ဆင့်ကဲဖြစ်စဉ်အကြောင်း ရေးဆွဲထားတဲ့ ပုံမှန်ကာတွန်းများတွင် အမြဲတမ်း ရှေ့သို့သာ မျှော်ကြည့်ကြသည်။ ငါးတစ်ကောင် ပင်လယ်ထဲမှ ခုန်တက်လာပြီး လမ်းလျှောက်သည်။ တဖြည်းဖြည်းဖြင့် ပို၍ပို၍ အပေါ်သို့ မတ်မတ်ဖြောင့်ဖြောင့် ဖြစ်လာသည်။ သို့မဟုတ် လူသားတူမျိုးစိတ်များ မျဉ်းတန်းအတိုင်း လျှောက်နေမည်။ တစ်ခုချင်းစီမှာ ပို၍ပို၍ ထောင်မတ်လာပြီး နောက်ဆုံးတွင် လူသားအသွင်အပြင် ဖြစ်သွားမည်။ အမြဲတမ်း ဤသို့သာ အမှန်တရားဖြစ်မည်ဟု ကျွန်တော်တို့ ယူဆခဲ့ကြသည်။ ဆင့်ကဲဖြစ်စဉ်စကားရပ်အရ အချိန်၏မြားဦးသည် အရှေ့သို့သာ ဦးတည်နေပေသည်။
သို့သော် မကြာသေးခင်ကအထိ သိပ္ပံပညာရှင်များအနေဖြင့် ၁၉၀၅ ခုနှစ်က ပထမဆုံးအဆိုပြုခဲ့သော အဆိုပါ ဇီဝဗေဒဥပဒေသကို အမှန်တကယ် စမ်းသပ်မကြည့်ဖူးခဲ့သေးပါ။ ဆင့်ကဲဖြစ်စဉ်သည် ပြောင်းပြန် ပြန်မစီးနိုင်ဘူးလား။ ဇီဝဖြစ်စဉ်ကြီးတစ်ခုလုံးသည် ကျွန်တော်တို့၏ မြစ်ဖျားခံလာရာ ဘိုးဘေးဘီဘင် မျိုးစိတ်များဆီသို့ ပြန်လည်ဆင်းသက်သွားမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ သို့သော် ကျွန်တော်တို့ကို တည်ဆောက်ထားတဲ့ ပရိုတိန်းများသည် မည်သို့ပါလဲ။ တူညီသောအခြေအနေတစ်ရပ်တွင် နောက်ပြန်ရွေ့လျော ဖို့ရာ နည်းလမ်းမတွေ့နိုင်ဘူးလား။
အဖြေက “မရှိပါ” ဟု ထွက်လာသည်။
အော်ရဂွန် (Oregon) တက္ကသိုလ် သုတေသနအဖွဲ့က Glucocorticoid Receptor ဟု ခေါ်သည့် ပရိုတိန်းကို နောက်ပြန်နိုင်ရန် အထူးပြု ကြိုးစားခဲ့ကြသည်။ ယနေ့ခေတ်လူသား၏ ဆဲလ်တည်ဆောက်မှုပုံစံကို ထုတ်လုပ်လိုက်သော ဘိုးဘေးဘီဘင်တို့၏ အခြေအနေသို့ ပြောင်းပြန်စီးပြီး ပြန်လှည့်နိုင်စေရန်ဖြစ်သည်။ ပြောင်းလဲမှုတွင် အဆင့်နှစ်ဆင့်ရှိကြောင်း သူတို့ ရှာဖွေတွေ့ရှိရသည်။ တသီးတခြားစီဖြစ်သော ပြောင်းလဲခြင်း အုပ်စုနှစ်စုဖြစ်သည်။ ပြဿနာက ကွဲပြားနေသော ပြောင်းပြန်ဖြစ်စဉ် ကလပ်စတာအုပ်စုတစ်ခုစီတွင် ဆဲလ်အသေများကိုသာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ မည်သည့်အုပ်စုကို အရင်ရွေးရွေး ရှင်သန်နိုင်ခြင်းမရှိကြောင်း Nature မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ တနည်းအားဖြင့်ဆိုရလျှင် ပရိုတိန်းသည် ဘိုးဘေးများ၏ဇီဝဖြစ်စဉ်များဆီသို့ ဦးတည်သွားနိုင်သည့် ပိုမိုကောင်းမွန်သည့် အခြေတစ်ရပ်ကို သဘာဝအရ ရွေးချယ်နိုင်ခြင်း မရှိဟု ဆိုရမည်။
ဆင့်ကဲဖြစ်စဉ်သည် အနာဂတ်ဆီသို့ တံခါးဖွင့်ပေးခဲ့ပါသည်။ သို့သော် အဆိုပါတံခါးမှာ ကျွန်တော်တို့၏ နောက်ကျောတွင် ခိုင်မြဲစွာ ပိတ်ဆို့သွားပြီ ဖြစ်ဟန်တူပါသည်။
◄ တေဇာ ► အောက်တိုဘာ (၁၀) ၂၀၀၉
Source: IHT

ခုတလော ဘာသာပြန်တွေကို ကြည့်ပြီး ဘာသာတရားတွေ။ ဆင့်ကဲဖြစ်စဉ်တွေမှာ စိတ်တော်တော်ညွတ်နေတယ်လို့ ထင်မိပါတယ်။
ReplyDeleteထပ်ကြိုးစားပါ။ ဘုန်းကြီးဖြစ်ဖို့ နီးနေပြီ :P