားခဲ့လေသည်။ သို့တိုင် သူ၏သူငယ်ချင်းတစ်ဦးထံ အရင်ဖုန်းဆက်ပြီး အကြောင်းကြားသင့်၊ မကြားသင့် အကြံတောင်းသေးသည် ဆို၏။

ဤသည်မှာ “ကိုယ်နှင့်မဆိုင်သော် အေးအေးနေ” ဟူသည့် အယူအဆအတွက် ဥပမာ ဖြစ်ပါသည်။ မိမိကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသည့် အခြားလူများ၏ မျက်မှောက်တွင် ထိုအလုပ်ကိုလုပ်ရန် စိတ်မပါသည့် သဘောဖြစ်ပါသည်။

(၄) တာဝန်အရပါ


အခြားသော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ စမ်းသပ်မှုလေ့လာချက်တစ်ခုမှာ ကျွန်တော်တို့၏ အပြုအမူနှင့် လွတ်လပ်မှုတို့နှင့် ပတ်သတ်နေသည်။ ၁၉၇၄ ခုနှစ်က စတန်လေ မေလ်ဂရန်၏ ဖော်ထုတ်မှုဖြစ်ပါသည်။ လူတို့သည် တစ်စုံတစ်ယောက်အား ထိခိုက်နာကျင်စေသော အပြုအမူများကို ၎င်းတို့အား အမိန့်အာဏာပေးနိုင်သူ တစ်ဦးဦးက ခိုင်းစေလျှင် ပျော်ပျော်ကြီး လုပ်ဆောင်တတ်ကြခြင်းပင် ဖြစ်လေသည်။

အဆိုပါစမ်းသပ်မှုတွင် “ဆရာ” နှင့် “ကျောင်းသား” တို့ ပါဝင်သည်။ ဆရာဖြစ်သူကို (ကျောင်းအုပ်ကြီး (သို့) တာဝန်ရှိသူတစ်ဦးဦး၏ ညွှန်ကြားချက်ဖြင့်) ကျောင်းသားက အဖြေမှားတစ်ခုဖြေကြားတိုင်း ပိုမိုမြင့်မားလာသည့် အားကောင်းသောလျှပ်စစ်ဓာတ်ဖြင့် တို့ရန် ညွှန်ကြားထားသည်။ ဤတွင် “ကျောင်းသားများ” သည် စိတ်ပညာရှင်၏ “သူလျှို” များဖြစ်ပြီး တမင် မှားဖြေခြင်းဖြစ်သည်။ ဆရာဖြစ်သူက မသိပါ။

ဤစမ်းသပ်မှု၏ ရလဒ်မှာ အလွန်စိတ်ပျက်ဖို့ကောင်းပါသည်။ ကျောင်းသားများ၏ နာကျင်စွာအော်ဟစ်သံများကို ကြားရသော်လည်း ဆရာဖြစ်သူများမှာ ဤသည်ကို လျစ်လျူရှုပြီး ညွှန်ကြားထားသည့်အတိုင်း အမြင့်ဆုံး ဗို့အား အထိရောက်အောင်ပင် တသွေမတိမ်း ဒဏ်ပေးခဲ့ကြသည်။ တချို့ကျောင်းသားများမှာ အော်ပင်မအော်နိုင်တော့ သည်အထိပင် ဖြစ်သည်။

(၅) အထူအပါး

“ဒါလေးတစ်ခုလောက် ကူညီနိုင်မလား” ဟူသည့် သဘောမျိုးဖြစ်ပါသည်။ တူညီသည့် အုပ်စုအတွင်း အသေးဆုံးအကူအညီလေးက စ၍တောင်းဆိုလျှင် ပိုကြီးသည့် အကူအညီများကိုလည်း ဆက်လက် အကူအညီပေးရန် ဆွဲဆောင်နိုင်ပေသည်။ (Schwarzwarld et al., 1983)

ရေကူးညာတင်။ ။ မြန်မာအယူအဆအားဖြင့် စကားကြီးဆယ်မျိုးထဲမှ “ရေကူးညာတင်” စကားပြောနည်းဖြင့် အတူတူပင်ဖြစ်ပါသည်။ သင့်လျော်သည့် ပမာဏတစ်ခုကို ရရှိရန် မဖြစ်နိုင်သည့် ပမာဏကို အရင်ဦးဆုံး ပြောထားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် သူဌေးတစ်ယောက်ကို ခေါ်ပြီး ဒေါ်လာ ၁ သောင်းလှူပါဟု မေတ္တာရပ် ခံသည်။ ထိုအခါ ထိုသူ့ဘက်က စဦးတောင်းဆိုချက်ထက် ၅ ဒေါ်လာခန့်သာ လျှော့ရန် ဈေးဆစ်သည်ကို တွေ့ရသည်။ ဒေါ်လာ တစ်သောင်းထက် အများကြီး မကွာဟု ဆိုလိုခြင်းဖြစ်သည်။

စိတ်ကြိုက်တွေ့သည့် အရောင်းအ၀ယ်တစ်ခုအတွက် အပိုဆောင်း ၀ယ်ယူမှုများ ဆက်လက် ပြုလုပ်နိုင်ပေသည်။ ဥပမာအားဖြင့် ကားအရောင်းသမားတစ်ဦးသည် ကားအသစ်တစ်ဦးအတွက် သင့်လျော်သော ဈေးနှုန်းဖြစ်သည့် ဒေါ်လာ ၃၀၀၀ ဖြင့် ရောင်းချပြီး ကာဘီးနှင့် အင်ဂျင်ပါ ပါမည်ဆိုလျှင် …. ဆိုပြီး ဈေးနှုန်းကို မြင့်တင်ယူနိုင်သည်။

Source: erratic wisdom

အခြားသော စမ်းသပ်မှုများလည်း ကျန်ရှိသေးပါသည်။ ဤသို့ လက်တွေ့စမ်းသပ်ထားသည့် စိတ်ပညာဆိုင်ရာ တိမ်းညွတ်ချက်များကို မြန်မာ့နိုင်ငံရေးနှင့် ချိန်ထိုးပြီး လေ့လာကြည့်ချင်ပါသေးသည်။ အထူးသဖြင့် နံပါတ် (၄) အချက်ဖြစ်သည့် “တာဝန်အရပါ” ဆိုသော လူ့သဘာဝသည် အော်ဂလီဆန်စရာကောင်းလှသော အမှန်တရားဟု ယူဆမိပါသည်။


◄ တေဇာ ► အောက်တိုဘာ (၁၃) ၂၀၀၉

Comments

  1. "Milgram Experiment"


    In Milgram's first set of experiments, 65 percent (26 of 40)[1] of experiment participants administered the experiment's final massive 450-volt shock, though many were very uncomfortable doing so; at some point, every participant paused and questioned the experiment, some said they would refund the money they were paid for participating in the experiment. Only one participant steadfastly refused to administer shocks below the 300-volt level

    Dr. Thomas Blass of the University of Maryland, Baltimore County performed a meta-analysis on the results of repeated performances of the experiment. He found that the percentage of participants who are prepared to inflict fatal voltages remains remarkably constant, 61–66 percent, regardless of time or place."

    "Recent variations on Milgram's experiment suggest an interpretation requiring neither obedience nor authority, but suggest that participants suffer learned helplessness, where they feel powerless to control the outcome, and so abdicate their personal responsibility."

    source:http://en.wikipedia.org/wiki/Milgram_experiment


    So,translation is OK, but the fourth point,which is your opinion upon Milgram experiment is somehow misinterpretation or "Alternative interpretation"; but it is really difficult to be deeply understood and it also has many variations.

    In my point of view, that experiment is some kind of popular science, which may be oversimplified; however I am not an expert in social psychology and I really don't know what to say.

    Anyway, thank you very much for your efforts in this work.

    ReplyDelete
  2. မှန်ပါတယ်။ Milgram Experiment နဲ့ပတ်သက်ပြီး ရေးထားတဲ့ မူကွဲ အတော်များများရှိပါတယ်။ ကျွန်တော် ဘာသာပြန်တဲ့မူက ကျောင်းသားတစ်ယောက် ပြန်ရေးထားတဲ့မူပါ။ ယနေ့အချိန်မှာ တရားမ၀င် (ဥပဒေနှင့်မညီ) တော့တဲ့ စိတ်ပညာစမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ (Ethical ပိုင်းအရ မညီတာပါ၊ Result နဲ့ မဆိုင်ပါဘူး) ဒါပေမဲ့ သူ့ရဲ့ Result ဟာ အပေါ်ယံကျောရှပ်ပြီး ကောက်ချက်ဆွဲထားတယ်လို့တော့ မှတ်ယူနိုင်မှာမဟုတ်ဘူး။ စနစ်တကျစမ်းသပ်မှုအရမဟုတ်ဘဲ သာမန်လူတွေရဲ့ နေ့စဉ်ဖြစ်ရပ်တွေမှာတောင် ကျွန်တော်တို့ ဒီသဘောတရားကို တွေ့မြင်နိုင်ပါတယ်။

    ကျောင်းတုန်းက စာမရတဲ့ကျောင်းသားကို စာရတဲ့ကျောင်းသားက ဆရာမအမိန့်နဲ့ နားရွက်ဆွဲခိုင်းရင် ပျော်ပျော်ကြီးဆွဲကြတာ များပါတယ်။ (စိတ်မပါတဲ့လူလည်း ရှိမှာပေါ့၊ “အများစု” ကို ဆိုလိုခြင်းဖြစ်ပါတယ်)
    တကယ်တော့ စိတ်ပညာဆိုင်ရာ စမ်းသပ်ချက်တွေဟာ (Psychological Experiment) သိပ္ပံစစ်စစ် (Pure Science) လိုတော့ ဧကန်ဧက ကောက်ချက်တွေ မဆွဲနိုင်တာ အမှန်ပဲ။
    ဘာပဲဖြစ်ဖြစ် အခုလို အလေးမူပြီး Comment ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။း)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ