Skip to main content

အိုဘားမားနှင့် နိုဘယ်ငြိမ်းချမ်းရေးဆု

လူသူလေးပါးအလေးထား အသိအမှတ်ပြုခြင်းခံရသော နိုဘယ် ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားအား “နိုင်ငံတကာဆက်ဆံရေးအား အားကောင်းလာစေရန်နှင့် လူအများကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သူ၏ တမူထူးခြားသော အားထုတ်မှုများ” ကြောင့် ပေးအပ်ချီးမြှင့်ခဲ့သည်။

သို့သော် နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီက ချမှတ်သော အဆိုပါ ဆုံးဖြတ်ချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။ အိုဘားမား ရုံးထိုင်အလုပ်လုပ်သည့်ကာလမှာ တစ်နှစ်ပင်မပြည့်တတ်သေးဘဲ သူ၏ စေ့စပ်ဆွေးနွေးရေးမူဝါဒမှာလည်း လသားမျှသာ ရှိပါသေးသည်။ ဤတွင် ဒေါက်တာ ရော်ဘင် နစ်ဘလစ် (Dr Robin Niblett) က အဆိုပါဆုကို ပေးအပ်သော အခြေအနေအချိန်အခါ မှားယွင်းနေသည်ဟု သူအဘယ်ကြောင့် ယုံကြည်သည်ဆိုသည်ကို ချပြခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဒေါက်တာ ဘိတ်ဂေးလ် (Dr Bates Gill) ကလည်း မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြန်လှန်ငြင်းခုန်ထားပါသည်။

ဒေါက်တာ ရော်ဘင်နစ်ဘလစ် ( Chatham House Director)

လွန်ခဲ့တဲ့ကိုးလအတွင်း အိုဘားမား ကတိပြုထားခဲ့တဲ့ ထူးခြားတဲ့ နိုင်ငံတကာရေးရာမူဝါဒတွေကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ သူက တံခင်းတမန်ခင်း လမ်းသွယ်လေးတွေကို တစ်ချိန်ထဲမှာ အများအပြား ဖွင့်လှစ်ထားခဲ့တယ်။ အများအပြားမှာ ဂတိက၀တ်တွေ ပြထားပါတယ်။ ဒါပေမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို အခုလောလောဆယ်မှာ သူ့ကိုပေးဖို့ဆုံးဖြတ်ရာမှာတော့ ပြဿနာတွေ ရှိနေပါတယ်။

အစီအစဉ်တွေကို အောင်မြင်မှုလို့ အဓိပ္ပာယ်ကောက်ဖို့ မလိုအပ်ပါဘူး။ ဒါကိုလည်း အိုဘားမားရဲ့ စီမံအုပ်ချုပ်ရေးပိုင်းက သိမယ်လို့ ကျွန်တော်ထင်ပါတယ်။ အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်ရှိကောင်းရှိနေပါမယ်၊ ဒါပေမဲ့ သူ့ရဲ့ ပါဝါကိုလည်း စိန်ခေါ်မှုတွေ တိုးပွားလာနေပါတယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ဒါကို သြဇာလွှမ်းမိုးမှုလို့ အဓိပ္ပာယ်ကောက်လို့ ရမှာမဟုတ်ပါဘူး။ သူ့ရဲ့ သံတမန်ရေးရာမူဝါဒကောင်းတွေကြောင့် ထိုက်တန်တဲ့ရလဒ်တစ်ခုခု ပြန်ထွက်လာမယ်ဆိုတာ အာမခံချက် မရှိပါဘူး။

ဒီအဖြစ်မှန်ကိုကြည့်ရင် သမ္မတအိုဘားမားကို အခုလို သြဇာကြီးမားတဲ့ဆုပေးအပ်လိုက်တာဟာ အကူအညီပေးရာ မရောက်ပါဘူး။ ပထမဆုံးအနေနဲ့ အိုဘားမား သမ္မတသက်တမ်းရဲ့ အတိမ်းအစောင်းမခံတဲ့ အချိန်တွေမှာ နိုင်ငံတကာက သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို ပိုမြင့်တက်လာစေပါလိမ့်မယ်။ ဒါဟာ ပြည့်စုံချင်မှပြည့်စုံမယ့် မျှော်လင့်ချက်တွေပါ။ ဒုတိယအချက်အနေနဲ့ ဒါဟာ သူ့ရဲ့အိမ်နောက်ဖေးက ဝေဖန်ရေးသမားတွေရဲ့ လက်နက်တစ်ခုဖြစ်လာပါ လိမ့်မယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ တည်ရှိမှုနဲ့ အပြည်ပြည်ဆိုင်ရာ တန်ဖိုးတွေကို ပြောကြားတာပါ။

ဆန္ဒသဘောထားကောက်ခံမှုတွေဟာ ယုံကြည်ရတယ်ဆိုရင် အရေအတွက်တိုးပွားလာနေတဲ့ အမေရိက ကလူတွေက အခုလို အမေရိကန်သမိုင်းရဲ့ ခက်ခဲတဲ့ကာလမှာ သမ္မတအိုဘားမားရဲ့ ပထမဦးစားပေးက အမေရိကန်တန်ဖိုးကို ကာကွယ်ဖို့လားဆိုတာကို သိချင်ကြတယ်။ ယခုလောလောဆယ်မှာ ဒီဆုကို လက်ခံခြင်းအားဖြင့် အတိုက်အခံတွေက သူ့ရဲ့မူဝါဒတွေကို ကိုယ်ကျိုးကြည့်တွေသာဖြစ်ကြောင်း ပိုထင်ကြပြီး၊ ထောက်ခံသူအများအပြားကိုလည်း ပိုပြီးစိုးရိမ်စိတ်ဝင်လာစေပါလိမ့်မယ်။

နောက်ဆုံးအားဖြင့်တော့ သူ့ကို ဒီဆုပေးအပ်ခြင်းအားဖြင့် သူ့ရဲ့ သံတမန်ရေးရာကို အထောက်အကူပြု လိမ့်မယ်လို့ ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဒီလိုယုံကြည်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းသာ ဖြစ်မှာပါ။ အိုဘားမားစေ့စပ်ဆွေးနွေးနေတဲ့ နိုင်ငံတွေဟာ မိမိတို့ရဲ့အကျိုးစီးပွား အခြေခံအပေါ်မှာပဲ လှုပ်ရှားကြမှာပါ။ အမေရိကရဲ့ စေ့စပ်ဆွေးနွေးမှုနဲ့ ဖိအား၊ ရောသမထားတာကို တုံ့ပြန်တဲ့ မူဝါဒတစ်ရပ် ဖန်တီးကြမှာပါပဲ။

စင်စစ်၊ သမ္မတအိုဘားမားဟာ ဆွေးနွေးညှိနှိုင်းမှုကို လျှိုထားပြီး ယခုလောလောဆယ် ညှိုနှိုင်းနေတဲ့ နိုင်ငံတွေထဲက တချို့အပေါ် အနာဂတ်မှာ တင်းတင်းမာမာဆက်ဆံဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒါကြောင့် ဖြစ်စဉ်ဟာ ခက်ခဲကြမ်းတမ်းပြီး ရလဒ်ကို ခန့်မှန်းနိုင်ခြင်းမရှိပေမဲ့ အဓိကအင်အားကြီးနိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမူဝါဒရဲ့ အရေးပါမှုကို အာရုံစိုက်လာတဲ့အချိန်ကျမှသာ ဘာရတ်အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ စဉ်းစားရင် ပိုပြီး သင့်လျော်ပါလိမ့်မယ်။

ဒေါက်တာ ဘိတ်ဂေးလ် DIRECTOR OF THE STOCKHOLM INTERNATIONAL PEACE RESEARCH INSTITUTE (SIPRI)

ဒါဟာ အောင်မြင်ပြီးသား တစ်ခုခုအတွက်မဟုတ်ဘဲ ဖြစ်လာနိုင်စရာရှိတဲ့ အရာတစ်ခုအတွက် ဆုပေးချီးမြှင့်ခြင်းခံရတဲ့ လူတွေထဲက ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဆုကို အကောင်းဘက်ကပဲ ရှုမြင်ပါတယ်။ ဒီသမ္မတသစ်အပေါ်မှာ စွမ်းဆောင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးအပ်ခဲ့ခြင်း ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

ဘာရတ်အိုဘားမားဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့လို အမေရိကန်ပြည်ထောင်စုနဲ့ တစ်စိမ်းဆန်နေတဲ့နိုင်ငံတွေကို ကွဲပြားတဲ့လမ်းကြောင်းတစ်ခုနဲ့ ချဉ်းကပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အိမ်ဖြူတော်ကို လာခဲ့တာပါ။ လွန်ခဲ့တဲ့လများအတွင်းမှာ အဆိုပါနိုင်ငံများအားလုံးမှာ အလုံးစုံ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေနဲ့ အလွန် စိတ်ဝင်စားဖို့ကောင်းတာတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ဂျီနီဗာမှာ အီရန်နဲ့စကားပြောခြင်းကနေ ရလဒ်တွေ ကျွန်တော်တို့ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ပြောဆိုဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားကထွက်ပေါ်လာတဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတချို့လည်း ပြက်ခနဲရှိခဲ့ပါတယ်။

သမ္မတအိုဘားမား ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့လုံခြုံရေးတည်ဆောက်မှုကို ကြိုးစားခြင်းနဲ့ပတ်သက်လို့ အရေးအကြီးဆုံးအရာကတော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ အိမ်ဖြူတော်မှာရှိခဲ့တဲ့ တခြား မည်သည့်သမ္မထက်မဆို သူ့ရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စကို ပြောဆိုမှုဟာ အားသွန်းခွန်စိုက်ရှိခဲ့ပါတယ်။

အတိတ်က သမ္မတတွေဟာလည်း ဒီကိစ္စကို ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီသမ္မတလို ဒိုးဒိုးဒေါက်ဒေါက်နဲ့ စိတ်လိုက်မာန်ပါပြောတာ ရှားပါတယ်။ ဒါဟာ အရင်တုန်းက မကြုံဖူးခဲ့တဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ သီတင်းပတ်က ချမှတ်ခဲ့တဲ့ ကန့်ကွက်မှုမရှိ ထောက်ခံကြတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နျူလက်နက်ဖြုတ်သိမ်းမှုဆုံးဖြတ်ချက်နဲ့ ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ နျူလက်နက်လျှော့ချရေးတွေဟာ ရှေ့ကို တက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

အမေရိကန်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးစီးဦးဆောင်နေရာနဲ့ တာဝန်ယူမှု ပိုကြီးမားလာတယ်လို့ယူဆဖို့ အလားအလာဟာ လွန်ခဲ့တဲ့နှစ်များအတွင်း ပိုမို မြင့်တက်လာခဲ့ပါတယ်။ နိုဘယ်ကော်မတီဟာ ဒီအပြောင်းအလဲတွေနဲ့ အလားအလာတွေကို သိမြင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေဟာ ဆုကိုပေးအပ်ရခြင်းရဲ့ အကြောင်းရင်းတွေပါပဲ…။

◄ တေဇာ ► အောက်တိုဘာ (၁၀) ၂၀၀၉
Source: BBC

Comments

  1. ဒေါက်တာ ဘိတ်ဂေးလ် ရဲ့ အမြင်ကို လက်ခံပါတယ်..။အကောင်းမြင်သက်သက်ချည်း မဟုတ်ပါဘူး..။ပြီးခဲ့တဲ့ အိုးဘားမားရဲ့ သမ္မတ သက်တမ်း အချိန်တိုကာလအတွင်းမှာကို သူအနည်းးအကျဉ်းတော့ လုပ်ဆောင်ပြခဲ့နိုင်ပါတယ်.။ အပြုသဘောလုပ်ဆောင်ရာမှာတောင် ခက်ခဲနေတဲ့ နိုင်ငံတကာရေးရာ အသိုက်အဝန်းမှာ သူဟာ နည်းနည်းပဲဖြစ်ဖြစ် အရာထင်ခဲ့ပါတယ်.။ဒါဟာ တကိုယ်ကောင်း သက်သက် လို့ ထင်ရပေမယ့် ကမ္ဘာမှာ အမေရိကန်ဟာ မျက်နှာကြီး နိုင်ငံ တခုဖြစ်နေဆဲပါ။ ဘုရှ် လက်ထက်က အစတွေကို အိုးဘားမားဟာ တတ်နိုင်သမျှ လိုက်သိမ်းနိုင်ခဲ့ပါတယ်..။အနာဂတ်လမ်းမှာ သူဘာတွေ စွမ်းဆောင်မလဲဆိုတာကိုလည်း ( နိုဘယ်လ်ဆု ပေးခြင်းအားဖြင့်).ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ ရှိမှာပါ..။ ဆက်လက် ရှုစားကြတာပေါ့..ဗျာ..

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ